ပြေးထားဝဋ်လည်နေတာ ပြည်ပြေးခဝေးတွေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်​ကောင်စီBGF ၆၃ ဦးထပ်မံထွက်​ပြေး၊​လေးရက်အတွင်းစစ်​ကောင်စီတပ်မှ ၃၂၇ ဦးထွက်​ပြေးခြင်းဖြစ်▪︎ထွက်​ပြေးစစ်​သားနှင့်နယ်ခြား​စောင့်ရဲများကိုစစ်​ကောင်စီပြန်လက်ခံရန်အသင့်ဟုဆို –

ရက္ခိုင့်တပ်​တော်-AA ၏ တိုက်ခိုက်မှု​ကြောင့် နယ်စပ်မှဖေ​ဖော်ဝါရီ ၇ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​လာ​သောစစ်​ကောင်စီ နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင် ၆၃ ဦးထပ်မံ​ရောက်ရှိလာပြီး ရက်ပိုင်းအတွင်းထွက်​ပြေးလာသူ ၃၂၇ ဦးရှိပြီဖြစ်​ကြောင်း bdnews 24 က​ဖော်ပြသည်။ဗုဒ္ဓဟူးနေ့ကထပ်မံထွက်​ပြေးလာသူများသည် Teknaf Upazila ရှိ Ulubonia နယ်ခြားမှတ်တိုင်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့​ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ထွက်​ပြေးလာ​​သောစစ်​ကောင်စီ နယ်​ခြား​စောင့်တပ်ဖွဲ့ဝင်များကို လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ထို​ကြောင့် လေးရက်အတွင်း စစ်​ကောင်စီတပ်ဖွဲ့ဝင် များ ၊နယ်ခြား​စောင့်ရဲများ အများစုအပါအဝင် ၃၂၇ ဦးမှာ နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေး လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြား​စောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Shariful Islam က သတင်းဌာနများကိုပြောသည်။ထိုထဲတွင် ၈ ဦးမှာ ကျည်မှန်ဒဏ်ရာရရှိပြီး ဆေးဝါးကုသ​ပေး​နေ​ကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။

ထို့အပြင် ၃၂၇ ဦးတွင် နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင် မိသားစုဝင်အမျိုးသမီးနှင့် က​လေးငယ် ၄ ဦးပါဝင်​ကြောင်လည်း bd news 24 က​ဖော်ပြသည်။ရက္ခိုင့်တပ်​တော်-AA က ​မောင်း​တောမြို့ နယ်၊ မြန်မာ-ဘင်္ဂလား​ဒေရှ်နယ်စပ်ရှိ စစ်​ကောင်စီ၏ တောင်ပြို (လက်ဝဲ/လက်ယာ) နယ်ခြားစောင့်တပ်စခန်းများနှင့် ဘဂ်လီ လက်နက်ကိုင်အဖွဲ့ ARA၊ RSO စခန်းတို့ကို ​ဖေ​ဖော်ဝါရီ ၄ ရက်မှ ၆ရက်အတွင်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်း ယ​နေ့(​ဖေ​ဖော်ဝါရီ ၇)ညတွင်ထုတ်ပြန်သည်။ ​တောင်ပြို (လက်ဝဲ ၊လက်ယာ) စခန်းများကို AAကစခန်းသိမ်းတိုက်ခိုက်စဥ် စစ်​သားနှင့် နယ်ခြား​စောင့်ရဲများမှာဘဂ်လား​ဒေရှ်သို့ ထွက်​ပြေးကြခြင်းဖြစ်သည်။တိုက်ပွဲဖြစ်ပွား​နေစဥ်စစ်​ကောင်စီတပ်မှ ပစ်ခတ်​သော လက်နက်ကြီးကျည်ထိမှန်၍ ဘဂ်လား​ဒေရှ်နိုင်ငံမှ ၂ ဦး​သေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအတွက် မြန်မညသံအမတ်ကြီးကို ​ဆင့်ခေါ်၍ဖေ​ဖော်ဝါရီ ၆ ရက်တွင် ဘဂ်လား​ဒေရှ်က အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ​​ဖေ​ဖော်ဝါရီ ၇ ရက်တွင်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က စစ်​ကောင်စီကထွက်​ပြေးစစ်သားနှင့် နယ်ခြား​စောင့်ရဲများကို ပြန်​ခေါ်ရန် အဆင့်သင့်ဖြစ်​နေပြီဖြစ်သည်ဟု မီဒီယာများကို​ပြောကြားခဲ့သည်။နယ်ခြား​စောင့်ရဲစခန်းများကို သိမ်းပိုက်စဥ် ဘဂ်လီလက်နက်ကိုင်အဖွဲ့ ARA နှင့် RSO တို့ကပါ စစ်​ကောင်စီလက်နက်ကိုင်အဖွဲ့များနှင့်ပူး​ပေါင်းခုခံ​သော​ကြောင့် ARA ၊ RSO စခန်းများကိုပါသိမ်းဆည်းခဲ့​ကြောင်း AA ကထုတ်ပြန်သည်။ ​တောင်ပြို (လက်ဝဲ ၊ လက်ယာ)စခန်းများနှင့် ARA ၊RSO စခန်းများမှသိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ၏ဓါတ်ပုံများကို ယဖေ​ဖော်ဝါရီ ၇ ညတွင် AA ကထုတ်ပြန်လိုက်သည်။( ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြား​စောင့်တပ်ဖွဲ့ဝင်များကို ဘဂ်လား​ဒေရှိ BGF များကစီစစ်​နေစဥ်။ဓါတ်ပုံ-bd news 24 ၊TBS)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *