အခက်အခဲဲတွေနဲ့ကြုံတဲ့အခါ ပြုရမည့် အဓိဋ္ဌာန်ပါရမီီ

အားလုံးသင်ခန်းစာယူရမှာက ကိိုယ့်မှာ တခါတရံ လုပ်ငန်းကိုင်ငန်းလုပ်ရင်းနဲ့ အခက်အခဲ မကြုံဘူးလား? (ကြုံပါတယ် ဘုရား) အခက်အခဲဆိုရင် ဒါ စိတ်ဆင်းရဲစရာပြောတာပေါ့။ ဘာကိုပြောတာလဲ? (စိတ်ဆင်းရဲစရာကို ပြောတာပါ ဘုရား)ဖြစ်ချင်းတိုင်းမဖြစ် မကြားချင်တာကြားရ မမြင်ချင်တာ မြင်ရတာဆိိုတာက ကုသိိုလ်အကျိုးပေးလား၊ အကုသိုလ်အကျိုးပေးလား? (အကုသိုလ် အကျိုးပေးပါ ဘုရား)

အကုသိုလ်ဆိိုရင် မေတ္တာလား၊ ဒေါသမာနလား? (ဒေါသ မာနပါ ဘုရား) အဲ့ရဲ့အကျိုးပေးပြန်လာတာလေ။ အဲတော့ အဲဒါကို ဘာနဲ့ကာမလဲဆိုတော့ မေတ္တာနဲ့ပဲ ကာရမှာပေါ့။ ဘာနဲ့ ကာရမှာလဲ? (မေတ္တာနဲ့ပဲ ကာရမှာပါဘုရား)ဆရာတော်ဘုရားကြီးက “ကံကိိုကွယ်တဲ့ ကံအကျိုးပေးကိုဖျက်ချင်ရင် ကံနဲ့ပဲ ဖျက်ရတယ်။” တဲ့။ ကံကို ကံနဲ့ဖျက်။ အဲတော့ မေတ္တာပေါင်းပေါ့။

အခက်အခဲရှိလို့ စီးပွားတွေကအစ ဆွဲအားနည်းတော့ စီးပွားကလည်း မအီမလည်ဖြစ်၊ ပြဿနာတွေ ပေါ်လာပြီဆိုရင် အော် ငါ့မှာ ကုသိုလ်ဓာတ်ဆွဲအားက နည်းသွားလို့ပဲ သိရမယ်၊ ဟုတ်ရဲ့လား? အဓိဋ္ဌာန်ဝင်ရမယ်။ လွယ်လွယ်လေးပဲ ပေးခဲ့တာနော်။ စီးပွါးခက်ခက်၊ ရန်စွယ်တွေများတာဖြစ်ဖြစ် ကြိုက်တာလာပါစေ ဟုတ်ရဲ့လား?

လာလို့ရှိရင် အခက်အခဲကြုံရင်တဲ့ အော် ကုသိုလ်ဆွဲအားက နည်းသွားလို့၊ အကုသိုလ်လှိုင်းတွေ ဝင်လာပြီ ဟုတ်ရဲ့လား? (ဟုတ်ပါတယ် ဘုရား) အအေးဓာတ်နဲ့ ကုသိိုလ်က ဖြည့်ရတော့မှာပေ့ါ။ သဘောပေါက်လား။ အဲဒါ အဓိဋ္ဌာန်ဝင်ရတယ်။ ဘယ်လိုခေါ်လဲ? မြဲမြံစကားလေ၊ ခြေဖဝါးတော်က ပညာပေးနေပြီ တရားဟောနေပြီနော်။

အဲတော့ ရက်ပေါင်း(၁၀၀) အဓိဋ္ဌာန်ဝင်မယ်ပေါ့။ များတယ်ထင်လား? ရက်ပေါင်း (၁၀၀) ဆိုရင် နဲနဲတွန့်သွားတယ်။ ဘုရားရှင်က အောင်မြင်တာက ဘယ်လောက်လဲ ?လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါ ဘုရား။ရက်ပေါင်း (၁၀၀) ကများလား?(မများပါဘူး ဘုရား) အေးပါ စျေးဆစ်ချင်တယ်နော်။

ရက်ပေါင်း (၁၀၀) လောက်ကလေးတော့ ကဲ ရုပ်ရှင်ပွဲလမ်းမကြည့်ဘူး၊ သူများအတင်း မပြောဘူး၊ နှလုံးအေးအောင် နေမယ်လို့ အဓိဋ္ဌာန်လို့ မကောင်းဘူးလား? (ကောင်းပါတယ် ဘုရား) ပါးစပ်ကတော့တည့်ပါတယ် မလုပ်ချင်ဘူးလေ ခက်တာနော်။ အောင်တော့အောင်ချင်တယ်။ တကယ်ဖြည့်ဆို မဖြည့်ချင်ဘူး။

ဖြတ်လမ်းက သိဒ္ဓိပေးပါဘုရားဆို လိုချင်တယ်။သိဒ္ဓိ သွားသွားတောင်းတယ်၊ ဘယ်ရမလဲ? ကိုယ်လုပ်မှ ကိုယ်ရတာ။ မေတ္တာလှိုင်းလောက်ပဲ အပေါ်ယံလေးပဲ ပေးလို့ရတာပေါ့။

အတွင်းကထွက်တာလောက်် ကောင်းပါ့မလား? (မကောင်းပါဘူး ဘုရား) သဘောပေါက်ရဲ့လား။ အဲတော့ ကိိုယ်လုပ်မှ ကိုယ်ရတာ။ ဘုရားစကားနားထောင် အဓိဋ္ဌာန်ဝင်ရတယ်။ သဘောပေါက်လား။

ရက်ပေါင်း (၁၀၀) လောက်ကို မနက်စောစောထ ငါးနာရီလောက်တည်းက ညတည်းက ပြင်ဆင်ထား သက်ရှိိဘုရားကြီးအိမ်မှာ ရှိတယ်လေ။ သက်ရှိဘုရားကြီးလိုအာရုံပြုပြီးတော့ ဘုရားကိုယ်တိုင်ကြွဘိသကဲ့သို့ မနက်မိုးလင်း မိသားစုတွေထ မနက်ဆွမ်းပါချက် အိုးသက်သက်ထားရတယ်။ ဟင်းသက်သက်ထားရတယ်နော်။

အဲဒါချက်ပြီးလို့ရှိရင် ဆွမ်းကပ်မယ်။ဆီးမီး၊ ပန်း၊ ရေချမ်း ကပ်မယ်။ အဲဒါကပ်ပြီးတော့ ငါးပါးသီလခံ ကပ်ပြီးရင်် နတ်တွေလည်း ပင့်မယ်။ အမျိုးနတ်တွေဆိုတာ တကယ်ရှိပါတယ်တဲ့။ စောင့်ရှောက်ဖို့ အဆင်သင့်ပဲတဲ့။

ဒါ ကျမ်းတစ်ခုသိလို့ပါ။ သိကြားမင်း နတ်ပြည်မှာ နတ်သားဦးရေနည်းသွားတော့ အကြောင်းရှာတော့ လူတွေက ကုသိိုလ်ပြုတာ နည်းလို့တဲ့။ ဘာနည်းလို့လဲ? (ကုသိုလ်ပြုတာ နည်းလို့ပါ ဘုရား) နတ်ပြည်မှာလျော့ကုန်တာနော်။ စဉ်းစားကြည့်လေ ကိုယ့်တိုင်းပြည်က သိကြားမင်းက အုပ်ချုပ်တာ လူလေးနှစ်ယောက် သုံးယောက်ဆို ဘယ်အားရှိမလဲ၊ နတ်ဦးရေများမှ သူပျော်တာပေ့ါ။

နတ်ပြည်စည်ပင်ချင်တယ်ဆိုတော့ အဲမှာ ပျိုးထောင်ရတာပေါ့။ ဟုတ်ရဲ့လား။ လူတွေ ကုသိုလ်ဖြစ်အောင် ပျိုးထောင်မယ်ဆိိုရင် အမျိုးနတ်တွေ စောင့်ရှောက်ကြ။ ကိုယ့်ရဲ့အဘိုးတွေ ရှေးအဆက်ဆက် အဘိုးအဘွားတွေက နတ်ဖြစ်တာ ရှိတယ်လေ။ အဲမှာ စောင့်ရှောက်ရမယ် တာဝန်ပေးထားတာ။ သဘောပေါက်လား။

အဲဒါ ရိုးရာအစစ်ပဲ။ နတ်ကတော်ပြောတဲ့ ရိုးရာ မဟုတ်ဘူးနော်။ မျက်စိမလည်ကြနဲ့နော်။ အဲတော့ ဘုန်းဘုုန်းတို့ငယ်ငယ်က မယ်တော်ကြီးက နတ်ကတော်ဆိုတော့ ရိုးရာဖော်ပေးမယ်ဆိုရင် နတ်ကရိုင်းဖော်သလို တွေ့ရာလျှောက်ဖော်တော့တာပဲ။ မဟုတ်ဘူး။

အဘိုးအဘွားနတ်တွေ ဟိုး ဘဝများစွာက ရှိတာပေါ့နော်။ နတ်ကြီးတွေက စောင့်ရှောက်ဖိို့ အဆင့်သင့်ပဲတဲ့။ ကဲ အကြောင်းရှိရင် ငါ့ကို ဖုန်းဆက်ပါ ပြောထားတယ်၊ ဖုန်းမဆက်ရင် ကြားပါ့မလား။ (မကြားပါဘူး ဘုရား) အဲတော့ ကိုယ်က အသိအမှတ်မပြုဘူးလေ။

ညလည်းပဲ ဖုန်းတွေကြည့်၊ Facebook တွေကြည့်၊အိပ်ချင်မူးတူးအိပ်ပျော်သွား၊ ညဉ့်နက်မှ အိိပ်သွား၊ မနက်လည်းပဲ စောစောမထ။ ထင်ရာလျှောက်လုပ်တော့ နတ်တွေက ဘာလုပ်ပေးရမှန်း မသိတော့ဘူး။ အဆက်အသွယ် မရတော့ဘူးလေ။

စောင့်ရှောက်ချင်ပါတယ်တဲ့။ နတ်စောင့်ရှောက်တယ်ဆိုတာ ဘယ်လိုလဲဆိုတော့ အနိိဋ္ဌာရုံတွေ မလာအောင်တဲ့ ခရီးသွားတဲ့အခါ အန္တရာယ်မဖြစ်အောင် တားပေးတယ်။ အခက်အခဲ ရှိတယ်ဆိုလည်း အရောင်းအဝယ်ဆိုလည်းပဲ ကုန်သည်တွေ မနောတိုက်ပြီး ကိုယ့်ဆီခေါ်ပေးတယ်။ သဘောပေါက်လား။

အဲတော့ ကူညီမဲ့သူ ခေါ်ပေးတယ်။ဆက်သွယ်ပေးတယ်တဲ့။ အဲ တရားရတော့မယ်ဆိိုရင် တရားနာချင်အောင် တရားတကယ်ရှိတဲ့နေရာကို မရောက်ရောက်အောင် တွန်းပို့ပေးတယ်။ သဘောပေါက်ရဲ့လား။

ဘုုန်းဘုန်းတို့ တခါတလေကျ တောတွေသွား မရောက်ဖူးတဲ့တောတွေဆို တရားမနာကြဘူးဆိုရင် နတ်တွေတိုင်တည်ရတာပေါ့။ အမျိုးတွေခေါ်ပေးပါဆိုရင် တချို့ရောက်လာကြတယ်။ တွန်းပေးရတာပေ့ါနော်။ အဲတော့ မှတ်ကြပါ တကယ်စောင့်ရှောက်တာရှိတယ်။ အဲဒါကို လေးလေးစားစားနဲ့ပင့်ရပါတယ်နော်။

စောင့်ရှောက်တဲ့နတ်ကြီးတွေ ကိုယ့်ရဲ့အမျိုးနတ်တွေ ပင့််ရပါတယ်။ ပင့်ပြီးတော့မှ အမျှလည်းဝေရတယ်။ ဓမ္မစကြာ ပဋ္ဌာန်းလည်းပူဇော်ပြီး အမျှလည်းဝေရတယ်နော်။ လုပ်ပါ ဒါလုပ်ရမှာနော်။ အဲဒါ အဓိဋ္ဌာန်မြဲပစေ။ တစ်ရက်တည်း မဟုတ်ဘူး ရက်(၁၀၀)ပြည့်အောင် လုပ်မယ်ပေါ့။ မကောင်းဘူးလား? (ကောင်းပါတယ် ဘုရား)

ညလည်း ညမို့လို့ ညတိုင်းလုပ်ရမှာနော်။ ညကျတော့ သောက်တော်ရေ ဆီးမီး ပန််း ရေချမ်းကပ်ရမယ်နော် အဲလိုပဲ ငါးပါးသီလခံ နတ်တွေပင့် ပဋ္ဌာန်းဓမ္မစကြာ ပူဇော် မကောင်းဘူးလား? (ကောင်းပါတယ် ဘုရား) ပူဇော်ပြီးမှ အမျှတွေဝေ နားလည်တယ်နော်။ စောစောအိပ်ပေါ့။

နေ့ခင်းလည်းပဲ သူများအတင်းမပြောနဲ့ပေ့ါနော်။ အဲတော့ အေးအေးချမ်းချမ်းနေရမယ်် သွားရင်းလာရင်း ဘုရားဂုဏ်တော်ပွားကြ နားလည်မလား။ အဲဒါကို မြဲမြဲမြံမြံ ရုပ်ရှင်ပွဲလမ်း မကြည့်ဘဲနဲ့ ရက်(၁၀၀) ပြည့်အောင် လုပ်မယ်လို့ အဓိဋ္ဌာန်လိုက်တာပေါ့။ သဘောပေါက်လား။

အဓိဋ္ဌာန်လိုက်ရင် မခိုင်သွားဘူးလား? (ခိုင်သွားပါတယ် ဘုရား) ခရစ်စတယ်လ်တွေ ဆဲလ်တွေက ပိုပြီးတောင့်တင်းသွားတာပေ့ါ။ အဲဒါကို ပြုလုပ်တာရယ် ဆည်းပူတာရယ် များတာရယ် ပြန်ပြောတာရယ် ဟုတ်ရဲ့လား ထပ်ခါထပ်ခါဆည်းပူတော့ များမလာဘူးလား၊ အရောင်အဝေါတောက်တော့တာ ထက်ဝန်းကျင် ပျံ့နှံ့တော့တာ။

စကြာမင်းတောင်းမှ ဥပုသ်(၇)ရက်စောင့် မေတ္တာအောင်မှ စကြာယာဉ်လာတာကိုး။ ပြန်ပြောလို့ အဲလှိုင်းတွေကျယ်သွားပြီဆိုရင် လာဘ်လာဘလာပြီ။ စီးပွားပြန်တက်တာပေါ့။ သဘောပေါက်ရဲ့လား။တစ်ရက်နှစ်ရက်လုပ်ပြီးတော့ ဘယ်တော့လာမလဲဆို ဖြစ်ပါ့မလား? (မဖြစ်ပါဘူး ဘုရား) အဲလိုမဖြစ်ရဘူးနော်။ ဘုရားတကယ်ချစ်၊ မိဘဆရာသမားတကယ်ချစ်၊ အေးနေအောင် ရက်ပေါင်းများစွာ (၁၀၀) (၂၀၀) လောက်ဆို ပိုမကောင်းဘူးလား? (ကောင်းပါတယ် ဘုရား)

ရက်(၁၀၀)ပြည့်ပြီး တချို့က နားပစ်လိုက်တယ်၊ ရက်(၁၀၀)ပြည့်ရင် ဘာလဲ? (နားပစ်လိုက်ပါတယ် ဘုရား) ဘာဖြစ်လို့ နားတာတုန်း။ ကုသိုလ်များမှာ စိုးလို့လား။ဒါကြောင့် ယောဆရာတော်ဘုရားကြီးကဆုံးမတယ်။ ခန္ဓာအိမ်မှာ ဆေးစစ်တော့ အချိုများလည်း ဆီးချိုဖြစ်တာ ကြားနေရ၊ အခါးများလည်း သွေးပေါင်ကျ၊ အငန်များလည်း သွေးတိုးတဲ့၊ ဘယ်ဟာမှ မကောင်းဘူးတဲ့။ အဆီးများလည်းပဲ အဆီတွေပိတ်လို့ အသဲမှာ အဆီးဖုံး နှလုံးလည်း အဆီဖြစ်ဆိုတော့ ဘယ်ဟာမှ မကောင်းဘူးလေ။

အဲတော့ ဆရာတော်ကြီးက အမိန့်ရှိတယ်။ကိုယ့်ခန္ဓာမှာတဲ့ များတာကောင်းတာ ကုသိုလ်တစ်ခုပဲ ရှိတယ်ဗျာတဲ့။ ရက်ပေါင်း (၁၀၀)လောက်လုပ်ပြီးရင် များမှာစိုးလို့ နားတာလား။ စဉ်းစားလေ။ ဖြည့်ရမှာပေါ့နော်။မနားတမ်းဖြည့်ရင် မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား) အဲဒါကို အဓိဋ္ဌာန်ပါရမီခေါ်တယ်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

Be the first to comment

Leave a Reply

Your email address will not be published.


*