ကချင်နဲ့ကရင်မှာနောက်လှည့်ပြေးရတဲ့လေဘဲ(ရုပ်သံ)

ကချင်တွင် ဗုံးလာကြဲသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို KIA ပစ်ချနိုင်ခဲ့ပြီး ပြန်လှည့်ပြေး

မတ်လ ၁၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) အင်လုံခ ပြည်သူ့စစ်စခန်းနှင့် အောင်မြေ (၂) သို့ လာရောက် ဗုံးကြဲသည့် စစ်ကောင်စီ၏ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကပစ်ချခဲ့ရာ ထိမှန်သွားကြောင်း သိရသည်။

ယမန်နေ့ မတ် ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အင်လုံခ ပြည်သူ့စစ်စခန်းကို ပြန်လည်ရယူရန် လာ ရောက်ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချခဲ့ရာ ထိမှန်ပြီးမြစ်ကြီး နားလေတပ်စခန်းသို့ လှည့်ပြန်၍ ဆင်းသက်သွား ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ညနေ ၅ နာရီလောက်က အင်လုံခကို လာပစ်တဲ့ ရဟတ်ယာဉ် ပစ်ချခံရပြီး မြစ်ကြီးနားလေတပ်စခန်း ထဲကိုပြန်ဆင်းသွားတယ်။ ပေါက်ကွဲသံတော့ကြား လိုက်ရတယ်။ တစ်စင်းလုံး ထိမထိတော့ မသိရသေးဘူး”ဟု မြစ်ကြီးနားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဗုံးလာရောက်ကြဲချသည့် အဆိုပါ အင်လုံခ အောင်မြေ (၁) သည် ဝိုင်းမော်မြို့နယ်ရှိ လီဆူးအမျိုးသား ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏ ပြည်သူ့စစ်စခန်းတည်ရှိရာနေရာဖြစ်ပြီး မတ် ၇ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက ပြန်လည်၍ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုပစ်ချလိုက်သည့် Mi 35 ရဟတ်ယာဉ်အပါအ၀င် ယခုနှစ်စအတွင်း KIA ပစ်ချခဲ့သည့် စစ်ကောင်စီ ၏ ရဟတ်ယာဉ်ပေါင်း ၃ စင်း အထိရှိပြီဖြစ်သည်။

ပုံစာ- စစ်ကောင်စီ၏ (၇၂) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့တွင် တွေ့ရသည့် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များ

ကခ်င္တြင္ ဗုံးလာႀကဲသည့္ စစ္ေကာင္စီ၏ ရဟတ္ယာဥ္ကို KIA ပစ္ခ်ႏိုင္ခဲ့ၿပီး ျပန္လွည့္ေျပး

မတ္လ ၁၂

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ေအာင္ေျမ (၁) အင္လုံခ ျပည္သူ႔စစ္စခန္းႏွင့္ ေအာင္ေျမ (၂) သို႔ လာေရာက္ ဗုံးႀကဲသည့္ စစ္ေကာင္စီ၏ Mi 35 တိုက္ခိုက္ေရးရဟတ္ယာဥ္ကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) ကပစ္ခ်ခဲ့ရာ ထိမွန္သြားေၾကာင္း သိရသည္။

ယမန္ေန႔ မတ္ ၁၁ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ အင္လုံခ ျပည္သူ႔စစ္စခန္းကို ျပန္လည္ရယူရန္ လာ ေရာက္ဗုံးႀကဲတိုက္ခိုက္သည့္ စစ္ေကာင္စီ၏ Mi 35 တိုက္ခိုက္ေရးရဟတ္ယာဥ္ကို KIA က ပစ္ခ်ခဲ့ရာ ထိမွန္ၿပီးျမစ္ႀကီး နားေလတပ္စခန္းသို႔ လွည့္ျပန္၍ ဆင္းသက္သြား ေၾကာင္း ကခ်င္စစ္ေရးသတင္းရင္းျမစ္ထံမွ သိရသည္။

“ညေန ၅ နာရီေလာက္က အင္လုံခကို လာပစ္တဲ့ ရဟတ္ယာဥ္ ပစ္ခ်ခံရၿပီး ျမစ္ႀကီးနားေလတပ္စခန္း ထဲကိုျပန္ဆင္းသြားတယ္။ ေပါက္ကြဲသံေတာ့ၾကား လိုက္ရတယ္။ တစ္စင္းလုံး ထိမထိေတာ့ မသိရေသးဘူး”ဟု ျမစ္ႀကီးနားေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။

စစ္ေကာင္စီက ဗုံးလာေရာက္ႀကဲခ်သည့္ အဆိုပါ အင္လုံခ ေအာင္ေျမ (၁) သည္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ လီဆူးအမ်ိဳးသား ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးေ႐ႊမင္း၏ ျပည္သူ႔စစ္စခန္းတည္ရွိရာေနရာျဖစ္ၿပီး မတ္ ၇ ရက္ေန႔တြင္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက သိမ္းပိုက္ခဲ့ၿပီး စစ္ေကာင္စီက ျပန္လည္၍ လာေရာက္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုပစ္ခ်လိုက္သည့္ Mi 35 ရဟတ္ယာဥ္အပါအ၀င္ ယခုႏွစ္စအတြင္း KIA ပစ္ခ်ခဲ့သည့္ စစ္ေကာင္စီ ၏ ရဟတ္ယာဥ္ေပါင္း ၃ စင္း အထိရွိၿပီျဖစ္သည္။

ပုံစာ- စစ္ေကာင္စီ၏ (၇၂) ႏွစ္ေျမာက္ တပ္မေတာ္ (ေလ) ႏွစ္ပတ္လည္ေန႔တြင္ ေတြ႕ရသည့္ ရဟတ္ယာဥ္ႏွင့္ တိုက္ေလယာဥ္မ်ား

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *