Congratulations ရန်ကုန်တိုင်းUG ဌာနချုပ်ထိဝင်ဆော်တာ

||Breaking News||

ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ရဲ​ဘော်များ တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူ ဝင်​ရောက်တိုက်ခိုက်

▪️စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ပြော

မတ်လ ၂၂

ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များသည် တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယနေ့ သောကြာ​နေ့ ​နေ့လယ်​ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့် အ​ဝေးထိန်းမိုင်းဖြင့် ​​အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်ပကဖ(အထူး​ထောက်လှမ်း​ရေးအဖွဲ့)အသွင်ယူ ရဲ​ဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ စစ်​​ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာ​ရောက်မည်ဖြစ်​ကြောင်း၊ ၎င်းအပါအဝင် စစ်​ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့​တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ ​လာ​ရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျ ​ပေးပို့လာသည့်အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီးအချိန်မီ တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြား​​ကြောင်းသိရပြီး ​သေဆုံးစာရင်းကို အတိအကျမသိရ​သေး​​​ဟု ဆက်လက်ပြောသည်။

တိုက်ခိုက်မှု ပေါက်ကွဲသံကို ​ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိတိုင်းစစ်ဌာနချုပ်အတွင်းသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွား​ကြောင်း သိရသည်ဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြောသည်။

ရန်ကုန်ပကဖသည် စစ်မှုထမ်းဥပ​ဒေကို ထုတ်ပြန်ပြီး ပြည်သူအ​ပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး၊ နိုင့်ထက်စီးနင်းပြုမူ​လျက် အာဏာကိုအလွဲသုံးစားလုပ် ​ငွေညှစ်၊ အကြပ်ကိုင်မှုများ၏ အဓိက​ခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ထို့ကြောင့် ဖက်ဆစ်စစ်တပ်အလို​တော်ရိ၊ ​နောက်လိုက်​နောက်ပါ၊ ​ထောက်တိုင်၊ သတင်း​ပေး၊ တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကွက်၊​ကျေးရွာ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်​နေသူများကိုလည်း ပြည်သူအ​ပေါ်ဆက်လက်​မောက်မာကျူးလွန်မှုများ ရှိ​နေ​ကြောင်း ​တွေ့ရပါက စနစ်တကျ​လေ့လာပြီး အပြီးသပ်​ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်​ဆောက်ရွက်သွားမည်ဖြစ်​ကြောင်းအသိ​ပေးအပ်သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်းမှာပင် ရန်ကုန်မြို့တွင်ရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ၁၈နေရာအထိ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် အကြီးဆုံးပြစ်မှတ်အနေဖြင့် ငါးခုပါဝင်ခဲ့သည်။

လေယာဥ်ဆီတင် MVသင်္ဘော ဖောက်ခွဲတိုက်ခိုက်မှု၊ MEC အရာရှိများ နေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်မှု၊ Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်မှာရှိ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက်နှင့် ယခု ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတို့ ဖြစ်သည်။

“ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များ​၏ တိုက်ခိုပ်မှုမျာ”

▪️ဖေဖော်ဝါရီ ၇ – မြေနီကုန်းတံတားအောက် စစ်တပ်ဘန်ကာဖောက်ခွဲတိုက်ခိုက်(Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့)

▪️ဖေဖော်ဝါရီ ၉ – မင်္ဂလာဒုံလေဆိပ်အနီး စစ်ကောင်စီဂိတ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်(Operation Flame – OF)

▪️ဖေဖော်ဝါရီ ၁၃ – လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း (၉) အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ(Dark Shadow တပ်ဖွဲ့)

▪️ဖေဖော်ဝါရီ ၁၈ – လှိုင်သာယာမြို့နယ် (၁၂)နှင့် (၉)ရပ်ကွက်ရုံးအနီး ဗုံးများပေါက်ကွဲ(မသိရ)

▪️ဖေဖော်ဝါရီ ၂၁ – လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် တရုတ်စားသောက်ဆိုင်ကို မိုင်းခွဲတိုက်ခိုက် (Dark Shadow တပ်ဖွဲ့)

▪️ဖေဖော်ဝါရီ ၂၄ – လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးနှင့် ပျူစောထီးများ စုဝေးရာနေရာ ဖောက်ခွဲတိုက်ခိုက်ခံရ (ရန်ကုန်တိုင်း မြောက်ပိုင်း-ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

▪️ဖေဖော်ဝါရီ ၂၆ – မင်္ဂလာဒုံစစ်ဆေးရုံလုံခြုံရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်(Dark Shadow)

▪️ဖေဖော်ဝါရီ ၂၇ – မရမ်းကုန်းမြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ(Yangon Victory Force အဖွဲ့)

▪️ဖေဖော်ဝါရီ ၂၈ – Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်( Yangon Army၊ အနောက်ပိုင်းခရိုင် ပကဖ)

▪️မတ်လ ၁ – လေယာဥ်ဆီတင် MVသင်္ဘောအား ဖောက်ခွဲတိုက်ခိုက် (ရန်ကုန်တိုင်းပကဖ – ​​ရေငုပ်အထူးတပ်ဖွဲ့)

▪️မတ်လ ၁ရက် – Zeroမိုင်တိုးဂိတ်ရှိ ယာဉ်ထိန်းရဲများအား တိုက်ခိုက်(Yangon Army၊ အနောက်ပိုင်းခရိုင် ပကဖ)

▪️မတ်လ ၈ – အင်းစိန်မြို့နယ်ရှိ‌ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက် (Urban Special Force U.S.F – မြို့ပြအထူးတပ်ဖွဲ့)

▪️မတ်လ ၁၀ – MEC အရာရှိများနေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်(ရန်ကုန်တိုင်း ပကဖ အထူးတပ်ဖွဲ့)

▪️မတ်လ ၂၂ – ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာဝင်ရောက်တိုက်ခိုက်(ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့))

(ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ရဲဘော်များ တိုက်ခိုက်ခဲ့သည့် နေရာအား ပြသထားစဥ်။)

||Breaking News||
ရန္ကုန္ပကဖ (အထူးတပ္ဖြဲ႕)ရဲ​ေဘာ္မ်ား တိုင္းစစ္ဌာနခ်ဳပ္အတြင္းသို႔ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအျဖစ္အသြင္ယူ ဝင္​ေရာက္တိုက္ခိုက္
▪️စစ္​ေကာင္စီ၏ ထိပ္တန္းအရာရွိႀကီးမ်ား၊ တိုင္းစစ္ဌာနခ်ဳပ္အရာရွိ၊ အရာခံမ်ား ထိခိုက္ဒဏ္ရာရဟု ရန္ကုန္ပကဖ (အထူးတပ္ဖြဲ႕)ေျပာ
မတ္လ ၂၂
ရန္ကုန္ပကဖ (အထူးတပ္ဖြဲ႕)မွ ရဲ​ေဘာ္မ်ားသည္ တိုင္းစစ္ဌာနခ်ဳပ္အတြင္းသို႔ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအျဖစ္ အသြင္ယူဝင္​ေရာက္ၿပီး တိုက္ခိုက္ခဲ့ေၾကာင္း ရန္ကုန္ ပကဖ(အထူးတပ္ဖြဲ႕)မွ တာဝန္ရွိသူက ေျပာသည္။
စစ္ေကာင္စီ၏ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အတြင္း ျပင္းအားျမင့္အ​ေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္မႈျပဳလုပ္ခဲ့သည္ဟု ၎က ေျပာသည္။
ယေန႔ ေသာၾကာ​ေန႔ ​ေန႔လယ္​ပိုင္းတြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အတြင္း၊ စစ္​ေကာင္စီအရာရွိႀကီးမ်ား ​ေဂါက္သီး႐ိုက္ကစား​ေနသည့္ ​​​ေဂါက္ကြင္း​ေနရာသို႔ ရန္ကုန္ပကဖ (အထူးတပ္ဖြဲ႕)က ျပင္းအားျမင့္ အ​ေဝးထိန္းမိုင္းျဖင့္ ​​ေအာင္ျမင္စြာေဖာက္ခြဲတိုက္ခိုက္ႏိုင္ခဲ့သည္ဟု ၎က ေျပာသည္။
ရန္ကုန္ပကဖ(အထူး​ေထာက္လွမ္း​ေရးအဖြဲ႕)အသြင္ယူ ရဲ​ေဘာ္မ်ားထံမွ တိုင္းစစ္ဌာနခ်ဳပ္သို႔ စစ္​​ေကာင္စီ၏ ကစထ(၅)မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးသက္ပုံႏွင့္အဖြဲ႕ လာ​ေရာက္မည္ျဖစ္​ေၾကာင္း၊ ၎အပါအဝင္ စစ္​ေကာင္စီဝန္ႀကီးအခ်ိဳ႕၊ ရန္ကုန္တိုင္း စစ္တိုင္းမႉးႏွင့္ ၿမိဳ႕​ေတာ္ဝန္၊ အျခား တပ္ဘက္ အရပ္ဘက္အရာရွိႀကီးမ်ား ​လာ​ေရာက္ရန္ရွိေၾကာင္း အတြင္းသတင္းအတိအက် ​ေပးပို႔လာသည့္အတြက္ ရန္ကုန္ပကဖ (အထူးတပ္ဖြဲ႕)မွ ရဲ​ေဘာ္မ်ားက တိုင္းစစ္ဌာနခ်ဳပ္အတြင္းသို႔ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအျဖစ္ အသြင္ယူဝင္​ေရာက္ၿပီးအခ်ိန္မီ တိုက္ခိုက္ႏိုင္ရန္ ႀကိဳတင္ျပင္ဆင္ခဲ့ျခင္းဟု ဆိုသည္။
အဆိုပါတိုက္ခိုက္မႈ​ေၾကာင့္ စစ္​ေကာင္စီ၏ ထိပ္တန္းအရာရွိႀကီးမ်ား၊ တိုင္းစစ္ဌာနခ်ဳပ္အရာရွိ၊ အရာခံမ်ား ထိခိုက္ဒဏ္ရာရရွိမႈ မ်ားျပား​​ေၾကာင္းသိရၿပီး ​ေသဆုံးစာရင္းကို အတိအက်မသိရ​ေသး​​​ဟု ဆက္လက္ေျပာသည္။
တိုက္ခိုက္မႈ ေပါက္ကြဲသံကို ​ေဘးပတ္ဝန္းက်င္ၿမိဳ႕နယ္မ်ားက ၾကားရၿပီး လက္ရွိတိုင္းစစ္ဌာနခ်ဳပ္အတြင္းသို႔ မီးသတ္ကားႏွင့္လူနာတင္ကားမ်ား ဝင္သြား​ေၾကာင္း သိရသည္ဟု ရန္ကုန္ပကဖ (အထူးတပ္ဖြဲ႕)က ေျပာသည္။
ရန္ကုန္ပကဖသည္ စစ္မႈထမ္းဥပ​ေဒကို ထုတ္ျပန္ၿပီး ျပည္သူအ​ေပၚ မတရားသျဖင့္ ဗိုလ္က်စိုးမိုး၊ ႏိုင့္ထက္စီးနင္းျပဳမူ​လ်က္ အာဏာကိုအလြဲသုံးစားလုပ္ ​ေငြညႇစ္၊ အၾကပ္ကိုင္မႈမ်ား၏ အဓိက​ေခါင္းကိုင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္သို႔ ဦးတည္တိုက္ခိုက္ခဲ့ျခင္းဟု အသိေပးသည္။
ထို႔ေၾကာင့္ ဖက္ဆစ္စစ္တပ္အလို​ေတာ္ရိ၊ ​ေနာက္လိုက္​ေနာက္ပါ၊ ​ေထာက္တိုင္၊ သတင္း​ေပး၊ တိုင္း၊ခ႐ိုင္၊ၿမိဳ႕နယ္၊ရပ္ကြက္၊​ေက်း႐ြာ အဆင့္ဆင့္ တာဝန္ယူလုပ္ကိုင္​ေနသူမ်ားကိုလည္း ျပည္သူအ​ေပၚဆက္လက္​ေမာက္မာက်ဴးလြန္မႈမ်ား ရွိ​ေန​ေၾကာင္း ​ေတြ႕ရပါက စနစ္တက်​ေလ့လာၿပီး အၿပီးသပ္​ေခ်မႈန္းတိုက္ခိုက္မႈမ်ား ဆက္တိုက္​ေဆာက္႐ြက္သြားမည္ျဖစ္​ေၾကာင္းအသိ​ေပးအပ္သည္ဟု ေဖာ္ျပထားသည္။
ေဖေဖာ္ဝါရီႏွင့္ မတ္လ ႏွစ္လအတြင္းမွာပင္ ရန္ကုန္ၿမိဳ႕တြင္ရွိသည့္ စစ္ေကာင္စီႏွင့္ ဆက္စပ္သည့္ေနရာ ၁၈ေနရာအထိ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕မ်ားက တိုက္ခိုက္ခဲ့သည္။ ထိုတိုက္ခိုက္မႈမ်ားအနက္ အႀကီးဆုံးျပစ္မွတ္အေနျဖင့္ ငါးခုပါဝင္ခဲ့သည္။
ေလယာဥ္ဆီတင္ MVသေဘၤာ ေဖာက္ခြဲတိုက္ခိုက္မႈ၊ MEC အရာရွိမ်ား ေနထိုင္သည့္ ျမဝတီအရာရွိရိပ္သာ ေဖာက္ခြဲတိုက္ခိုက္မႈ၊ Mytel ႐ုံးခ်ဳပ္ ျပင္းအားျမင့္ အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္မႈ၊ အင္းစိန္ၿမိဳ႕နယ္မွာရွိ ေလတပ္အိမ္ရာဝင္း ပစ္ခတ္တိုက္ခိုက္ႏွင့္ ယခု ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အတြင္း၊ စစ္​ေကာင္စီအရာရွိႀကီးမ်ား ​ေဂါက္သီး႐ိုက္ကစား​ေနသည့္ ​​​ေဂါက္ကြင္း​ေနရာအတြင္း ဝင္ေရာက္တိုက္ခိုက္မႈတို႔ ျဖစ္သည္။
“ရန္ကုန္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕မ်ား​၏ တိုက္ခိုပ္မႈမ်ာ”
▪️ေဖေဖာ္ဝါရီ ၇ – ေျမနီကုန္းတံတားေအာက္ စစ္တပ္ဘန္ကာေဖာက္ခြဲတိုက္ခိုက္(Dark Shadow တပ္ဖြဲ႕ႏွင့္ မဟာမိတ္ GOD အဖြဲ႕)
▪️ေဖေဖာ္ဝါရီ ၉ – မဂၤလာဒုံေလဆိပ္အနီး စစ္ေကာင္စီဂိတ္ အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္(Operation Flame – OF)
▪️ေဖေဖာ္ဝါရီ ၁၃ – လႈိင္သာယာအေနာက္ပိုင္း စုေပါင္း႐ုံးႏွင့္ ရဲတပ္ရင္း (၉) အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခံရ(Dark Shadow တပ္ဖြဲ႕)
▪️ေဖေဖာ္ဝါရီ ၁၈ – လႈိင္သာယာၿမိဳ႕နယ္ (၁၂)ႏွင့္ (၉)ရပ္ကြက္႐ုံးအနီး ဗုံးမ်ားေပါက္ကြဲ(မသိရ)
▪️ေဖေဖာ္ဝါရီ ၂၁ – လႈိင္သာယာၿမိဳ႕နယ္ရွိ စစ္ေကာင္စီႏွင့္ဆက္ႏြယ္ေနသည့္ တ႐ုတ္စားေသာက္ဆိုင္ကို မိုင္းခြဲတိုက္ခိုက္ (Dark Shadow တပ္ဖြဲ႕)
▪️ေဖေဖာ္ဝါရီ ၂၄ – လႈိင္သာယာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံး ႏွစ္႐ုံးႏွင့္ ပ်ဴေစာထီးမ်ား စုေဝးရာေနရာ ေဖာက္ခြဲတိုက္ခိုက္ခံရ (ရန္ကုန္တိုင္း ေျမာက္ပိုင္း-ခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕)
▪️ေဖေဖာ္ဝါရီ ၂၆ – မဂၤလာဒုံစစ္ေဆး႐ုံလုံၿခဳံေရးဂိတ္ ဒ႐ုန္းျဖင့္ ဗုံးႀကဲတိုက္ခိုက္(Dark Shadow)
▪️ေဖေဖာ္ဝါရီ ၂၇ – မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံး ဗုံးခြဲတိုက္ခိုက္ခံရ(Yangon Victory Force အဖြဲ႕)
▪️ေဖေဖာ္ဝါရီ ၂၈ – Mytel ႐ုံးခ်ဳပ္ ျပင္းအားျမင့္ အေဝးထိန္းမိုင္းျဖင့္ေဖာက္ခြဲတိုက္ခိုက္( Yangon Army၊ အေနာက္ပိုင္းခ႐ိုင္ ပကဖ)
▪️မတ္လ ၁ – ေလယာဥ္ဆီတင္ MVသေဘၤာအား ေဖာက္ခြဲတိုက္ခိုက္ (ရန္ကုန္တိုင္းပကဖ – ​​ေရငုပ္အထူးတပ္ဖြဲ႕)
▪️မတ္လ ၁ရက္ – Zeroမိုင္တိုးဂိတ္ရွိ ယာဥ္ထိန္းရဲမ်ားအား တိုက္ခိုက္(Yangon Army၊ အေနာက္ပိုင္းခ႐ိုင္ ပကဖ)
▪️မတ္လ ၈ – အင္းစိန္ၿမိဳ႕နယ္ရွိ‌ ေလတပ္အိမ္ရာဝင္း ပစ္ခတ္တိုက္ခိုက္ (Urban Special Force U.S.F – ၿမိဳ႕ျပအထူးတပ္ဖြဲ႕)
▪️မတ္လ ၁၀ – MEC အရာရွိမ်ားေနထိုင္သည့္ ျမဝတီအရာရွိရိပ္သာ ေဖာက္ခြဲတိုက္ခိုက္(ရန္ကုန္တိုင္း ပကဖ အထူးတပ္ဖြဲ႕)
▪️မတ္လ ၂၂ – ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အတြင္း၊ စစ္​ေကာင္စီအရာရွိႀကီးမ်ား ​ေဂါက္သီး႐ိုက္ကစား​ေနသည့္ ​​​ေဂါက္ကြင္း​ေနရာဝင္ေရာက္တိုက္ခိုက္(ရန္ကုန္ ပကဖ(အထူးတပ္ဖြဲ႕))
(ရန္ကုန္ပကဖ (အထူးတပ္ဖြဲ႕) ရဲေဘာ္မ်ား တိုက္ခိုက္ခဲ့သည့္ ေနရာအား ျပသထားစဥ္။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *