ရန်ကုန်သားတွေနော် ဘာမှတ်နေလဲ

လှိုင်သာယာမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်သတိုး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က အသိပေးထားသည်။ဖေဖော်ဝါရီ ၇ ရက် ည ၇နာရီခန့်တွင် Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GODအဖွဲ့တို့ပူးပေါင်း၍ ယင်းတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။”ထိုအုပ်ချုပ်ရေးမှူးရုံးသည် ရဲ×၊ စစ်×နှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်×များ အခြေချ စုဝေးရာဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်”ဟု Dark Shadow အဖွဲ့က ဆိုသည်။ရခိုင်ရိုးလေး ကျေးရွာဘက်၌ ပေါက်ကွဲမှုဖြစ်သည်ဟုကြားရပြီး ထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။Dark Shadow အဖွဲ့သည် မဟာမိတ် GOD အဖွဲ့နှင့်အတူ ယမန်နေ့နေ့လည်က စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်ရှိ စစ်ကောင်စီဘန်ကာကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။”နောက်ပစ်မှတ်များကိုလဲ ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီနှင့်ပတ် သတ်သော နေရာများ၊ စစ်ကောင်စီ မှ ရဲ×၊ စစ်×နှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်×များ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” ဟု Dark Shadow ၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။လှိုင်သာယာမြို့နယ်အတွင်း၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသည် တော်လှန်ရေးအင်အားစုများ၏တိုက်ခိုက်မှုများကို မကြာခဏခံလေ့ရှိပြီ ဒီဇင်ဘာ ၃၁ ရက်ကလည်း အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် အုပ်ချုပ်ရေးပိုင်းနှင့်ပတ်သက်သည့်နေရာ ခြောက်နေရာကို ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *