အုပ်ကြီးနှစ်ကောင်ပြိုင်တူ ဆို့အောက်

မတ္တရာနှင့် ကျောက်ပန်းတောင်းတွင် စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည့် လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစု – The Sky Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ဟန်လင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်ခန့် လက်နက်ကိုင် အုပ်ချုပ်ရေးမှူး အောင်ကိုကို ကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ကိုကို ကိုသည် ပျူစောထီး ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ပြည်သူများကို အကြောင်းမဲ့ရိုက်နှက် ညှင်းပန်းနှိပ်စက်ခြင်း၊ လက်နက်ပြ ငွေကြေးကောက်ခံခြင်းနှင့် အကြမ်းဖက် စစ်တပ်အတွက် စစ်မှုထမ်းရန် စာရင်း ကောက်ခံခြင်းများ ပြုလုပ်နေသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေး အင်အားစုတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် (ပကဖ)၊ မတ္တရာမြို့နယ် (ပကဖ) တိုက်နယ် ၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် စစ်မှုထမ်းရန် စာရင်းကောက်ခံခြင်း၊ ပြည်သူအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ပါက ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစု – The Sky Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သပြေကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး တင်စိန် ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ သပြေကိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

မတၱရာႏွင့္ ေက်ာက္ပန္းေတာင္းတြင္ စစ္မႈထမ္းရန္ စာရင္းေကာက္ခံေနသည့္ အုပ္ခ်ဳပ္ေရးမႉး ၂ ဦး ပစ္ခတ္ခံရၿပီး ၂ ဦးလုံး ေသဆုံး၊ ေသနတ္ ၁ လက္ သိမ္းဆည္းရရွိ
ရန္ကုန္၊ မတ္ ၂၅
မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ စစ္မႈထမ္းရန္ စာရင္းေကာက္ခံေနသည့္ လက္နက္ကိုင္ အုပ္ခ်ဳပ္ေရးမႉး ၁ ဦးကို ပစ္ခတ္ တိုက္ခိုက္ရာ ေသဆုံးခဲ့ေၾကာင္း ေကာင္းကင္ေတာ္လွန္ေရး အင္အားစု – The Sky Force မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
မတ္လ ၂၃ ရက္ေန႔တြင္ မတၱရာၿမိဳ႕နယ္၊ ဟန္လင္းေက်း႐ြာရွိ အၾကမ္းဖက္ စစ္တပ္ခန္႔ လက္နက္ကိုင္ အုပ္ခ်ဳပ္ေရးမႉး ေအာင္ကိုကို ကို ေတာ္လွန္ေရး ရဲေဘာ္မ်ားက ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ ေသဆုံးခဲ့ၿပီး ေသနတ္ ၁ လက္ သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
ေသဆုံးသြားေသာ အုပ္ခ်ဳပ္ေရးမႉး ေအာင္ကိုကို ကိုသည္ ပ်ဴေစာထီး ေခါင္းေဆာင္ တစ္ဦးျဖစ္ၿပီး ျပည္သူမ်ားကို အေၾကာင္းမဲ့႐ိုက္ႏွက္ ညႇင္းပန္းႏွိပ္စက္ျခင္း၊ လက္နက္ျပ ေငြေၾကးေကာက္ခံျခင္းႏွင့္ အၾကမ္းဖက္ စစ္တပ္အတြက္ စစ္မႈထမ္းရန္ စာရင္း ေကာက္ခံျခင္းမ်ား ျပဳလုပ္ေနသူ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ေကာင္းကင္ေတာ္လွန္ေရး အင္အားစုတပ္ဖြဲ႕၊ ျပင္ဦးလြင္ခ႐ိုင္ (ပကဖ)၊ မတၱရာၿမိဳ႕နယ္ (ပကဖ) တိုက္နယ္ ၂ တို႔က ပူးေပါင္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။
မတၱရာၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးမ်ား အေနျဖင့္ စစ္မႈထမ္းရန္ စာရင္းေကာက္ခံျခင္း၊ ျပည္သူအေပၚ ညႇင္းပန္းႏွိပ္စက္ျခင္းမ်ား ျပဳလုပ္ပါက ဆက္လက္ တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း ေကာင္းကင္ေတာ္လွန္ေရး အင္အားစု – The Sky Force မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ စစ္မႈထမ္း ဥပေဒကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနသည့္ သေျပကိုင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး တင္စိန္ ပစ္ခတ္ ခံရၿပီး ေသဆုံးသြားေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
မတ္လ ၂၃ ရက္ေန႔ ည ၁၀ နာရီခန႔္တြင္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ သေျပကိုင္း ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးကို အမည္မသိ ေသနတ္သမားမ်ားက ပစ္ခတ္ တိုက္ခိုက္ရာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *