ဒီလိုကောင်တွေကို ရှ-င်းပစ်မှရပ်ရွာအေးချမ်းမယ်

ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော သစ်တော ဝန်ထမ်း ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ် လုပ်ပေးနေသော သစ်တော ဝန်ထမ်း ၅ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးစလုံး သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကုန်ရွာကျေးရွာမှ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော သစ်တောဝန်ထမ်း ၅ ဦးဖြစ်သည့် ကျော်ဆန်းဝင်း၊ ကျော်စွာဝင်း၊ ခင်ရင်၊ ဇော်ဝင်းနှင့် သက်နိုင်ထွန်းတို့ ကွင်းချောင်းအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာ အတွင်း သောက်စားနေစဉ် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ -၁ YOMA (GBK PDF) ပြည်သူကာကွယ်ရေး တပ်ဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး ၄င်းတို့ထံမှ ဝန်ထမ်းကဒ် ၃ ခု၊ ဆိုင်ကယ် ၃ စီး၊ ဖုန်း ၅ လုံးတို့ သိမ်းဆည်ရရှိခဲ့ကြောင်းသိရသည်။သေဆုံးသွားသော သစ်တောဝန်ထမ်း ၅ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ CDM ပြုလုပ်ထာသော ဆင်များကို လာရောက် ဖမ်းဆီးခြင်း၊ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့စည်းများ နေထိုင်ရာ နေရာများကို စုံစမ်းလေ့လာခြင်း၊ ဆင်ဝိုင်းကျေးရွာ ဆင်စခန်း မီးရှို့ဖျက်ဆီးခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ စခန်းတည်နေရာများကို သတင်းပေးခြင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းကြောင်းပြခြင်း၊ အကြမ်းဖက် စစ်တပ်ထံ သတင်းပေး ပြုလုပ်နေသူများဖြစ်ကြောင်းသိရသည်။

“သူတို့က CDM ဆင်တွေနဲ့ ဆင်ဝန်ထမ်းတွေကို ပျူစောထီးတွေနဲ့ လာဖမ်းတယ်။ PDF စခန်းနေရာတွေကို စုံစမ်းပြီး သတင်းပေးတယ်။ PDF အဖွဲ့တွေဆီ CDM လုပ်ထားကြတဲ့ လူတွေနေတဲ့ စခန်းတွေနဲ့ ဆင်တွေနေတဲ့ တဲတွေကို မီးရှို့တယ်။ ၅ ကောင်လုံးက သစ်တော ဝန်ထမ်းတွေပဲ ၄ ကောင်ကတော့ တရားဝင် ဝန်ထမ်းတွေ ၁ ကောင်ကတော့ သစ်တော အစမ်းခန့် ဝန်ထမ်း သူတို့က သစ်တောက သစ်တွေ ထိန်းသိမ်းရမှာကို မထိန်းသိမ်းဘဲ သစ်သူခိုးတွေနဲ့ ပေါင်းပြီး ရိုးမထဲက သစ်ပင်တွေ အကုန်ခုတ်နေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ -၁ YOMA (GBK PDF) ပြည်သူကာကွယ်ရေး တပ်ဖွဲ့က အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးအဖွဲ့များကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *