မထောင်လှမ်းနိုင်တော့ဘူး ဆိုင်ထဲခွေခွေလေးအိပ်ပျော်နေလို့😄😄😄😄

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ ခရိုင်ထောက် လှမ်းရေးအဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ခရိုင်ထောက်လှမ်းရေးအဖွဲ့ဝင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဘူတာလမ်းတွင် နေထိုင်သည့် ကောင်းကွတ်တီယို ဆိုင်ပိုင်ရှင် အကြမ်းဖက် စစ်တပ်၏ ခရိုင် ထောက်လှမ်းရေးအဖွဲ့၀င် နေမင်းကြည်ကို PDF တပ်ရင်း- ၇၈၀၅ ၊ တပ်ခွဲ-၄ ၊ UG တပ်ဖွဲ့က ဘူဝာာလမ်းရှိ ၎င်းဆိုင်တွင် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“သူ့ဆိုင်ထဲမှာ သပိတ်အဖွဲ့က ကလေးတွေ ရှောင်တိမ်းတာတွေကို မောင်းထုတ်တာတွေ သတင်းပေးခဲ့တာတွေ အများအပြားလုပ်ခဲ့တာ ခုနောက်ပိုင်းလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းတွေကို ထောက်လှမ်းပြီး ပို့ပေးနေတာပါသူက ညမထွက်ရ အမိန့်တွေရှိနေပေမယ့်လည်း ဒီအမိန့်ထုတ်ပြန်ပြီးကတည်းက အမြဲတမ်း ရဲစခန်းမှာ ကားတစ်စီးပဲ ညဘက် အဝင်ထွက်ရှိတယ်။

အဲ့ကားကသူ့ကားပဲ ဖြစ်နေတာ တော်လှန်ရေး အစလောက်ထဲက သူ့ကိုစောင့်ကြည့်နေခဲ့တာပါ။ သူကပိုပိုပြီး ဆိုးလာလို့ ခုလို ရှင်းလင်လိုက်ရတာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG တပ်ဖွဲ့ အနေဖြင့် ရဲဘော်အသစ်များ တိုးလာတာသည် အမျှလိုအပ်ချက်များ ရှိလာသည့် အတွက် ပြည်သူတွေအနေဖြင့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးရန်မေတ္တာရပ်ခံကြောင်း တာရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *