ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ကောင်စီBGF ၆၃ ဦးထပ်မံထွက်ပြေး၊လေးရက်အတွင်းစစ်ကောင်စီတပ်မှ ၃၂၇ ဦးထွက်ပြေးခြင်းဖြစ်▪︎ထွက်ပြေးစစ်သားနှင့်နယ်ခြားစောင့်ရဲများကိုစစ်ကောင်စီပြန်လက်ခံရန်အသင့်ဟုဆို –
ရက္ခိုင့်တပ်တော်-AA ၏ တိုက်ခိုက်မှုကြောင့် နယ်စပ်မှဖေဖော်ဝါရီ ၇ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလာသောစစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆၃ ဦးထပ်မံရောက်ရှိလာပြီး ရက်ပိုင်းအတွင်းထွက်ပြေးလာသူ ၃၂၇ ဦးရှိပြီဖြစ်ကြောင်း bdnews 24 ကဖော်ပြသည်။ဗုဒ္ဓဟူးနေ့ကထပ်မံထွက်ပြေးလာသူများသည် Teknaf Upazila ရှိ Ulubonia နယ်ခြားမှတ်တိုင်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ထွက်ပြေးလာသောစစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ထိုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များ ၊နယ်ခြားစောင့်ရဲများ အများစုအပါအဝင် ၃၂၇ ဦးမှာ နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေး လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Shariful Islam က သတင်းဌာနများကိုပြောသည်။ထိုထဲတွင် ၈ ဦးမှာ ကျည်မှန်ဒဏ်ရာရရှိပြီး ဆေးဝါးကုသပေးနေကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။
ထို့အပြင် ၃၂၇ ဦးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် မိသားစုဝင်အမျိုးသမီးနှင့် ကလေးငယ် ၄ ဦးပါဝင်ကြောင်လည်း bd news 24 ကဖော်ပြသည်။ရက္ခိုင့်တပ်တော်-AA က မောင်းတောမြို့ နယ်၊ မြန်မာ-ဘင်္ဂလားဒေရှ်နယ်စပ်ရှိ စစ်ကောင်စီ၏ တောင်ပြို (လက်ဝဲ/လက်ယာ) နယ်ခြားစောင့်တပ်စခန်းများနှင့် ဘဂ်လီ လက်နက်ကိုင်အဖွဲ့ ARA၊ RSO စခန်းတို့ကို ဖေဖော်ဝါရီ ၄ ရက်မှ ၆ရက်အတွင်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ယနေ့(ဖေဖော်ဝါရီ ၇)ညတွင်ထုတ်ပြန်သည်။ တောင်ပြို (လက်ဝဲ ၊လက်ယာ) စခန်းများကို AAကစခန်းသိမ်းတိုက်ခိုက်စဥ် စစ်သားနှင့် နယ်ခြားစောင့်ရဲများမှာဘဂ်လားဒေရှ်သို့ ထွက်ပြေးကြခြင်းဖြစ်သည်။တိုက်ပွဲဖြစ်ပွားနေစဥ်စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဘဂ်လားဒေရှ်နိုင်ငံမှ ၂ ဦးသေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအတွက် မြန်မညသံအမတ်ကြီးကို ဆင့်ခေါ်၍ဖေဖော်ဝါရီ ၆ ရက်တွင် ဘဂ်လားဒေရှ်က အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်တွင်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က စစ်ကောင်စီကထွက်ပြေးစစ်သားနှင့် နယ်ခြားစောင့်ရဲများကို ပြန်ခေါ်ရန် အဆင့်သင့်ဖြစ်နေပြီဖြစ်သည်ဟု မီဒီယာများကိုပြောကြားခဲ့သည်။နယ်ခြားစောင့်ရဲစခန်းများကို သိမ်းပိုက်စဥ် ဘဂ်လီလက်နက်ကိုင်အဖွဲ့ ARA နှင့် RSO တို့ကပါ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်းခုခံသောကြောင့် ARA ၊ RSO စခန်းများကိုပါသိမ်းဆည်းခဲ့ကြောင်း AA ကထုတ်ပြန်သည်။ တောင်ပြို (လက်ဝဲ ၊ လက်ယာ)စခန်းများနှင့် ARA ၊RSO စခန်းများမှသိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ၏ဓါတ်ပုံများကို ယဖေဖော်ဝါရီ ၇ ညတွင် AA ကထုတ်ပြန်လိုက်သည်။( ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ဘဂ်လားဒေရှိ BGF များကစီစစ်နေစဥ်။ဓါတ်ပုံ-bd news 24 ၊TBS)