ဗျူဟာမှူးကိုရအောင်ရှာ ခဝေးတွေကဆေးကွဲနေတာလား(ရုပ်သံ)

လိုင်ဇာဌာနချုပ် အနီးရှိ စစ်တပ် ဗျူဟာမှူး ထိုင်သော နော်ရာစင်ခန်ဘွမ်တောင်စခန်းကို KIA က ထပ်မံသိမ်း ပိုက် (ရုပ်/သံ)

ရန်ကုန်၊ မတ် ၁၁

ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီ၏ နော်ရာစင်ခန်ဘွမ်တောင်စခန်းကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ယမန်နေ့ သိမ်းပိုက်ရရှိကြောင်း KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီ နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ခယာဘွမ်တောင်စခန်းနဲ့ ဆက်စပ်နေတဲ့ နောင်ရာစင်ခန်ဘွမ်တောင်စခန်းကို ထပ်မံ သိမ်းပိုက်ရရှိပါတယ်။ အဲဒီစခန်းမှာက အကြမ်းဖက် စစ်တပ်ရဲ့ ဗျူဟာမှူး ထိုင်တဲ့စခန်းဖြစ်ပါတယ်။ အခု ၃ ရက်အတွင်းမှာ ကျနော်တို့ သိမ်းပိုက်ရရှိတဲ့ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းတွေ အပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၂၀ နီးပါးရှိလာပါပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် KIA အနေဖြင့် ကချင်ပြည်နယ်တစ်ဝန်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ ကချင်ပြည်နယ်တစ်ဝန်းတွင် တိုက်ပွဲများ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက အသိပေးပြောဆိုသည်။

လိုင္ဇာဌာနခ်ဳပ္ အနီးရွိ စစ္တပ္ ဗ်ဴဟာမႉး ထိုင္ေသာ ေနာ္ရာစင္ခန္ဘြမ္ေတာင္စခန္းကို KIA က ထပ္မံသိမ္း ပိုက္ (႐ုပ္/သံ)

ရန္ကုန္၊ မတ္ ၁၁

ကခ်င္ျပည္နယ္၊ KIO ဌာနခ်ဳပ္ လိုင္ဇာအနီးရွိ စစ္ေကာင္စီ၏ ေနာ္ရာစင္ခန္ဘြမ္ေတာင္စခန္းကို KIA ဦးေဆာင္ေသာ ပူးေပါင္းတပ္မ်ားက ယမန္ေန႔ သိမ္းပိုက္ရရွိေၾကာင္း KIA သတင္းျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီ ေနာ္ဘူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

“ခယာဘြမ္ေတာင္စခန္းနဲ႔ ဆက္စပ္ေနတဲ့ ေနာင္ရာစင္ခန္ဘြမ္ေတာင္စခန္းကို ထပ္မံ သိမ္းပိုက္ရရွိပါတယ္။ အဲဒီစခန္းမွာက အၾကမ္းဖက္ စစ္တပ္ရဲ႕ ဗ်ဴဟာမႉး ထိုင္တဲ့စခန္းျဖစ္ပါတယ္။ အခု ၃ ရက္အတြင္းမွာ က်ေနာ္တို႔ သိမ္းပိုက္ရရွိတဲ့ စခန္းႀကီး၊ စခန္းငယ္၊ ကာကင္းေတြ အပါအဝင္ စုစုေပါင္း စစ္ေကာင္စီတပ္စခန္း ၂၀ နီးပါးရွိလာပါၿပီ” ဟု ဗိုလ္မႉးႀကီးေနာ္ဘူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

လက္ရွိတြင္ KIA အေနျဖင့္ ကခ်င္ျပည္နယ္တစ္ဝန္း စစ္ေကာင္စီတပ္မ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေၾကာင္း၊ ကခ်င္ျပည္နယ္တစ္ဝန္းတြင္ တိုက္ပြဲမ်ား ဆက္လက္ ရွိေနဦးမည္ျဖစ္ေၾကာင္း ဗိုလ္မႉးႀကီး ေနာ္ဘူက အသိေပးေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *