အုပ်ကြီးတွေ သွက်ချက်ပဲ တစ်ယောက်ပြီးတစ်ယောက်ဆို့အောက်

အမရပူရတွင် စစ်မှုထမ်းရန်လူစုပေးနေသော ရာအိမ်မှူးပစ်ခတ်ခံရပြီး သေဆုံး

မတ်လ ၂၂

မန္တလေးမြို့ အမရပူရမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန်လူစုပေးနေသော မိကျောင်းတက်ကျေးရွာမှ ရာအိမ်မှူးတစ်ဦး နေအိမ်အတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။မတ်လ ၂၀ရက် ည ၈နာရီခွဲခန့်က အမရပူရမြို့နယ်၊ မိကျောင်းတက်ကျေးရွာရှိ အသက်(၄၆)နှစ်အရွယ် ရာအိမ်မှူး သောင်းထွန်းဆိုသူသည် ၎င်း၏နေအိမ်၌ရှိနေစဥ် ဝင်ရောက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရွာထဲက လူငယ်တွေကိုခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ အတင်းအဓမ္မလူစုပေးနေလို့ ပစ်သွားတာပြောတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအဖွဲ့များက တစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီး၌ ရပ်ကျေးတာဝန်ခံများက စစ်မှုထမ်းရမည့် လူငယ်များအား ရွေးချယ်ပြီးနောက် လူစာရင်းအား စစ်ကောင်စီထံ တင်ပြထားပြီး သင်္ကြန်အပြီး၌ သင်တန်းစတက်ရမည်ဟုပြောသွားကြောင်း နယ်ခံများက ပြောသည်။

မတ်လ ၁၉ရက် ညနေပိုင်းကလည်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်း‌ကျေးရွာ၌ စစ်မှုထမ်းရန်လူစုပေးနေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မောင်ပုဆိုသူအား ဒေသတွင်း WTRF PDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့၍ သေဆုံးခဲ့သေးသည်။မန္တလေးမြို့တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် ကြိုးပမ်းပေးနေသောအဖွဲ့အစ​ည်းနှင့် လူပုဂ္ဂိုလ်များ ရပ်တန်းကရပ်ရန် မန္တလေးအခြေစိုက်တော်လှန်ရေးအဖွဲ့(၁၂)ဖွဲ့က မတ်လ ၁၇ရက်ကတည်းက သတိပေးထားသည်။

စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအတွက် ကူညီပေးနေသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အရေးယူမည်ဟု တော်လှန်ရေးအင်အားစုများက ကြေညာထားခဲ့ပြီးနောက် တစ်ပတ်အတွင်း အသတ်ခံရသည့် စစ်ကောင်စီတပ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ အနည်းဆုံး ၁၇ဦးခန့်ရှိသည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာပြီးနောက် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ လူဦးရေစာရင်းကောက်ယူခြင်း ၊ စစ်မှုထမ်းရန်အတွက် လူငယ် များအား မဲနှိုက်ရွေးချယ်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီသူများကို အရေးယူမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။(မန္တလေးမြို့တွင် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခံရသော လူငယ်တစ်ဦး​၏ ကတ်ပြား။ ဓာတ်ပုံ – CJ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *