၁၀မိနစ်ကို မြေဩဇာ၅အိတ်

ပုလဲမြို့နယ်တွင် ရိက္ခာလာပို့သည် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ရိက္ခာလာပို့သည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Sothern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ပုလဲမြို့မှ အင်မထီး ပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်မထီး ပျူစောထီးရွာမှ ထွက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ပျူစောထီး နှင့် စစ်သား အင်အား ၁၂၀ ခန့်ပါဝင်ပြီး တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ ၊ ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး အပြင်းအထန် ဒဏ်ရာရပြီး ဒဏ်ရာရရှိသူများထဲမှ ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

“အပြန်အလှန် ပစ်တာကတော့ ၁၀ မိနစ် လောက်ပဲရှိတယ်။ ကျွန်တော်တို့ ရဲဘော် ၁ ဦးလည်း ထိတယ်။ ဒါပေမယ့် မစိုးရိမ်ရဘူး။ တိုက်ပွဲအတွင်းမှာ ပျူ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ ပြင်းထန် ဒဏ်ရာရတဲ့ ၃ ကောင်လည်း သေသွားပြီ” ဟု Sothern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် BNRA နှင့် Sothern YSO PDF အဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ဲခဲ့ကြောင်း သိရသည်။

ပုလဲၿမိဳ႕နယ္တြင္ ရိကၡာလာပို႔သည္ စစ္ေၾကာင္းကို ၾကားျဖတ္ တိုက္ခိုက္မႈ စစ္ေကာင္စီ တပ္သား ၅ ဦးေသဆုံး
ရန္ကုန္၊ မတ္ ၇
စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္တြင္ ရိကၡာလာပို႔သည္ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို ၾကားျဖတ္ တိုက္ခိုက္ရာ စစ္ေကာင္စီ တပ္သား ၅ ဦးေသဆုံးခဲ့ေၾကာင္း Sothern YSO PDF အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
မတ္လ ၆ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၃၀ မိနစ္ခန႔္တြင္ ပုလဲၿမိဳ႕မွ အင္မထီး ပ်ဴေစာထီး႐ြာကို ရိကၡာလာပို႔ေသာ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ အင္မထီး ပ်ဴေစာထီး႐ြာမွ ထြက္ရွိလာစဥ္ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ၾကားျဖတ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ယင္း အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းတြင္ ပ်ဴေစာထီး ႏွင့္ စစ္သား အင္အား ၁၂၀ ခန႔္ပါဝင္ၿပီး ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက လက္နက္ငယ္မ်ား ၊ ၆၀ မမ မ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ရာ ပ်ဴေစာထီး ၂ ဦး ပြဲခ်င္းၿပီး ေသဆုံးကာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သား ၅ ဦး အျပင္းအထန္ ဒဏ္ရာရၿပီး ဒဏ္ရာရရွိသူမ်ားထဲမွ ၃ ဦး ထပ္မံေသဆုံးခဲ့ေၾကာင္း သိရွိရသည္။
“အျပန္အလွန္ ပစ္တာကေတာ့ ၁၀ မိနစ္ ေလာက္ပဲရွိတယ္။ ကြၽန္ေတာ္တို႔ ရဲေဘာ္ ၁ ဦးလည္း ထိတယ္။ ဒါေပမယ့္ မစိုးရိမ္ရဘူး။ တိုက္ပြဲအတြင္းမွာ ပ်ဴ ၂ ေကာင္ကေတာ့ ပြဲခ်င္းၿပီးေသတယ္။ ျပင္းထန္ ဒဏ္ရာရတဲ့ ၃ ေကာင္လည္း ေသသြားၿပီ” ဟု Sothern YSO PDF အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
အဆိုပါ တိုက္ခိုက္မႈကို ဗမာအမ်ိဳးသား ေတာ္လွန္ေရး တပ္မေတာ္ BNRA ႏွင့္ Sothern YSO PDF အဖြဲ႕ တို႔မွ ပူးေပါင္း လုပ္ေဆာင္ဲခဲ့ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *