ဘယ်လိုတွေတောင်လဲ မုံရွာမြို့ကြီးရယ်

မုံရွာမြို့ပေါ်တွင် လုပ်ငန်းရှင်များ၊ စျေးဆိုင်များ မကြာခဏဆိုသလို ပြန်ပေးဆွဲ ဓားပြတိုက်ခံနေရသဖြင့် ချမ်း သာသူတချို့ မြို့မှ ပြောင်းရွှေ့ စွန့်ခွာ

■ ရဲ၊ စစ်တပ်နှင့်ပျူစောထီးများက လုယက် ပြန်ပေးဆွဲသကဲ့သို့ လက်နက် ကိုင်တချို့၏ ကျူးလွန်မှုများလည်း ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လုပ်ငန်းရှင်များ၊ စျေးဆိုင်များ မကြာခဏဆိုသလို ပြန်ပေးဆွဲ ဓားပြတိုက်ခံနေရသဖြင့် ချမ်း သာသူတချို့ မြို့မှ ပြောင်းရွှေ့ စွန့်ခွာမှုများရှိနေကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နှစ်ဆန်းပိုင်းမှစတင်၍ မုံရွာမြို့ပေါ်နှင့် မုံရွာခရိုင်အတွင်းရှိ မြို့နယ်များတွင် ငွေကြေးချမ်းသာသူများ၊ လုပ် ငန်းရှင်များ၊ ရွှေဆိုင်နှင့်စတိုးဆိုင်များ အပါအဝင် ဆိုင်ဖွင့်နိုင်သူများကို ရဲ၊ စစ်တပ်၊ ပျူစောထီးများက ဖမ်းဆီး၍ ငွေညှစ်မှုများ မကြာခဏဆိုသလို လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများတွင် စစ်ကောင်စီဘက်က မဟုတ်သည့် အမည်မသိ လက်နက်ကိုင်တချို့လည်း ပါဝင်ကြောင်း သိရှိရသည်။

“မုံရွာက နာမည်ကြီး ပိုက်ဆံရှိသူ မှန်သမျှလည်း ဓားပြတိုက် ပြန်ပေးဆွဲ လို့ ပြေးကုန်ပြီ။ အလုပ်ဖြစ်နေတဲ့ အိမ်ခြံမြေ ပွဲစားတွေ လည်း အလွတ်မပေးဘူး။ တလောကမှ ရွှေစည်းခုံ ဘုရား နားက လက်ဖက်ရည်ဆိုင် ပိုင်ရှင် ရဲ့ သားမက်ကို ဝင်ဓားပြ တိုက်တယ်။ ရေနံသမားတွေ အိမ်လည်း ပြန်ပေးဆွဲ တာ သိန်းတစ်ထောင် နဲ့ ရွေးရတယ်။ နောက်ပိုင်း လူချမ်းသာ တွေ ပြေးတာ များလာတော့ မြို့သစ်၊ ချမ်းမြဝတီ၊ အောင်ချမ်းသာ ၊ သလ္လာ ရပ်ကွက်ထဲ လမ်းမကျယ်ကြီးတွေ က လူနေကျဲ တဲ့ အိမ်တွေကို ဓားပြ တိုက်လာ ကြတယ်။ တချို့ အိမ်ဆိုင်လေးတွေ ဆို ရသလောက် ပေါ်တင်တောင်းတယ်။ နောက်ရက် ဆိုင်မပိတ်ဖို့၊ ပိတ်ရဲ ပိတ်ကြည့် မီးရှို့ မယ် လို့ ခြိမ်းခြောက်ခဲ့တယ် ။ လမ်းမပေါ်မှာ ဖြတ်သွားတဲ့ ကား ဆိုင်ကယ် မှန်သမျှ လိုင်စင်စစ်သလိုလို နဲ့ အပြစ်ရှာ ခုနစ်သိန်း၊ ရှစ်သိန်း၊ ဆယ်သိန်း ရွေးခိုင်းတာ။ အဲဒါတွေက စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေ လုပ်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မုံရွာမြို့ပေါ်တွင် ဖြတ်သန်းသွားသည့် ဆီပေပါသယ်ကားများကိုလည်း တစ်စီးလျှင် စစ်တပ်နှင့်ရဲများက တစ်စီးလျှင် ငွေကျပ် ၁၅ သိန်းနှုန်းတောင်းယူကြောင်း၊ သာမန်ပြည်သူများပါ စစ်တပ်နှင့်ရဲ၏ ငွေညှစ်မှုကို ခံနေရကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆီပေပါ သယ်တဲ့ ကားတစ်စီးနောက်ကို စခ၊ ရခ ပခ အဖွဲ့က ကား ၃ စီးနဲ့ လိုက်ပြီး

၁၅ သိန်း တောင်းတယ် ။ ညှိလိုက်တော့ ၅ သိန်း နဲ့ ပြတ်တယ်။ ကားသမားနဲ့ စျေးညှိနေရင်းကို စစ်ခွေးတွေ အနား ဖြတ်သွားတဲ့ အလုပ်သမားက အစ ဆိုင်ကယ်သမားတွေကို တစ်ယောက် တစ်သောင်း တောင်းတာ ။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ထိသို့ ဓားပြတိုက်၊ ငွေကြေးတောင်းခံမှုများကို ရဲ၊ ပျူစောထီး နှင့် စစ်တပ်အပြင် အမည်မသိလက်နက်ကိုင်တချို့ကလည်း လုပ်ဆောင်ကြကြောင်း၊ လူဆိုးလူမိုက်များကလည်း လက်နက်ကိုင်၍ ခိုးဆိုးလုယက်ကြကြောင်း၊ စစ်တပ်နှင့်ရဲများက ၎င်းတို့၏ အမာခံ သတင်းပေးများကိုပင် ပြန်လည်၍ ငွေညှစ်ကြကြောင်း သိရှိရသည်။

“မုံရွာမှာ ရဲ၊ စစ်တပ်နဲ့ ပျူစောထီးတွေက အရပ်ဝတ်တွေနဲ့ ပြန်ပေးဆွဲတာ၊ ဆက်ကြေးတောင်း၊ ဓားပြတိုက်တာအပြင် ထောင်ထွက်တွေလည်း လက်နက်ကိုင်ပြီး ခိုးဆိုးလုယက်တယ်။ အမည်မသိတဲ့ လက်နက်ကိုင်တွေကလည်း ကျူးလွန်တာတွေရှိတယ်။ မြို့ပေါ်မှာ ဘယ်သူမှ မလုံခြုံတော့ အကုန်ပြောင်းရွှေ့ ပြေးကြတာ။ မုံရွာ မြို့ပေါ်က ရွှေဆိုင်၊ စတိုးဆိုင်၊ ဘော်ဒါပိုင်ရှင်တွေလည်း ပြောင်းပြေးကြတာပဲ။ မုံရွာမြို့ပေါ်မှာ အရပ်ဝတ် အိမ်စီး ကား တွေနဲ့ ပေါ်တင် သေနတ်တွေ ကိုင်ကာ ဝင်ဆွဲတာပဲ။ အဆိုးဆုံး မှာ ပစ်မှတ်မရှိတော့၍ ဇာတ်တူသား စားတယ်။ နောက်ဆုံး စစ်မှုထမ်း ဟောင်း အိမ်တွေပါ မချမ်းသာလည်း နင့် အဖေက စစ်ခွေးလား ဘာညာပြော ပကဖ ဟန်ဆောင် ပြီး ဓားပြတိုက် လာတယ်” ဟု မုံရွာမြို့မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း မြဝတီရပ် ၊ ဆည်မြောင်းနားတွင် စစ်တပ်သတင်းပေးဟု နာမည်ကြီးသည့်သတင်း ပေးတစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး ငွေကျပ် သိန်း ၂၅၀ ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း၊ မိသားစုက တပ်ထဲတွင် သွားရောက် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုံရွာမြို့တွင် ညပိုင်း လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

မုံ႐ြာၿမိဳ႕ေပၚတြင္ လုပ္ငန္းရွင္မ်ား၊ ေစ်းဆိုင္မ်ား မၾကာခဏဆိုသလို ျပန္ေပးဆြဲ ဓားျပတိုက္ခံေနရသျဖင့္ ခ်မ္း သာသူတခ်ိဳ႕ ၿမိဳ႕မွ ေျပာင္းေ႐ႊ႕ စြန႔္ခြာ
■ ရဲ၊ စစ္တပ္ႏွင့္ပ်ဴေစာထီးမ်ားက လုယက္ ျပန္ေပးဆြဲသကဲ့သို႔ လက္နက္ ကိုင္တခ်ိဳ႕၏ က်ဴးလြန္မႈမ်ားလည္း ရွိ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၄
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ေပၚတြင္ လုပ္ငန္းရွင္မ်ား၊ ေစ်းဆိုင္မ်ား မၾကာခဏဆိုသလို ျပန္ေပးဆြဲ ဓားျပတိုက္ခံေနရသျဖင့္ ခ်မ္း သာသူတခ်ိဳ႕ ၿမိဳ႕မွ ေျပာင္းေ႐ႊ႕ စြန႔္ခြာမႈမ်ားရွိေနေၾကာင္း ေဒသျပည္သူတခ်ိဳ႕က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ယမန္ႏွစ္ဆန္းပိုင္းမွစတင္၍ မုံ႐ြာၿမိဳ႕ေပၚႏွင့္ မုံ႐ြာခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ေငြေၾကးခ်မ္းသာသူမ်ား၊ လုပ္ ငန္းရွင္မ်ား၊ ေ႐ႊဆိုင္ႏွင့္စတိုးဆိုင္မ်ား အပါအဝင္ ဆိုင္ဖြင့္ႏိုင္သူမ်ားကို ရဲ၊ စစ္တပ္၊ ပ်ဴေစာထီးမ်ားက ဖမ္းဆီး၍ ေငြညႇစ္မႈမ်ား မၾကာခဏဆိုသလို လုပ္ေဆာင္ခဲ့ေၾကာင္း၊ ထိုသို႔ လုပ္ေဆာင္မႈမ်ားတြင္ စစ္ေကာင္စီဘက္က မဟုတ္သည့္ အမည္မသိ လက္နက္ကိုင္တခ်ိဳ႕လည္း ပါဝင္ေၾကာင္း သိရွိရသည္။
“မုံ႐ြာက နာမည္ႀကီး ပိုက္ဆံရွိသူ မွန္သမွ်လည္း ဓားျပတိုက္ ျပန္ေပးဆြဲ လို႔ ေျပးကုန္ၿပီ။ အလုပ္ျဖစ္ေနတဲ့ အိမ္ၿခံေျမ ပြဲစားေတြ လည္း အလြတ္မေပးဘူး။ တေလာကမွ ေ႐ႊစည္းခုံ ဘုရား နားက လက္ဖက္ရည္ဆိုင္ ပိုင္ရွင္ ရဲ႕ သားမက္ကို ဝင္ဓားျပ တိုက္တယ္။ ေရနံသမားေတြ အိမ္လည္း ျပန္ေပးဆြဲ တာ သိန္းတစ္ေထာင္ နဲ႔ ေ႐ြးရတယ္။ ေနာက္ပိုင္း လူခ်မ္းသာ ေတြ ေျပးတာ မ်ားလာေတာ့ ၿမိဳ႕သစ္၊ ခ်မ္းျမဝတီ၊ ေအာင္ခ်မ္းသာ ၊ သလႅာ ရပ္ကြက္ထဲ လမ္းမက်ယ္ႀကီးေတြ က လူေနက်ဲ တဲ့ အိမ္ေတြကို ဓားျပ တိုက္လာ ၾကတယ္။ တခ်ိဳ႕ အိမ္ဆိုင္ေလးေတြ ဆို ရသေလာက္ ေပၚတင္ေတာင္းတယ္။ ေနာက္ရက္ ဆိုင္မပိတ္ဖို႔၊ ပိတ္ရဲ ပိတ္ၾကည့္ မီးရႈိ႕ မယ္ လို႔ ၿခိမ္းေျခာက္ခဲ့တယ္ ။ လမ္းမေပၚမွာ ျဖတ္သြားတဲ့ ကား ဆိုင္ကယ္ မွန္သမွ် လိုင္စင္စစ္သလိုလို နဲ႔ အျပစ္ရွာ ခုနစ္သိန္း၊ ရွစ္သိန္း၊ ဆယ္သိန္း ေ႐ြးခိုင္းတာ။ အဲဒါေတြက စစ္တပ္၊ ရဲနဲ႔ ပ်ဴေစာထီးေတြ လုပ္တာ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
ထို႔ျပင္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ မုံ႐ြာၿမိဳ႕ေပၚတြင္ ျဖတ္သန္းသြားသည့္ ဆီေပပါသယ္ကားမ်ားကိုလည္း တစ္စီးလွ်င္ စစ္တပ္ႏွင့္ရဲမ်ားက တစ္စီးလွ်င္ ေငြက်ပ္ ၁၅ သိန္းႏႈန္းေတာင္းယူေၾကာင္း၊ သာမန္ျပည္သူမ်ားပါ စစ္တပ္ႏွင့္ရဲ၏ ေငြညႇစ္မႈကို ခံေနရေၾကာင္း သိရွိရသည္။
“ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔က ဆီေပပါ သယ္တဲ့ ကားတစ္စီးေနာက္ကို စခ၊ ရခ ပခ အဖြဲ႕က ကား ၃ စီးနဲ႔ လိုက္ၿပီး
၁၅ သိန္း ေတာင္းတယ္ ။ ညႇိလိုက္ေတာ့ ၅ သိန္း နဲ႔ ျပတ္တယ္။ ကားသမားနဲ႔ ေစ်းညႇိေနရင္းကို စစ္ေခြးေတြ အနား ျဖတ္သြားတဲ့ အလုပ္သမားက အစ ဆိုင္ကယ္သမားေတြကို တစ္ေယာက္ တစ္ေသာင္း ေတာင္းတာ ။”ဟု ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသည့္ လုပ္ငန္းရွင္တစ္ဦးက ရွင္းျပသည္။
ထိသို႔ ဓားျပတိုက္၊ ေငြေၾကးေတာင္းခံမႈမ်ားကို ရဲ၊ ပ်ဴေစာထီး ႏွင့္ စစ္တပ္အျပင္ အမည္မသိလက္နက္ကိုင္တခ်ိဳ႕ကလည္း လုပ္ေဆာင္ၾကေၾကာင္း၊ လူဆိုးလူမိုက္မ်ားကလည္း လက္နက္ကိုင္၍ ခိုးဆိုးလုယက္ၾကေၾကာင္း၊ စစ္တပ္ႏွင့္ရဲမ်ားက ၎တို႔၏ အမာခံ သတင္းေပးမ်ားကိုပင္ ျပန္လည္၍ ေငြညႇစ္ၾကေၾကာင္း သိရွိရသည္။
“မုံ႐ြာမွာ ရဲ၊ စစ္တပ္နဲ႔ ပ်ဴေစာထီးေတြက အရပ္ဝတ္ေတြနဲ႔ ျပန္ေပးဆြဲတာ၊ ဆက္ေၾကးေတာင္း၊ ဓားျပတိုက္တာအျပင္ ေထာင္ထြက္ေတြလည္း လက္နက္ကိုင္ၿပီး ခိုးဆိုးလုယက္တယ္။ အမည္မသိတဲ့ လက္နက္ကိုင္ေတြကလည္း က်ဴးလြန္တာေတြရွိတယ္။ ၿမိဳ႕ေပၚမွာ ဘယ္သူမွ မလုံၿခဳံေတာ့ အကုန္ေျပာင္းေ႐ႊ႕ ေျပးၾကတာ။ မုံ႐ြာ ၿမိဳ႕ေပၚက ေ႐ႊဆိုင္၊ စတိုးဆိုင္၊ ေဘာ္ဒါပိုင္ရွင္ေတြလည္း ေျပာင္းေျပးၾကတာပဲ။ မုံ႐ြာၿမိဳ႕ေပၚမွာ အရပ္ဝတ္ အိမ္စီး ကား ေတြနဲ႔ ေပၚတင္ ေသနတ္ေတြ ကိုင္ကာ ဝင္ဆြဲတာပဲ။ အဆိုးဆုံး မွာ ပစ္မွတ္မရွိေတာ့၍ ဇာတ္တူသား စားတယ္။ ေနာက္ဆုံး စစ္မႈထမ္း ေဟာင္း အိမ္ေတြပါ မခ်မ္းသာလည္း နင့္ အေဖက စစ္ေခြးလား ဘာညာေျပာ ပကဖ ဟန္ေဆာင္ ၿပီး ဓားျပတိုက္ လာတယ္” ဟု မုံ႐ြာၿမိဳ႕မွ စီးပြားေရးသမားတစ္ဦးက ဆိုသည္။
ေဖေဖာ္ဝါရီ ၉ ရက္ေန႔ကလည္း ျမဝတီရပ္ ၊ ဆည္ေျမာင္းနားတြင္ စစ္တပ္သတင္းေပးဟု နာမည္ႀကီးသည့္သတင္း ေပးတစ္ဦးကို စစ္တပ္က ဖမ္းဆီးၿပီး ေငြက်ပ္ သိန္း ၂၅၀ ျဖင့္ ျပန္ေ႐ြးခိုင္းခဲ့ေၾကာင္း၊ မိသားစုက တပ္ထဲတြင္ သြားေရာက္ ေ႐ြးထုတ္ခဲ့ရေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- မုံ႐ြာၿမိဳ႕တြင္ ညပိုင္း လုံၿခဳံေရးယူထားသည့္ အၾကမ္းဖက္စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား။ (ပုံအေဟာင္းျဖစ္ပါသည္။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *