ရေစကြိုမှာအကောင်အကြီးဆုံးဆိုပဲ

ရေစကြိုမြို့စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့အောင် ပစ်ခတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့အဝင်တွင် စစ်ကောင်စီ၏ မြို့နယ်စီမံကောင်စီအဖွဲ့ဝင်ဗိုလ်မှူးချမ်းမြေ့အောင်၏ကား ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) ညနေ ၅ နာရီခန့်က ခလရ(၂၅၇)တပ်မှ ရေစကြိုမြို့သို့လာသည့် မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့အောင်ကားအား မြို့အဝင်ဆိုင်းဘုတ်အနီး၌ ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူကရေစကြိုမှာအကြီးဆုံးကောင်။ အခြေအနေမကောင်းဘူးပြောတယ်။ ပခုက္ကူဆေးရုံက မနိုင်လို့ ပခုက္ကူ(၂၅၉)တပ်ထဲခေါ်သွားတယ်လို့သိရတယ်။သေနိုင်တယ်လို့ကြားတယ်။” ဟု ရေစကြို(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်ခံရသောနေရာသည် မြို့မရဲစခန်းနှင့်လည်း နီးကပ်ကြောင်း ​ရေစကြိုမြို့ခံများက ပြောသည်။

“မြို့မရဲစခန်း မြို့ဝင်ဆိုင်းဘုတ်နားကနေ စောင့်ပြီးပစ်တာလို့ကြားတယ်။ သေနတ်သံတွေ ဆက်တိုက်ကြားလိုက်ရတယ်”ဟု ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်၌ ပစ်ခတ်ခံရသောဗိုလ်မှူးမှာ ခြေထောက်ထိသွားသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထားသည်။

ရေစကြိုမြို့ပေါ်ရှိ စစ်အုပ်စုအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက မြို့ပေါ်အထိတက်ရောက်ကာ မကြာခဏတိုက်ခိုက်နေသည်။

ေရစႀကိဳၿမိဳ႕စီမံေကာင္စီအဖြဲ႕ဝင္ ဗိုလ္မႉးခ်မ္းေျမ့ေအာင္ ပစ္ခတ္ခံရ

မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳၿမိဳ႕အဝင္တြင္ စစ္ေကာင္စီ၏ ၿမိဳ႕နယ္စီမံေကာင္စီအဖြဲ႕ဝင္ဗိုလ္မႉးခ်မ္းေျမ့ေအာင္၏ကား ပစ္ခတ္တိုက္ခိုက္ခံရေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ (ေဖေဖာ္ဝါရီ ၄ ရက္) ညေန ၅ နာရီခန႔္က ခလရ(၂၅၇)တပ္မွ ေရစႀကိဳၿမိဳ႕သို႔လာသည့္ ၿမိဳ႕နယ္စီမံေကာင္စီအဖြဲ႕ဝင္ ဗိုလ္မႉးခ်မ္းေျမ့ေအာင္ကားအား ၿမိဳ႕အဝင္ဆိုင္းဘုတ္အနီး၌ ပစ္ခတ္တိုက္ခိုက္ခံရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“သူကေရစႀကိဳမွာအႀကီးဆုံးေကာင္။ အေျခအေနမေကာင္းဘူးေျပာတယ္။ ပခုကၠဴေဆး႐ုံက မႏိုင္လို႔ ပခုကၠဴ(၂၅၉)တပ္ထဲေခၚသြားတယ္လို႔သိရတယ္။ေသႏိုင္တယ္လို႔ၾကားတယ္။” ဟု ေရစႀကိဳ(ပကဖ)အဖြဲ႕၏ ျပန္ၾကားေရးတာဝန္ခံက ေျပာသည္။

တိုက္ခိုက္ခံရေသာေနရာသည္ ၿမိဳ႕မရဲစခန္းႏွင့္လည္း နီးကပ္ေၾကာင္း ​ေရစႀကိဳၿမိဳ႕ခံမ်ားက ေျပာသည္။

“ၿမိဳ႕မရဲစခန္း ၿမိဳ႕ဝင္ဆိုင္းဘုတ္နားကေန ေစာင့္ၿပီးပစ္တာလို႔ၾကားတယ္။ ေသနတ္သံေတြ ဆက္တိုက္ၾကားလိုက္ရတယ္”ဟု ေရစႀကိဳၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ျဖစ္စဥ္၌ ပစ္ခတ္ခံရေသာဗိုလ္မႉးမွာ ေျခေထာက္ထိသြားသည္ဟု စစ္ေကာင္စီက ဝါဒျဖန႔္ထားသည္။

ေရစႀကိဳၿမိဳ႕ေပၚရွိ စစ္အုပ္စုအား ေဒသတြင္းေတာ္လွန္ေရးအင္အားစုမ်ားက ၿမိဳ႕ေပၚအထိတက္ေရာက္ကာ မၾကာခဏတိုက္ခိုက္ေနသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *