ကြားချင်တာ ဒီလိုသတင်းမျိုး

ကချင်ပြည်နယ် လိုင်ဇာအနီးရှိ ဖွန်းပြန်ဘွမ်စခန်း၊ တာပိန်မြစ်တံတားစောင့်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုကို KIA ဦးဆောင်သော မဟာမိတ်တပ်များ သိမ်းပိုက်

ရန်ကုန်၊ မတ် ၇

ကချင်ပြည်နယ်၊ လိုင်ဇာအနီးရှိ ဖွန်းပြန်ဘွမ်စခန်း၊ တာပိန်မြစ်တံတားစောင့်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုကို KIA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့ သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၆ နာရီမှစတင်ပြီး မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂ နေရာထက်မနည်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက စတင်တိုက်ခိုက်ရာ စခန်း ၉ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော KIA က သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း ၉ ခုမှာ

၁-မလိ စစ်ကောင်စီစခန်း

၂-အင်လုံခ စစ်ကောင်စီစခန်း

၃-ရှဒန်ပါ စစ်ကောင်စီစခန်း

၄-ဘွမ်ရဲ ဘွမ် စစ်ကောင်စီစခန်း

၅-ခယာ စစ်ကောင်စီစခန်း

၆-ဖွန်းပြန် ဘွမ် စစ်ကောင်စီစခန်း

၇-တာပိန်မြစ် စောင့် စစ်ကောင်စီစခန်း

၈-ခလရ ၂၃၇ အနီး ကားကင်းစခန်း

၉-ဂွယ်ကထောင်ရွာ စစ်ကောင်စီစခန်း တို့ဖြစ်ကြောင်း သိရှိရသည်။

လာမည့်ရက်ပိုင်းအတွင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ် တပ်များက စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ရာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

ကခ်င္ျပည္နယ္ လိုင္ဇာအနီးရွိ ဖြန္းျပန္ဘြမ္စခန္း၊ တာပိန္ျမစ္တံတားေစာင့္စခန္း အပါအဝင္ စစ္ေကာင္စီတပ္စခန္း ၉ ခုကို KIA ဦးေဆာင္ေသာ မဟာမိတ္တပ္မ်ား သိမ္းပိုက္
ရန္ကုန္၊ မတ္ ၇
ကခ်င္ျပည္နယ္၊ လိုင္ဇာအနီးရွိ ဖြန္းျပန္ဘြမ္စခန္း၊ တာပိန္ျမစ္တံတားေစာင့္စခန္း အပါအဝင္ စစ္ေကာင္စီတပ္စခန္း ၉ ခုကို KIA ဦးေဆာင္ေသာ မဟာမိတ္တပ္မ်ားက ယေန႔ သိမ္းပိုက္လိုက္ေၾကာင္း KIA သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ယေန႔ နံနက္ ၆ နာရီမွစတင္ၿပီး မိုးေမာက္ၿမိဳ႕နယ္ႏွင့္ ၀ိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စီတပ္စခန္း ၁၂ ေနရာထက္မနည္းကို KIA ဦးေဆာင္ေသာ မဟာမိတ္တပ္မ်ားက စတင္တိုက္ခိုက္ရာ စခန္း ၉ ခုထက္မနည္းကို သိမ္းပိုက္ႏိုင္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
လတ္တေလာ KIA က သိမ္းပိုက္ရရွိေသာ စစ္ေကာင္စီတပ္စခန္း ၉ ခုမွာ
၁-မလိ စစ္ေကာင္စီစခန္း
၂-အင္လုံခ စစ္ေကာင္စီစခန္း
၃-ရွဒန္ပါ စစ္ေကာင္စီစခန္း
၄-ဘြမ္ရဲ ဘြမ္ စစ္ေကာင္စီစခန္း
၅-ခယာ စစ္ေကာင္စီစခန္း
၆-ဖြန္းျပန္ ဘြမ္ စစ္ေကာင္စီစခန္း
၇-တာပိန္ျမစ္ ေစာင့္ စစ္ေကာင္စီစခန္း
၈-ခလရ ၂၃၇ အနီး ကားကင္းစခန္း
၉-ဂြယ္ကေထာင္႐ြာ စစ္ေကာင္စီစခန္း တို႔ျဖစ္ေၾကာင္း သိရွိရသည္။
လာမည့္ရက္ပိုင္းအတြင္းတြင္ KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးမဟာမိတ္ တပ္မ်ားက စစ္ဆင္ေရးမ်ား ဆက္လက္ ေဆာင္႐ြက္မည္ျဖစ္ရာ တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာႏိုင္ေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားက ေျပာဆိုၾကသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *