မွှင်းခါးပွဲကြီးတစ်ပွဲနဲ့လိုက်ပွဲ၃ပွဲ

မုံရွာမှာ ကျေးရွာများကို လှည့်စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ခန့်ရှိ ပျူနဲ့စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး+++++++++++++++ဖေဖော်ဝါရီ ၆ – ၂၀၂၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာများကို လှည့်စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ခန့်ရှိ ပျူနဲ့စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ်၂၃ အမဲလိုက်သိမ်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားနဲ့ တောပုကျေးရွာက ပျူစခန်းက ပျူများ ပူးပေါင်းစစ်ကြောင်းဟာ မုံရွာမြို့နယ်၊ ဘုဘကျေးရွာနဲ့ လယ်တော်ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ နဂါးတွင်းကျေးရွာဘက် ထွက်ခွာလာတဲ့လမ်းတနေရာမှာ တော်လှန်ရေးအင်အားစုများနဲ့ တစ်နာရီခွဲကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်းအမှတ်၂၃ ၊ BLDF၊ တိုက်နယ်(၃)ပကဖ၊ မဟာမိတ် တပ်ရင်းများဖြစ်‌တဲ့ မုံရွာခရိုင်တပ်ရင်း ၅၊ ၇၊ ၂၅၊ ၂၈၊ Local တပ်ပေါင်းစု၊ မုံရွာခရိုင် တပ်ရင်း ၁၃ ၊ တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အဲ့အထဲက မုံရွာခရိုင် တပ်ရင်း ၅ က ရဲဘော် ၁ ဦး ရရှိဒဏ်ရာနဲ့ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။ပုံစာ – မုံရွာခရိုင်တပ်ရင်းအမှတ်၂၃ က ရဲဘော်အချို့(ပုံဟောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *