စက်ရုံထဲထိတောင်ဝင်ဆော်တာ အုန်းအုန်းအုန်း

ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ စက်ရုံအတွင်းဝင်ရောက်ပြီး မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ( ကပစ ၂၂) ဝင်းအတွင်းသို့ ဝင်ရောက်ပြီး မိုင်းထောင်ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားဆိုး တစ်ကိုယ်တော် ပြောက်ကျား အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝရဇိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းအချိန် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ စက်ရုံ အတွင်းရှိ F လိုင်းခန်း အနီး မိုင်း ၃ လုံး ထောင်ထားခဲ့ရာ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၆ နာရီ ၄ မိနစ်အချိန်တွင် မိုင်း ၂ လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၂ ဦး သေ ဆုံးခဲ့ကြောင်း၊ ထပ်မံ၍ နံနက် ၈ နာရီအချိန်တွင် ကျန်တစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ ၃ ဦး အပြင်း အ ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထောင်ခဲ့တာက ညပိုင်းကတည်းက ထောင်ထားခဲ့တာ၊ မနက် ၆ နာရီ ၄ မိနစ်မှာကွဲတဲ့ ၂ လုံးဆက် တိုက်ကွဲတာက ၂ ယောက် ပွဲချင်းပြီး သေတာ၊ မနက် ၈ နာရီ မှာကွဲတာက ၃ ယောက်အပြင်းအထန် ဒဏ်ရာရ တာ၊ တပ်တွင်းကဆေးရုံမှာကုသနေတယ်၊ ကပစထဲမှာ A ခန်းတို့ B ခန်းတို့ အဲလိုတွေရှိ တာ၊ ထောင်ထားခဲ့တုန်းကတော့ ဘာအခန်းမှန်းမသိဘူး၊ ဝင်ရလို့သာထောင်ထားခဲ့လိုက်တာ၊ ပြန် သတင်းရမှ F ခန်းဆိုတာ သိရတာ၊” ဟု ဗိုလ်ကျားဆိုး တစ်ကိုယ်တော် ပြောက်ကျားအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဝရဇိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- မကွေးတိုင်းရှိ စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို စစ်ဆေးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

ဆိပ္ျဖဴၿမိဳ႕နယ္၊ ကပစ ၂၂ စက္႐ုံအတြင္းဝင္ေရာက္ၿပီး မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္မႈ စစ္ေကာင္စီ တပ္သား ၂ ဦးေသဆုံး
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၇
မေကြးတိုင္း၊ ဆိပ္ျဖဴၿမိဳ႕နယ္၊ အမွတ္ ၂၂ ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရးစက္႐ုံ( ကပစ ၂၂) ဝင္းအတြင္းသို႔ ဝင္ေရာက္ၿပီး မိုင္းေထာင္ေဖာက္ခြဲတိုက္ ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၂ ဦးေသဆုံးခဲ့ေၾကာင္း ဗိုလ္က်ားဆိုး တစ္ကိုယ္ေတာ္ ေျပာက္က်ား အဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဝရဇိန္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာၾကားသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ညပိုင္းအခ်ိန္ ဆိပ္ျဖဴၿမိဳ႕နယ္၊ ကပစ ၂၂ စက္႐ုံ အတြင္းရွိ F လိုင္းခန္း အနီး မိုင္း ၃ လုံး ေထာင္ထားခဲ့ရာ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ နံနက္ ၆ နာရီ ၄ မိနစ္အခ်ိန္တြင္ မိုင္း ၂ လုံးေပါက္ကြဲၿပီး စစ္ေကာင္စီတပ္သား ၂ ဦး ေသ ဆုံးခဲ့ေၾကာင္း၊ ထပ္မံ၍ နံနက္ ၈ နာရီအခ်ိန္တြင္ က်န္တစ္လုံး ထပ္မံေပါက္ကြဲခဲ့ရာ ၃ ဦး အျပင္း အ ထန္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“ေထာင္ခဲ့တာက ညပိုင္းကတည္းက ေထာင္ထားခဲ့တာ၊ မနက္ ၆ နာရီ ၄ မိနစ္မွာကြဲတဲ့ ၂ လုံးဆက္ တိုက္ကြဲတာက ၂ ေယာက္ ပြဲခ်င္းၿပီး ေသတာ၊ မနက္ ၈ နာရီ မွာကြဲတာက ၃ ေယာက္အျပင္းအထန္ ဒဏ္ရာရ တာ၊ တပ္တြင္းကေဆး႐ုံမွာကုသေနတယ္၊ ကပစထဲမွာ A ခန္းတို႔ B ခန္းတို႔ အဲလိုေတြရွိ တာ၊ ေထာင္ထားခဲ့တုန္းကေတာ့ ဘာအခန္းမွန္းမသိဘူး၊ ဝင္ရလို႔သာေထာင္ထားခဲ့လိုက္တာ၊ ျပန္ သတင္းရမွ F ခန္းဆိုတာ သိရတာ၊” ဟု ဗိုလ္က်ားဆိုး တစ္ကိုယ္ေတာ္ ေျပာက္က်ားအဖြဲ႕၏ ေျပာေရး ဆိုခြင့္ရွိသူ ဝရဇိန္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
ဓာတ္ပုံ- မေကြးတိုင္းရွိ စစ္တပ္ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရးစက္႐ုံကို စစ္ေဆးေနသည့္ အၾကမ္းဖက္ မင္းေအာင္လႈိင္။ (ပုံအေဟာင္းျဖစ္ပါသည္။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *