မန္တလေး KBZဓားပြတိုက်မှု ငွေကျပ် သိန်း ၂၀၀၀ ကျော် ပါသွား

မန္တလေး KBZ ဘဏ်ခွဲ အမှတ် ၄၆ ကို လူ ၃ ဦးက ဓားပြတိုက်မှု ငွေကျပ် သိန်း ၂၀၀၀ ကျော် ပါသွား

ရန်ကုန်၊ မတ် ၂၅

မန္တလေးမြို့၊ KBZ ဘဏ်ခွဲအမှတ် ၄၆ ကို လူ ၃ ဦးက ယနေ့ နံနက်ပိုင်း ဓားပြတိုက်ပြီး ငွေကျပ် သိန်း ၂၀၀၀ ကျော် ပါသွားကြောင်း မန္တလေးဒေသပြည်သူတချို့နှင့် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်အချိန် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်း၊ ၃၁-၃၂ လမ်းအကြားရှိ မောရဂီဝါဘဏ်ခွဲ(မန္တလေးဘဏ်ခွဲ-၄၆) ကို လူ ၃ ဦးက လက်နက်များ ကိုင်ဆောင်လာပြီး ဓားပြဝင်တိုက်ကြောင်း၊ ဓားပြတိုက်သူ ၁ ဦးက ပစ္စတိုသေနတ် ၁ လက်၊ အခြားသူ ၁ ဦးက ပုဆိန် ၁ လက် ကိုင်ဆောင်ပြီး ဓားပြဝင်တိုက်ရာ ငွေကျပ် သိန်း ၂၀၀၀ ကျော်ပါသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့မရှိဘူး။ လူတွေကို စုခိုင်းပြီး။ ငွေတွေယူပြီး ထွက်သွားတာ။ အရွယ်ကောင်း ထောင်ထောင်မောင်းမောင်း ၃ ဦးက တိုက်တာ။ အခုတေ့ လမ်းဘေးက CCTV တွေကို ခြေရာခံပြီး လိုက်နေတာ မကြာခင်တော့ မိဖို့ အလားအလာများပါတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

မန္တလေး အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ် ဓားပြတိုက်မှုများ၊ ရွှေဆိုင်များကို လုယက်မှုများ အပါအဝင် အကြမ်းဖက် လုယက် အနုကြမ်းစီးမှုများ တောက်လျှောက်ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မႏၲေလး KBZ ဘဏ္ခြဲ အမွတ္ ၄၆ ကို လူ ၃ ဦးက ဓားျပတိုက္မႈ ေငြက်ပ္ သိန္း ၂၀၀၀ ေက်ာ္ ပါသြား
ရန္ကုန္၊ မတ္ ၂၅
မႏၲေလးၿမိဳ႕၊ KBZ ဘဏ္ခြဲအမွတ္ ၄၆ ကို လူ ၃ ဦးက ယေန႔ နံနက္ပိုင္း ဓားျပတိုက္ၿပီး ေငြက်ပ္ သိန္း ၂၀၀၀ ေက်ာ္ ပါသြားေၾကာင္း မႏၲေလးေဒသျပည္သူတခ်ိဳ႕ႏွင့္ ရဲသတင္းရင္းျမစ္က ေျပာဆိုသည္။
ယေန႔ နံနက္ ၁၁ နာရီ ၁၈ မိနစ္အခ်ိန္ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၇၄ လမ္း၊ ၃၁-၃၂ လမ္းအၾကားရွိ ေမာရဂီဝါဘဏ္ခြဲ(မႏၲေလးဘဏ္ခြဲ-၄၆) ကို လူ ၃ ဦးက လက္နက္မ်ား ကိုင္ေဆာင္လာၿပီး ဓားျပဝင္တိုက္ေၾကာင္း၊ ဓားျပတိုက္သူ ၁ ဦးက ပစၥတိုေသနတ္ ၁ လက္၊ အျခားသူ ၁ ဦးက ပုဆိန္ ၁ လက္ ကိုင္ေဆာင္ၿပီး ဓားျပဝင္တိုက္ရာ ေငြက်ပ္ သိန္း ၂၀၀၀ ေက်ာ္ပါသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ထိခိုက္ဒဏ္ရာရရွိတာမ်ိဳးေတာ့မရွိဘူး။ လူေတြကို စုခိုင္းၿပီး။ ေငြေတြယူၿပီး ထြက္သြားတာ။ အ႐ြယ္ေကာင္း ေထာင္ေထာင္ေမာင္းေမာင္း ၃ ဦးက တိုက္တာ။ အခုေတ့ လမ္းေဘးက CCTV ေတြကို ေျခရာခံၿပီး လိုက္ေနတာ မၾကာခင္ေတာ့ မိဖို႔ အလားအလာမ်ားပါတယ္” ဟု ရဲသတင္းရင္းျမစ္က ေျပာဆိုသည္။
မႏၲေလး အပါအဝင္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ဘဏ္ ဓားျပတိုက္မႈမ်ား၊ ေ႐ႊဆိုင္မ်ားကို လုယက္မႈမ်ား အပါအဝင္ အၾကမ္းဖက္ လုယက္ အႏုၾကမ္းစီးမႈမ်ား ေတာက္ေလွ်ာက္ဆိုသလို ျဖစ္ပြားလ်က္ရွိေၾကာင္း ရဲသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *