ဘယ်နေရာသိမ်းသိမ်း ခြင်းကျားလေးကမပါမဖြစ်

မောင်တော၊ ပဲရွန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ မောင်တော၊ ပဲရွန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၇ နာရီ အချိန်မှစတင်၍ မောင်တောမြိုနယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းကို ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ တိုက်ပွဲအတွင်းစစစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်သားများကို လိုက်လံ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့ နယ်များအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာ ပြုလုပ်လျက်ရှိကြောင်း၊ ထိုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို့ အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ အိမ်မွေးတိရ စ္ဆာန်များနှင့် ကျွဲ၊ နွား တိုမှာ သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။

AA က စစ်ကောင်စီတပ်များကို လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုအချိန်အထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ေမာင္ေတာ၊ ပဲ႐ြန္းေတာင္ရွိ စစ္ေကာင္စီတပ္စခန္းကို AA က တိုက္ခိုက္သိမ္းပိုက္မႈ စစ္သားအေလာင္း ၁၀ ေလာင္းႏွင့္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၀
ရခိုင္ျပည္နယ္၊ ေမာင္ေတာ၊ ပဲ႐ြန္းေတာင္ရွိ စစ္ေကာင္စီတပ္စခန္းကို AA က တိုက္ခိုက္သိမ္းပိုက္မႈ စစ္သားအေလာင္း ၁၀ ေလာင္းႏွင့္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိေၾကာင္း AA က ယမန္ေန႔ ညပိုင္း သတင္းထုတ္ျပန္သည္။
ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ နံနက္ ၇ နာရီ အခ်ိန္မွစတင္၍ ေမာင္ေတာၿမိဳနယ္၊ ပဲ႐ြန္းေတာင္(ပဲရမ္းေတာင္) ရွိ စစ္ေကာင္စီ၏ စခန္းကို ရကၡိဳင့္တပ္ေတာ္က စတင္တိုက္ခိုက္ခဲ့ရာ ယင္းေန႔ ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္ စခန္းတစ္ခုလုံးကို တိုက္ခိုက္သိမ္းပိုက္ရရွိေၾကာင္း၊ တိုက္ပြဲအတြင္းစစစ္ေကာင္စီက ေလေၾကာင္းျဖင့္ ၃ ႀကိမ္ တိုင္ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္သား အေလာင္း (၁၀) ေက်ာ္အပါအဝင္ လက္နက္ခဲယမ္း၊ စစ္အသုံးအေဆာင္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း၊ လက္နက္ခ်အညံ့မခံဘဲ ထြက္ေျပးေနေသာ စစ္သားမ်ားကို လိုက္လံ တိုက္ခိုက္လ်က္ရွိေၾကာင္း သိရွိရသည္။
ထို႔ျပင္ စစ္ေတြ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ရမ္းၿဗဲ၊ ေက်ာက္ျဖဴ၊ အမ္း ၿမိဳ႕ နယ္မ်ားအတြင္း အၾကမ္းဖက္ စစ္ေကာင္စီ၏ ခုခံစစ္ႏွင့္ ခြာစစ္မ်ားကို ေတြ႕ေနရၿပီး စစ္ေကာင္စီအေနျဖင့္ လက္နက္ႀကီး၊ ေလေၾကာင္းမွ ရမ္းသန္းပစ္ခတ္ တိုက္ခိုက္မႈမ်ားကိုသာ ျပဳလုပ္လ်က္ရွိေၾကာင္း၊ ထိုေၾကာင့္ အရပ္သားမ်ား ထိခိုက္ဒဏ္ရာရျခင္း၊ ေက်း႐ြာ ႏွင့္ ၿမိဳ႕ အတြင္းရွိ လူေနအိမ္မ်ားမွာ လက္နက္ႀကီးထိမွန္၍ မီးေလာင္ျခင္း၊ ပ်က္စီးျခင္း ျဖစ္ေပၚလ်က္ရွိေၾကာင္း၊ အိမ္ေမြးတိရ စာၦန္မ်ားႏွင့္ ကြၽဲ၊ ႏြား တိုမွာ ေသဆုံးမႈမ်ား ရွိေၾကာင္း သိရွိရသည္။
AA က စစ္ေကာင္စီတပ္မ်ားကို လက္နက္ခ်အညံ့ခံရန္ေျပာထားေသာ္လည္း ယခုအခ်ိန္အထိ အညံ့မခံေသာ စစ္ေကာင္စီ၏ စခန္းတိုင္းကို ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ဆက္လက္ထိုးစစ္ဆင္ တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *