မော်ချီး သတ္ထုတွင်း (ရုပ်/သံ)

တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်တဲ့ မော်ချီး သတ္ထုတွင်း (ရုပ်/သံ)

မေရီ၊ ဖေဖော်ရီ ၂၊ ၂၀၂၄

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ထဲမှာရှိတဲ့ မော်ချီးဒေသကို စစ်ကောင်စီတပ်တွေက ဆုတ်ခွာပေးလိုက်တာကြောင့် ကရင်နီတော်လှန်ရေးတပ်တွေဟာ သေနတ်တချက် မဖောက်လိုက်ရပဲ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ခဲမဖြူ၊ အဖြိုက်နက် နဲ့ တခြား သတ္ထုတွင်း လုပ်ငန်းတွေ ရှိတဲ့ မော်ချီးဒေသဟာ ဒုတိယ ကမ္ဘာစစ်ကာလကတည်း က ခဲထုတ်ယူ နေတဲ့ ကမ္ဘာကျော် ခဲမိုင်းတခုဖြစ်ပြီး စစ်တပ်အတွက်လည်း ဝင်ငွေလမ်းကြောင်း တခုဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မော်ချီးဒေသကို စစ်ကောင်စီက စွန့်ခွာသွားတာကြောင့် ဒီဒေသနဲ့ ဒေသတွင်းက လုပ်ငန်းတွေ ကရင်နီတော်လှန်ရေးတပ်တွေရဲ့ လက်အောက်ကို ရောက်ရှိလာခဲ့ပါပြီ။

စစ်ကောင်စီအတွက် ဝင်ငွေနဲ့ လက်နက်လုပ်ကိုင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေရရှိနေတဲ့ ကရင်နီပြည်ထဲက မော်ချီးဒေသကို စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတာဟာ ကရင်နီပြည်ထဲ စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ စစ်ရေးအခြေအနေကို ဖော်ပြနေတာဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *