စ-စ်တက္ကသိုလ်ကတွေ ဆင့်ခေါ်စာပို့ဘီ

တက္ကသိုလ် တက်ချိန်က ထောက်ပံ့ကြေး ယူထားသူတွေ စစ်မှုထမ်းလျှောက်လွှာ ပေးပို့ခံရ၊ငါးလပိုင်း လျှောက်လွှာ ပြန်ပို့ရမှာ ဖြစ်ပြီး မပို့ပါက ထောင်နှစ်နှစ် ဒါမှမဟုတ် ငွေကျပ်သိန်း(၈၀) ဒဏ်ကြေး ဆောင်ရမယ်လို့ ဆိုဖေဖေါ်ဝါရီ – ၁၈တက္ကသိုလ် တက်ရောက်စဉ်က ပညာသင် ထောက်ပံ့ကြေး ရယူထားသူတွေရဲ့ နေအိမ်တွေဆီ စစ်အုပ်စုက စစ်သားသစ် စုဆောင်းတဲ့ “စစ်မှုထမ်း လျှောက်လွှာ” ပေးပို့နေပြီး လာမယ့် မေလ၊ ငါးလပိုင်းမှာ စစ်မှုထမ်း လျှောက်လွှာကို အပြီးသတ် ပြန်လည် ပေးပို့ဖို့နဲ့ မပို့ပါက ထောင်နှစ်နှစ်၊ ဒါမှမဟုတ် ငွေကျပ်သိန်း(၈၀) ဒဏ်ကြေး ဆောင်ရမယ်လို့ ဖော်ပြထားကြောင်း ကျောင်းသားမိဘတချို့က ပြောပါတယ်။မနေ့က ဖေဖေါ်ဝါရီ(၁၇)ရက်မှာ မန္တလေးတိုင်းအတွင်းက ဘွဲ့ရပြီးသား ကျောင်းသားတစ်ဦးရဲ့ အိမ်ကို စစ်အုပ်စုက အဲ့ဒီ စစ်မှုထမ်း လျှောက်လွှာ ပို့လာတာဖြစ်ပြီး အဲ့ဒီ ကျောင်းသားဟာ တက္ကသိုလ် တက်ရောက်ချိန်က ထောက်ပံ့ကြေး ရရှိခဲ့သူ ဖြစ်တယ်လို့ ခေါ်ယူစာ ပေးပို့ခံရတဲ့ ကျောင်းသားမိဘက ပြောပါတယ်။“တက္ကသိုလ် ကျောင်းစရိတ် ထောက်ပံ့ကြေး ရယူထားသူတွေ စစ်မှုထမ်းလျှောက်လွှာ အိမ်ပို့ခံရ၊ ငါးလပိုင်း လျှောက်လွှာ အပြီးသတ်ပို့ရမယ်။ မပို့နိုင်ရင် ထောင် နှစ်နှစ်၊ သို့မဟုတ် ဒဏ်ကြေး သိန်း(၈၀) “ လို့ စစ်အုပ်စုက စာပို့ကြောင်း ကျောင်းသားမိဘက ပြောပါတယ်။စစ်အုပ်စုက တက္ကသိုလ် ကျောင်းသားတွေနဲ့ ဘွဲ့ရပြီးစ လူငယ်တွေကို ပစ်မှတ်ထားကာ စစ်သားသစ် စုဆောင်းဖို့ ကြိုးစားတာ ဖြစ်နိုင်ကြောင်း သုံးသပ်သူတချို့ ရှိပေမယ့် အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ(၁၅)ရက် စတင်ပြီး မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာလည်း စစ်သားသစ် စုဆောင်းရေး စာရင်းကောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိမှာ စစ်အုပ်စု အနေနဲ့ စစ်သားသစ် စုဆောင်းရေး အဖွဲ့တွေကို ဗဟိုအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် အဖွဲ့တွေ ဖွဲ့စည်း ထားပြီး ဖြစ်ပါတယ်။လာမယ့် သင်္ကြန်ကာလမှာ စစ်သားသစ် စုဆောင်းမှုတွေ စတင် စုဆောင်းမှာ ဖြစ်ပြီး လူသစ်စုဆောင်းချိန် တစ်သုတ်ကို (၅၀၀၀)နှုန်းနဲ့ တစ်နှစ်ကို စစ်သားသစ် (၅၀,၀၀၀)ဝန်းကျင် စုဆောင်းဖို့ ရည်မှန်းထားတယ်လို့ စစ်အုပ်စုက ထုတ်ပြောထားပါတယ်။စစ်သားသစ် စုဆောင်းရာမှာ အပတ်စဉ်(၁)ကနေ (၄)အထိ အမျိုးသားတွေချည်း စုဆောင်းမှာ ဖြစ်ပြီး အပါတ်စဉ်(၅)လောက်က စပြီး အမျိုးသမီးတွေကို စစ်သားသစ် စုဆောင်းလိမ့်မယ်လို့ တပ်တွင်း သတင်း ရင်းမြစ်တွေက ဆိုပါတယ်။လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းမယ့် “စစ်မှုထမ်း ဥပဒေ”ကို ဖေဖေါ်ဝါရီ(၁၀)ရက်မှာ စတင် အသက် သွင်းကြောင်း စစ်အုပ်စုက ကြေညာထားပါတယ်။ အဲ့ဒီ ဥပဒေအရ မြန်မာနိုင်ငံသား အမျိုးသား ဖြစ်လျှင် အသက်(၁၈)နဲ့ (၃၅)နှစ်အတွင်း၊ အမျိုးသမီး ဖြစ်လျှင် အသက်(၁၈)နဲ့(၂၇)နှစ် အရွယ်တွေဟာ အနည်းဆုံး နှစ်နှစ်ကနေ အများဆုံး ငါးနှစ်အထိ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုမှာ စစ်သားသစ်အဖြစ် စုဆောင်းခံရမှာ ဖြစ်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ ပညာရှင်တွေ ဆိုပါက အမျိုးသား အသက်(၄၅)နှစ်အထိ၊ အမျိုးသမီး အသက်(၃၅)နှစ်အထိဟာ စစ်သားသစ် စုဆောင်းခံရမှာ ဖြစ်ပြီး မလိုက်နာပါက၊ ထောင်ငါးနှစ် အထိ ချခံရနိုင်ပါတယ်။စစ်သားသစ် စုဆောင်းနေတဲ့ စစ်အုပ်စု (ပုံဟောင်း)/Photo – စစ်အုပ်စု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *