သံချပ်ကား၂ဒါဇင် နီးပါးအဘက လှုပါတယ်တဲ့🙏😇👇👇

စစ်ကောင်စီရဲ့ တင့်ကားနဲ့ သံချပ်ကား နှစ်ဒါဇင်နီးပါး၊ ဒုံးပစ်လောင်ချာ ခုနစ်စင်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ MNDAA ပြောဖေဖော်ဝါရီ၊ ၂ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့သံချပ်ကာနဲ့ တင့်ကား ၂၃ စီး၊ ဒုံးပစ်လောင်ချာ (ဒုံးတင်ယာဉ်) ခုနစ်စင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ဂဏန်း သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ပါတယ်။

MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသက မြို့ခြောက်မြို့၊ နယ်စပ်ကုန်သွယ်ရေးဂိတ် လေးခု၊ စစ်စခန်း သုံးရာကျော်နဲ့အထက်ပါ တင့်ကား၊ သံချပ်ကားနဲ့ ဒုံးတင်ယာဉ်တွေအပါအဝင် လက်နက်ခဲယမ်း ထောင်ချီ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က တရုတ်ဘာသာနဲ့ ထုတ်ပြန်ထားတာပါ။သိမ်းဆည်းရမိခဲ့တဲ့အထဲ သံချပ်ကားယာဉ် ၁၉ စီး၊ တင့်ကား လေးစီး ပါဝင်ပြီး အဲဒီအထဲက ငါးစီးကတော့ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ MNDAA ခေါင်းဆောင်ဟောင်း ဖုန်ကျားရှင်နဲ့ ဖုန်ကျားဖူးတို့ရဲ့ အုတ်ဂူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ဂါရဝပြုခဲ့ကြောင်း MNDAA ရဲ့တရုတ်ဘာသာနဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာက ထုတ်ပြန်ထားပြီး တိုက်ပွဲရလဒ်တွေကိုလည်း ထည့်သွင်းဖော်ပြထားတာပါ။ကိုးကန့်ဒေသ တိုက်ပွဲ ၇၁ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးထောင်ကျော် သေဆုံးခဲ့ပြီး နှစ်ထောင်လောက် ဖမ်းမိခဲ့ကာ ဒဏ်ရာရသူလည်း ထောင်ဂဏန်းရှိကာ မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ မြန်မာ့စစ်ပွဲသမိုင်းမှာ စံချိန်တင်တိုက်ခိုက်နိုင်ခဲ့တာလို့ MNDAA က ကြွေးကြော်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ဗိုလ်ချုပ်ခုနစ်ဦးကိုလည်း မတိုက်ခိုက်ရဘဲ အညံ့ခံစေခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။ MNDAA တပ်ဖွဲ့ဟာ တအာင်းတပ် TNLA ၊ AA တို့နဲ့အတူ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကြေညာပြီး ရှမ်းမြောက်မှာပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်က စလို့ ထိုးစစ်ဆင်ခဲ့တာပါ။အဲ့ဒီနောက်နှစ်လကျော်အတွင်း MNDAA က ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခေါင်းဆောင်ဟောင်း ညီအကိုနှစ်ဦးဖြစ်တဲ့ ဖုန်ကျားရှင်နဲ့ ဖုန်ကျားဖူး ညီအကိုနှစ်ဦးရဲ့အုတ်ဂူတွေကို ဖုန်ကျားရှင်ရဲ့သား ဖုန်တာ့ရွှင် ဦးဆောင်တဲ့ လက်ရှိ MNDAA ခေါင်းဆောင်တွေက ဇန်နဝါရီလကုန်ပိုင်းမှာ သွားရောက်ဂါရဝပြုခဲ့ကြတာပါ။ကိုးကန့်ဒေသထဲက စစ်ကောင်စီအင်အားစုတွေအားလုံးကို တိုက်ခိုက်ဖယ်ရှားနိုင်ခဲ့ပြီး အထူးဒေသ(၁)ရဲ့ နိုင်ငံရေးအာဏာနဲ့ စီရင်ပိုင်ခွင့်တွေကို အပြည့်အဝပြန်လည်ရရှိခဲ့ပြီဖြစ်တဲ့အကြောင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ခေါင်းဆောင်ဟောင်းနှစ်ဦးကို သွားရောက်အသိပေးခဲ့တာလို့လည်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က တအာင်းဒေသ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့သလို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ နိုဝင်ဘာ ၁၃ ရက်ကစလို့ ထိုးစစ်တွေ စခဲ့တဲ့ ရခိုင့်တပ်တော် AA ဟာလည်း ပလက်ဝဒေသတခုလုံးနဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့တွေကို အပြီးသတ်သိမ်းပိုက်ထားပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ရှမ်းမြောက်မှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တရုတ်နိုင်ငံရဲ့ကြားဝင်ပေးမှုအရ ဇန်နဝါရီ ၁၁ ရက်ညပိုင်းကစလို့ အပစ်ရပ်ထားကြပြီး ကိုးကန့်နဲ့ တအာင်းဒေသတွေမှာ MNDAA နဲ့ TNLA တို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေကို စတင်အသက်သွင်း လည်ပတ်နေပါတယ်။ကိုးကန့်ဒေသ အပါအဝင် ရှမ်းမြောက်တိုက်ပွဲတွေနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ကာလုံအစည်းအဝေးမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ကို ပြစ်တင်ပြောဆိုခဲ့ပေမယ့် စစ်ရှုံးခဲ့တဲ့ အခြေအနေတွေကိုတော့ ဝန်ခံရှင်းလင်း ပြောဆိုခဲ့တာ မရှိပါဘူး။

တပ်မိသားစုဝင်တွေကို ဦးတည်တိုက်ခိုက်ခံလာရတာကြောင့် နေရာတချို့ကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာပေးခဲ့ရတယ်လို့ပဲ ကာကွယ်ပြောဆိုပါတယ်။ကိုးကန့်နဲ့ တအာင်းဒေသတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ် သတ်မှတ်ပေးထားပေမယ့် MNDAA က အထူးဒေသ(၁)အနေနဲ့ အာဏာပြန်လည်တည်ဆောက်လိုတာ၊ TNLA က ၂၀၀၈ က ပေးထားတာထက်ပိုပြီး အာဏာလိုချင်တာကြောင့် အခုလို တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာလို့ စစ်ခေါင်းဆောင်က ဝေဖန်ပါတယ်။နယ်စပ်ကုန်သွယ်ရေးကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံချင်း တရားဝင်ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ကိုးကန့်အထူးဒေသမှာလည်း ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပြီး ဒီအချက်ကို လျစ်လျူရှုမယ်ဆိုရင် စစ်ဘုရင်ဝါဒကို အသက်သွင်းမှုသာ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုထားပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရှမ်းမြောက်ဒေသအများစုကို လက်လွှတ်ခဲ့ရပြီးနောက် စစ်ခေါင်းဆောင်က အဲဒီဒေသတွေကို ထိန်းချုပ်ထားတဲ့ တပ်ဖွဲ့တွေနဲ့ဆွေးနွေးညှိနှိုင်းကာ ၂၀၀၈ အခြေခံဥပဒေ အောက်ကနေ သဘောတူညီမှုတွေ ပြန်ရနိုင်ဖို့ မျှော်မှန်းထားကြောင်း သူ့ရဲ့ပြောစကားတွေအရ ယူဆရပါတယ်။ဓာတ်ပုံ – The Kokang #MNDAA #ရှမ်းမြောက် #တိုက်ပွဲ #လက်နက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *