လနတပ်ဆင်ပေးပြီးရှေ့ထွက်ခိုင်းရင် အဝတ်အဖြူလေးပါဆောင်သွား

နေပြည်တော်နှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီတပ်ဖွဲဝင်များရှေ့၌ လူသားဒိုင်းအဖြစ် ကာကွယ်ရန် ပြည်သူ့စစ်များဖွဲ့စည်း

မြရာ/ဧရာ၀တီတိုင်းမ်

ဖေဖော်ဝါရီ ၇ ရက်

စစ်ကောင်စီက နေပြည်တော်ကို ပိုမိုကာကွယ်ရေးလုပ်ဆောင် နိုင်ရန်အတွက် စစ်ကောင်စီတပ်နှင့် ရဲအင်အားအပြင် ပြည်သူ့စစ်များကိုပါ နေပြည်တော်နယ်မြေနှင့် ပဲခူးတိုင်းအတွင်းတွင် ပြည်သူ့စစ်များစုဆောင်းလျက်ရှိ ကြောင်း သိရသည်။

နေပြည်တော်နယ်မြေအတွင်းတွင် ဇန်နဝါရီ ဒုတိယ အပတ်မှစတင်ပြီး လုံခြုံရေးအဆမတန်တိုးမြှင့်ကာ နေပြည်တော်နှင့်အနီးတဝိုက်ပတ်လည်တွင် အင်အား သုံးနိုင်ရန်အတွက် စစ်ကောင်စီဘက်မှနေ၍ ပြည်သူ့စစ်များအလျင်အမြန် စုဆောင်းနေကြောင်း နေပြည်တော်ရှိ ပြည်သူ့စစ်တစ်ဦးထံက သိရသည်။

နေပြည်တော်နယ်မြေအတွင်းရှိ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ်များသည် ရေတာရှည်မြို့နယ်ထဲမှ မြို့လှ နှင့် သာ၀တ္ထိမြို့နယ်များနှင့် ထိစပ်နေပြီး တော်လှန်ရေး အင်အာစုများ လှုပ်ရှားလာနိုင်သည့်အတွက် ၎င်းနယိမြေများတွင် အဓိကထား၍ ပြည်သု့စစ်များကို ဖွဲ့စည်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့က ပြည် သူ့စစ်များ လက်နက်တပ်ဆင်သည့်အခမ်းအနားကို တောင်ငူမြို့ လေတပ်ဌာနချုပ်၌ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြည်မြို့ရှိနယ်မြေခံတပ်ရင်း ခန်းမတွင် ပြုလုပ်ခဲ့ရာ ကစထမှူး-၃ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်နက်တပ်ဆင်ခံရသည့် ပျူစောထီးအများစုမှာ ရေတာရှည်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းသည့် ကြာအင်းကုန်း၊ တောင်အင်းကုန်းနှင့် ငှက်ပျောတောကျေးရွာများမှဖြစ်ကြောင်း စုံစမ်းသိရှိရပြီး တပ်ဆင်ပေးသည့် လက် နက်အရေအတွက်နှင့် ပျူစောထီးအင်အားကို စစ်ကောင်စီက ဖော်ပြထားခြင်းမရှိပေ။

ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များကို လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ခြင်းမျိုးမရှိဘဲ တပ်ဆင်ပေးသည့် လက်နက်များမှာလည်း BA 63 နှင့် ဒေသခံ PDF များထံမှ သိမ်းဆည်းရမိသည့် လက်လုပ်သေ နတ်တစ်ပတ်နွမ်းများသာဖြစ်ကြောင်း သိရသည်။

“ပျူတွေကို တပ်ဆင်ပေးထားတဲ့ လက်နက်တွေကိုကြည့်တာနဲ့ စကစမှာ လက်နက်ခဲယမ်းအလျဉ်မမီတာကိုပြနေတယ်။ ပျူတွေကိုလည်း အပြည့်အ၀မယုံ ကြည်တာလည်း ပါတာပေါ့။ ဒီပျူတွေကို တိုင်းရင်း သားဒေသတွေကိုလွှတ်ဖို့မရှိလောက်ဘူး။ မကွေး၊ စစ်ကိုင်းအတွက် ရည်ရွယ်ထားပုံရတယ်။ ဘယ်လိုပဲပြောပြော စစ်ရေးအတွေ့အကြုံ နှစ်နှစ်ကျော်ရှိထားတဲ့ Local PDF တွေက အရေးသာတာပေါ့”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

နေပြည်တော်နှင့် အနီးတဝိုက်ပတ်လည်တွင် တော် လှန်ရေးအင်အားစုများ အားကောင်းလာသည့်အတွက် ကြောင့် နေပြည်တော်သို့ စစ်ရေးတစ်စုံတရာရောက်ရှိ လာပါက နယ်မြေခံတပ်များကို ကာကင်းအဖြစ်ထားရှိပြီး ဖြစ်သော်လည်း ပြည်သူ့စစ် များကို နေပြည်တော်၏ အပြင်စည်းအဖြစ် ကာရံပေးရန်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“နေပြည်တော်နဲ့ ပဲခူးမှာ ပြည်သူ့စစ်ဖွဲ့တဲ့ပုံစံက ဘာမသိ၊ ညာမသိစစ်ရေးနားမလည်တဲ့ လူတစ်စုကို သူတို့ စကစ (စစ်ကောင်စီ)တပ်တွေအရှေ့ကနေ ကာပြီး Human Wave လူ သားဒိုင်းအနေနဲ့သုံးဖို့ ရည်ရွယ်တဲ့ပုံပေါ်နေတယ်။ ကြည့်ရှောင်ကြပေါ့” ဟု စစ်ရေး လေ့လာသုံးသပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပဲခူးတိုင်းရှိကျေးရွာများမှ တစ်ရွာလျှင် လူ ၂၀ မှ ၅၀ အထိ ပြည်သူ့စစ်ထဲ၀င်ရန် စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းခဲ့သည့်အတွက် ပဲခူးတိုင်းအတွင်း ရွာလုံးကျွတ် ထွက်ပြေးရသည့် ကျေးရွာများပင်ရှိကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-ပဲခူးတိုင်းအတွင်းရှိ ပြည်သူစစ်များကို လက်နက်တပ်ဆင်ပေးနေစဉ် နှင့် စစ်ကိုင်းတိုင်းရှိ ပြည်သူ့စစ်များ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *