မူးရင်မမောင်းနဲ့လေ ခုတော့လမ်းဘေးရောက်ဘီ

ကော့သောင်းသတင်းရဲတပ်ဖွဲ့ရုံးမှ တပ်ကြပ် သေနတ်ဖြင့် ပစ်သတ်ခံရ ဇော်ရမ်း/People’s Spring တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့တွင် စစ်ကောင်စီ၏ ကော့သောင်းမြို့ သတင်းရဲတပ်ဖွဲ့ရုံး(SB)မှ တပ်ကြပ်နှင့် ၎င်း၏ ဖခင်ဖြစ်သူတို့ စီးနင်းလာသည့် အိမ်စီးကား ပစ်ခတ်ခံရပြီး နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)နံနက် ၁၁ နာရီခန့်က ဖခင်ဖြစ်သူအား ခမောက်ကြီးမြို့ မာရမ်းကျေးရွာရှိ နေအိမ်သို့ လိုက်လံပို့ဆောင်စဥ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု သိရသည်။”ကားနဲ့လာတာ။ သတင်းအတိအကျရတာ။ အဲ့ဒီ(သတင်းရဲတပ်ဖွဲ့)အရာရှိကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းတာ။ သူနဲ့အတူ အဖော်တယောက်ပါသေတယ်”ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။သေဆုံးသူ သတင်းရဲတပ်ဖွဲ့မှ တပ်ကြပ်သည် နေစိုးဦးဟု သိရသည်။စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များ၌ နေစိုးဦးသည် ၎င်းတို့ အားကိုးရသည့် စုံစမ်းထောက်လှမ်းရေးကျွမ်းကျင်သော စပိုင် တစ်ဦးဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။ (သတင်းရဲတပ်ဖွဲ့မှ တပ်ကြပ်နှင့် ဖခင်ဖြစ်သူတို့ ပစ်ခတ်ခံရသည့်ကားအား တွေ့ရစဉ်။ ဓာတ်ပုံ – စကစ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *