ဘောမတွေလမ်းဘေးအိပ်ရတာတော်တော်ကြိုက်တယ်

ချမ်းမြသာစည်မြို့နယ်၊ ဆ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တပည့် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ မကွေးမြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ဆ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တပည့် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၃၀ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ဆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်ဇော်၏ တပည့် ၂ ဦးကို ၆၈ × ၁၀၉ လမ်းကြားရှိ ပန်းခြံ အနီးတွင် အမည်မသိ သေနတ်များက ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန် ၁ ဦးမှာ ဆေးရုံတွင် ပြင်းထန် ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး ခင်ဇော်ကို လုပ်ဖို့လာတာ အုပ်ချုပ်ရေးမှူးက ကံကောင်းချင်တော့ နေမကောင်းတော့ ဆေးရုံ တတ်နေရတယ်။ ခင်ဇော်ကို ရှင်းဖို့ လာတဲ့အချိန် သူ့တပည့် ၂ ကောင်က ဆေးရုံ သွားဖို့ လုပ်နေတာ အဲ့တာနဲ့ အဲ့ ၂ ကောင်ကို ရှင်းလိုက်တာ ၁ ကောင်က ပွဲချင်းပြီးသေသွားတယ်။ ၁ ကောင်က ရှင်သေးတယ် ဆေးရုံမှာ မသေသေးဘူး။ အခြေအနေ မကောင်းဘူး။ အခုထိ ကျည်ဆံ ထုတ်မပေးဘူး ကြားတယ်။ သေသွားတဲ့ ကောင်ရဲ့ အမည်တော့ မသိရဘူး ဘယ်က ကောင်တွေမှန်းမသိဘူး ခေါ်ထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မကွေးမြို့နယ်၊ ကန်တော်ကျေးရွာအတွင်း ပျူစောထီးစာရင်းများ ကောက်ခံနေသော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စိုးလှိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မကွေးပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)၊ Yaw Defense Force (YDF)၊ မကွေးမြို့နယ် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူများနှင့် ပျူစောထီးစာရင်းကောက်ခံသူများ၊ ပျူစောထီးသင်တန်းသားများ၏ စာရင်းကို တော်လှန်ရေး တပ်ဖွဲ့များ လက်ခံရရှိထားပြီး စစ်တပ် အလိုကျ ဆက်လက် လုပ်ဆောင်နေသူများကို ထပ်မံ တိုက်ခိုက်သွားမည်ဟု မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဆ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး၏ တပည့္ ၂ ဦး ပစ္ခတ္ခံရၿပီး ၁ ဦးေသဆုံး၊ မေကြးၿမိဳ႕နယ္တြင္ စစ္တပ္ အတြက္ အလုပ္လုပ္ေပးေနသူ ၁ ဦး ပစ္ခတ္ခံရၿပီး ေသဆုံး
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂
မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဆ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး၏ တပည့္ ၂ ဦး ပစ္ခတ္ခံရၿပီး ၁ ဦးေသဆုံးေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ဇန္နဝါရီ ၃၀ ရက္ေန႔တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဆ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ခင္ေဇာ္၏ တပည့္ ၂ ဦးကို ၆၈ × ၁၀၉ လမ္းၾကားရွိ ပန္းၿခံ အနီးတြင္ အမည္မသိ ေသနတ္မ်ားက ပစ္ခတ္ တိုက္ခိုက္ရာ ၁ ဦး ပြဲခ်င္းၿပီး ေသဆုံးၿပီး က်န္ ၁ ဦးမွာ ေဆး႐ုံတြင္ ျပင္းထန္ ဒဏ္ရာမ်ားျဖင့္ ေဆးကုသမႈ ခံယူေနရေၾကာင္း သိရသည္။
“အုပ္ခ်ဳပ္ေရးမႉး ခင္ေဇာ္ကို လုပ္ဖို႔လာတာ အုပ္ခ်ဳပ္ေရးမႉးက ကံေကာင္းခ်င္ေတာ့ ေနမေကာင္းေတာ့ ေဆး႐ုံ တတ္ေနရတယ္။ ခင္ေဇာ္ကို ရွင္းဖို႔ လာတဲ့အခ်ိန္ သူ႔တပည့္ ၂ ေကာင္က ေဆး႐ုံ သြားဖို႔ လုပ္ေနတာ အဲ့တာနဲ႔ အဲ့ ၂ ေကာင္ကို ရွင္းလိုက္တာ ၁ ေကာင္က ပြဲခ်င္းၿပီးေသသြားတယ္။ ၁ ေကာင္က ရွင္ေသးတယ္ ေဆး႐ုံမွာ မေသေသးဘူး။ အေျခအေန မေကာင္းဘူး။ အခုထိ က်ည္ဆံ ထုတ္မေပးဘူး ၾကားတယ္။ ေသသြားတဲ့ ေကာင္ရဲ႕ အမည္ေတာ့ မသိရဘူး ဘယ္က ေကာင္ေတြမွန္းမသိဘူး ေခၚထားတာ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
အလားတူ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကလည္း မေကြးၿမိဳ႕နယ္၊ ကန္ေတာ္ေက်း႐ြာအတြင္း ပ်ဴေစာထီးစာရင္းမ်ား ေကာက္ခံေနေသာ အၾကမ္းဖက္ စစ္တပ္အတြက္ အလုပ္လုပ္ေပးေနသူ စိုးလႈိင္ကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ပစ္ခတ္ တိုက္ခိုက္ရာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း မေကြးေတာင္ပိုင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
အဆိုပါ တိုက္ခိုက္မႈကို မေကြးေတာင္ပိုင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၊ မေကြးေျပာက္က်ားတပ္ဖြဲ႕၊ ေတာင္တြင္းႀကီး အထူးေျပာက္က်ားတပ္ဖြဲ႕၊ ေဒါင္းစစ္သည္ေျပာက္က်ားတပ္ဖြဲ႕ (နတ္ေမာက္)၊ Yaw Defense Force (YDF)၊ မေကြးၿမိဳ႕နယ္ ပကဖ တို႔က ပူေပါင္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
မေကြးၿမိဳ႕နယ္အတြင္းရွိ အၾကမ္းဖက္ စစ္တပ္ အတြက္ အလုပ္လုပ္ေပးေနသူမ်ားႏွင့္ ပ်ဴေစာထီးစာရင္းေကာက္ခံသူမ်ား၊ ပ်ဴေစာထီးသင္တန္းသားမ်ား၏ စာရင္းကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ား လက္ခံရရွိထားၿပီး စစ္တပ္ အလိုက် ဆက္လက္ လုပ္ေဆာင္ေနသူမ်ားကို ထပ္မံ တိုက္ခိုက္သြားမည္ဟု မေကြးေတာင္ပိုင္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က အသိေပး ထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *