မိုင်းရှူးမှာ SSPP က ရှမ်းတိုင်းရင်းသားတွေကို အိမ်ထဲအထိ ဝင်ဖမ်း

မိုင်းရှူးမှာ SSPP က ရှမ်းတိုင်းရင်းသားတွေကို အိမ်ထဲအထိ ဝင်ဖမ်း

ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့အတွင်း SSPP က မနေ့ညပိုင်းမှာ ရှမ်းတိုင်းရင်းသား အမျိုးသားတွေကို အိမ်ထဲထိဝင် ဖမ်းဆီးပြီး ထွက်ပြေးတဲ့သူတွေကို သေနတ်နဲ့ပစ်ခေတ်တယ်လို့ မိုင်းရှူးဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်တိုင်းဝင်ပြီး ဘာလူမျိုးလို့မေးတယ် ဗမာဆို သူတို့ဘာမှ မလုပ်ဘူး မေးပြီးပြန်ထွက်သွားတယ် ရှမ်းဆို ဖမ်းသွားတယ်။ ဒီညနေပဲ ကျနော် သူငယ်ချင်း ၁၀ ထက်နည်း ဖမ်းခံရတယ်” လို့ ပြောပါတယ်။

SSPP တပ်ဖွဲ့ဝင် ၁၀၀ နီးပါး မိုင်းရှူးမြို့ထဲကို ရပ်ကွက်တိုင်းဝင်ပြီး စစ်ဆေးမှုတွေ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီး သေနတ်နဲ့ပစ်ခတ်မှုကြောင့် ပြည်သူများကြောက်လန့်နေကြတယ်လို့ သူကဆိုပါတယ်။

မြို့အဝင်အထွက်တွေကို SSPP တပ်ဖွဲ့က ပိတ်ဆို့ထားပြီး မိုင်းရှုးမြို့လယ်တံတားမှာ ဂိတ်စောင့်နေကြတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။

“မြို့ထဲမှာ အကုန်ဂယက်ထကြပြီး ထွက်ပြေးလဲမရဘူး။ ကျွန်မတို့အိမ်ဝင်တာ သေနတ်တွေ မိုးပေါ်ပစ်တာ ဘာအကြောင့်မှန်မသိဘူး ဝင်ပြီးမှ ကျွန်မတူလေး ဖမ်းသွားတယ်။ အသက်လဲမပြည့်သေးဘူး” လို့ပြောပါတယ်။

ပါနိမ့်ကျေးရွာနဲ့ ပန်ခမ်းကျေးရွာခံ ၈ ဦးကို SSPP က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဖမ်းဆီးထားပြီး ယခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

SSPP ဟာ တပ်သားသစ်စုဆောင်းဖို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရှမ်းဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။

မိုင္းရႉးမွာ SSPP က ရွမ္းတိုင္းရင္းသားေတြကို အိမ္ထဲအထိ ဝင္ဖမ္း
ေဖေဖာ္ဝါရီ ၂၄
ရွမ္းျပည္ေတာင္ပိုင္း၊ မိုင္းရႉးၿမိဳ႕အတြင္း SSPP က မေန႔ညပိုင္းမွာ ရွမ္းတိုင္းရင္းသား အမ်ိဳးသားေတြကို အိမ္ထဲထိဝင္ ဖမ္းဆီးၿပီး ထြက္ေျပးတဲ့သူေတြကို ေသနတ္နဲ႔ပစ္ေခတ္တယ္လို႔ မိုင္းရႉးေဒသခံတစ္ဦးက ေျပာပါတယ္။
“အိမ္တိုင္းဝင္ၿပီး ဘာလူမ်ိဳးလို႔ေမးတယ္ ဗမာဆို သူတို႔ဘာမွ မလုပ္ဘူး ေမးၿပီးျပန္ထြက္သြားတယ္ ရွမ္းဆို ဖမ္းသြားတယ္။ ဒီညေနပဲ က်ေနာ္ သူငယ္ခ်င္း ၁၀ ထက္နည္း ဖမ္းခံရတယ္” လို႔ ေျပာပါတယ္။
SSPP တပ္ဖြဲ႕ဝင္ ၁၀၀ နီးပါး မိုင္းရႉးၿမိဳ႕ထဲကို ရပ္ကြက္တိုင္းဝင္ၿပီး စစ္ေဆးမႈေတြ ဖမ္းဆီးမႈေတြျပဳလုပ္ခဲ့ၿပီး ေသနတ္နဲ႔ပစ္ခတ္မႈေၾကာင့္ ျပည္သူမ်ားေၾကာက္လန႔္ေနၾကတယ္လို႔ သူကဆိုပါတယ္။
ၿမိဳ႕အဝင္အထြက္ေတြကို SSPP တပ္ဖြဲ႕က ပိတ္ဆို႔ထားၿပီး မိုင္းရႈးၿမိဳ႕လယ္တံတားမွာ ဂိတ္ေစာင့္ေနၾကတယ္လို႔ ေနာက္ထပ္ ေဒသခံတစ္ဦးကေျပာပါတယ္။
“ၿမိဳ႕ထဲမွာ အကုန္ဂယက္ထၾကၿပီး ထြက္ေျပးလဲမရဘူး။ ကြၽန္မတို႔အိမ္ဝင္တာ ေသနတ္ေတြ မိုးေပၚပစ္တာ ဘာအေၾကာင့္မွန္မသိဘူး ဝင္ၿပီးမွ ကြၽန္မတူေလး ဖမ္းသြားတယ္။ အသက္လဲမျပည့္ေသးဘူး” လို႔ေျပာပါတယ္။
ပါနိမ့္ေက်း႐ြာနဲ႔ ပန္ခမ္းေက်း႐ြာခံ ၈ ဦးကို SSPP က ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔မွာ ဖမ္းဆီးထားၿပီး ယခုခ်ိန္ထိ ျပန္မလြတ္ေသးဘူးလို႔ သိရပါတယ္။
SSPP ဟာ တပ္သားသစ္စုေဆာင္းဖို႔ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွာ ရွမ္းဘာသာနဲ႔ ထုတ္ျပန္ထားပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *