(23.2.2024)ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ

ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။

ပြင်ပဆန်ဈေး

ရွှေဘိုပေါ်ဆန်း အဟာင်း ၁ အိတ်လျှင် ၁၈၈၀၀၀ ကျပ်

ရွှေဘိုပေါ်ဆန်း အသစ် ၁ အိတ်လျှင် ၁၅၀၀၀၀ ကျပ် ဝန်းကျင်မှ ၁၆၂၀၀၀ ကျပ်

ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၂၆၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ်ကျော်

ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၀၀၀၀၀ ကျပ်ကျော် မှ ၁၁၇၀၀၀ ကျပ်အထိ

ဆန်ကြမ်း (နှံကား အသစ်) ၁ အိတ်လျှင် ၈၈၀၀၀ ကျပ်ကျော်

ယခုတပတ် ပြင်ပ ဆန်ဈေးကွက်တွင် ဈေးအမြင့်ဖြစ်သာ ဆက်ရှိနေပြီး အရောင်းအဝယ်မှာ ပုံမှန်သာ ဖြစ်နေကြောင်း ဝါးတန်းလမ်း ဆန်ကုန်သည်များထံက သိရသည်။ ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၁၄၀ ကျပ်

ယင်းဈေးမှာ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၈ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။

ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ အပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာ ရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၇၀၀၀ ကျပ်ကျော် တွင်ရှိနေသည်။

(ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။)

စက်သုံးဆီ

(ယခင်တပတ်ထက် ဒီဇယ်ဈေး အနည်းငယ်ဈေးပြန်ကျ)

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၇၇၀ ကျပ်

ဓာတ်ဆီ ၉၅ ၁ လီတာ ၂၈၈၅ ကျပ်

ဒီဇယ် ၁ လီတာ ၂၅၆၅ ကျပ်

ပရီမီယံ ဒီဇယ် ၁ လီတာ ၂၆၂၀ ကျပ်

ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီ ဈေးနှုန်းများကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ သတ်မှတ်ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံး ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။

ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။

ရွှေနှင့် ဒေါ်လာ

အမေရိကန် ၁ ဒေါ်လာလျှင် စစ်ကောင်စီ သတ်မှတ်ဈေးမှာ ၂၁၀၀ ကျပ်

ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၃၆၀၀ ကျပ်ကျော်တွင်ရှိနေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၆၃၉၆၀၀ ကျပ်

ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၀၂၂ ဒေါ်လာ

ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၃၉၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ (ယမန်နေ့ထက် ဈေးအနည်းငယ် ထက်တက်နေ)

ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၃၇၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

#နေ့စဉ်ကုန်ဈေးနှုန်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *