ရှေ့နှစ်လှမ်းတိုးဖို့နောက်တစ်လှမ်းဆုတ်ပေးတာ ဘေမတွေပျော်မနေနက်

ကောလင်းမြို့၏နေရာအများစုကို တော်လှန်ရေးတပ်များ ယာယီ ခေတ္တ စွန့်ခွာပေးရမှုအပေါ် NUG နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ရှင်းလင်း■ ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် မြို့အတွက် ထည့်သွင်းစဉ်းစားပြီး ရှေ့တိုးရန် နောက်တစ်လှမ်းဆုတ်ခဲ့ဟုဆိုရန်ကုန်၊ ဖေဖော်ဝါရီ ၁၈စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အကြမ်းဖက် စစ်တပ်က မြေပြင်၊ လေကြောင်းတို့ဖြင့် အင်အားအလုံးအရင်းသုံး၍ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားပြီး ခေတ္တ စွန့်ခွာ ပေးလိုက်ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ-NUG နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်မှစတင်ကာ အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲ၍ ကောလင်းမြို့ တောင်ဘက်နှင့် မြောက်ဘက်မှ စတင် ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီး ပစ်ကူများ လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန်တိုက်ခဲ့ကြောင်း သိရသည်။အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ကောလင်းမြို့ကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ အပြင်းအထန်းဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူများ၏ လုံခြုံရေး အခြေအနေ စိုးရိမ်ရသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ခေတ္တစွန့်ခွာပေးလိုက်ကြောင်း သိရှိရသည်။”ကောလင်းကတော့ သူတို့သာလွန် အင်အားတွေနဲ့ စစ်ကြောင်းတွေထိုးတယ်။ လေယာဉ်ပျံတွေနဲ့ ဗုံးကျဲတယ်။ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ မြို့အတွက် ထည့်ပြီးစဉ်းစားတာရှိတယ်။ ပြီးတော့ စစ်ရေးနည်းဗျူဟာ အရလည်း ကျွန်တော်တို့တွေ မလိုအပ်ဘဲနဲ့ ကျွန်တော်တို့ အကျအရှုူံးတွေကို တတ်နိုင်သမျှ နည်းအောင်နောက် အထူးသဖြင့် ပြည်သူလူထုတွေရဲ့ လုံခြုံရေး အသက်အိုးအိမ် သူတို့ရဲ့ အိမ်ရာတွေ အတွက်ပါ ထည့်သွင်းစဉ်းစားပြီးတော့ အခုတော့ ကောလင်းမြို့ရဲ့ အများစုက အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်တွေ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့မှာ စစ်ရေးမှာကျတော့ တစ်ခါတစ်ခါကျရင် ရှေ့တက်မယ့် နှစ်လှမ်းအတွက် နောက်တစ်လှမ်းပြန်ဆုတ်တာရှိတယ်။ အခုကောလင်းမြို့ရဲ့ အခြေအနေကတော့ အဲအတိုင်းဖြစ်ပါတယ်။ ရှေ့နှစ်လှမ်း၊ သုံးလှမ်းတက်မယ့် အတွက်ကို နောက်တစ်လှမ်းကို ဒီအကြောင်း အမျိုးမျိုးကြောင့် အထူးသဖြင့် အရပ်သားပြည်သူ လူထုတွေအတွက် ထည့်သွင်းစဉ်းစားပြီးတော့ ကျွန်တော်တို့ ဒီဆုံးဖြတ်ချပြီးတော့ တချို့ ခေတ္တစွန့်ခွာပေးလိုက်တာဖြစ်ပါတယ်” ဟု NUG အစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောဆိုသည်။လက်ရှိတွင် ကောလင်းမြို့ပတ်ဝန်းကျင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *