ကော့ဘိန်းသတင်းကောင်းလေးလာဘီဗျို့😊😊😊

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့တွင် ကော့ဘိန်းရွာရှိ ရဲစခန်းကို မွန်နှင့်ကရင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များကပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ယနေ့ မတ်လ ၂၅ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ထံမှ သိရှိရသည်။”စခန်းက ရသွားပြီ။ လေယာဉ်နဲ့ စစ်ကောင်စီဘက်က လာကျဲနေတုန်းပဲ။

လက်နက်အချို့ ၁၀ လက်လောက် သိမ်းလိုက်နိုင်တယ်။ စစ်ကောင်စီဝင် အချို့ လက်နက်ချတယ်ကြားပေမယ့် တိုက်ပွဲရှိဆဲဆိုတော့ အတိအကျမသိရသေးဘူး” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ AD နှင့် Mon Liberation Army – မွန်ပြည် လွတ်မြောက်ရေး တပ်တော်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ့ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *