သင်္ကန်းညီနောင်ရှိ ခမရ (၃၅၆)ဆို့အောက်ပါ

သင်္ကန်းညီနောင်ရှိ ခမရ (၃၅၆)တပ်ရင်းအား အပြီးသိမ်း

မတ်လ ၂၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြ၀တီ၊ သင်္ကန်းညီနောင် အ‌ခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၅၆)တပ်ရင်းအား KNLA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNUထံမှ သိရသည်။

အဆိုပါစခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ၂၀၂၄ ခုနှစ် မတ်လ (၁၅)ရက်နေ့မှစတင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းနေ့ ညနေပိုင်းတွင်ပင် စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်‌ကောင်စီတပ်သား (၁၁)ဦး သေဆုံးပြီး MA-1 (၄)လက်၊ MA-3 (၄)လက်၊ ငါးကြင်းမြီး စက်လက်တစ်လက်၊ ငါးကြင်းမြီး ပြောင်းတိုတစ်လက်၊ 81 MM (ဗုံးသီး) (၄၂)လုံး၊ 60 MM (ဗုံးသီး) (၁၇)လုံး၊ 81 MM (နောက်ပွင့်‌ဗုံးသီး) (၂၆)လုံး၊ နင်းမိုင်း ‌(အသေး) (၂၅)လုံး၊ အီနာဂါ (၆)လုံး၊ MA ကျည်ဘောက် (၇)ခု၊ MA ကျည်တောင့် (၁၂၀၀)တောင့်၊ လက်ပစ်ဗုံး (၃)လုံး၊ RPG အသီး(၃)လုံးနှင့် နင်းမိုင်း (အကြီး) (၂၇)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှလည်း ရဲဘော်(၅)ဦး ဒဏ်ရာရပြီး တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သင်္ဃန်းညီနောင် ခမရ(၃၅၅)စခန်းကိုလည်း KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၉)ဦးသေကာ တော်လှန်ရေးရဲဘော် (၆)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

Photo: Dooplaya District

သကၤန္းညီေနာင္ရွိ ခမရ (၃၅၆)တပ္ရင္းအား အၿပီးသိမ္း
မတ္လ ၂၀
ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ ျမ၀တီ၊ သကၤန္းညီေနာင္ အ‌ေျခစိုက္ စစ္ေကာင္စီတပ္ ခမရ (၃၅၆)တပ္ရင္းအား KNLA ပူးေပါင္းတပ္မ်ားက သိမ္းပိုက္လိုက္ၿပီျဖစ္ေၾကာင္း KNUထံမွ သိရသည္။
အဆိုပါစခန္းကို KNLA ႏွင့္ ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕တို႔မွ ၂၀၂၄ ခုႏွစ္ မတ္လ (၁၅)ရက္ေန႔မွစတင္ ၀င္ေရာက္တိုက္ခိုက္ခဲ့ရာ ယင္းေန႔ ညေနပိုင္းတြင္ပင္ စခန္းတစ္ခုလုံးအား အၿပီးသတ္ တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့သည္ဟု သိရသည္။
အဆိုပါ စခန္းသိမ္းတိုက္ပြဲတြင္ စစ္‌ေကာင္စီတပ္သား (၁၁)ဦး ေသဆုံးၿပီး MA-1 (၄)လက္၊ MA-3 (၄)လက္၊ ငါးၾကင္းၿမီး စက္လက္တစ္လက္၊ ငါးၾကင္းၿမီး ေျပာင္းတိုတစ္လက္၊ 81 MM (ဗုံးသီး) (၄၂)လုံး၊ 60 MM (ဗုံးသီး) (၁၇)လုံး၊ 81 MM (ေနာက္ပြင့္‌ဗုံးသီး) (၂၆)လုံး၊ နင္းမိုင္း ‌(အေသး) (၂၅)လုံး၊ အီနာဂါ (၆)လုံး၊ MA က်ည္ေဘာက္ (၇)ခု၊ MA က်ည္ေတာင့္ (၁၂၀၀)ေတာင့္၊ လက္ပစ္ဗုံး (၃)လုံး၊ RPG အသီး(၃)လုံးႏွင့္ နင္းမိုင္း (အႀကီး) (၂၇)လုံးတို႔ကို သိမ္းဆည္းရရွိခဲ့သည္ဟု သိရသည္။
စခန္းသိမ္းတိုက္ပြဲအတြင္း KNLAႏွင့္ ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕တို႔မွလည္း ရဲေဘာ္(၅)ဦး ဒဏ္ရာရၿပီး တစ္ဦးက်ဆုံးခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက သဃၤန္းညီေနာင္ ခမရ(၃၅၅)စခန္းကိုလည္း KNLA ပူးေပါင္းတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္သား (၁၉)ဦးေသကာ ေတာ္လွန္ေရးရဲေဘာ္ (၆)ဦး က်ဆုံးခဲ့ရေၾကာင္း သိရသည္။
Photo: Dooplaya District

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *