ခေါက်ဆွဲခြောက်၊ ရှူးရှဲ၊ ဆေးပေါ့လိပ်စသည်ဖြင့် ရိတ်ခါများရရှိ(ရုပ်သံ)

ဆွမ်ပရာဘွမ်တွင် စကစတပ်သားများအတွက် လေယာဉ်ဖြင့် ချပေးသော ရိက္ခာအိတ်များကို KIAတပ်ဖွဲ့ဝင်များရရှိ (ရုပ်သံ)

မတ်လ ၂၅ ရက်

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်ရှိ ခလရ (၄၆)ဗျူဟာတပ်စခန်းအား KIAတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ရိက္ခာပြတ်လပ်သွားသဖြင့် Y-12 လေယာဉ်မှ ရိက္ခာများ ချပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ Y-12 လေယာဉ်ဖြင့် ချပေးသော ရိက္ခာများကို KIAနှင့် ပူးပေါင်းတပ်တို့မှ ရရှိခဲ့ကြကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ KIAသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနက်ပိုင်းမှာ မြစ်ကြီးနားကနေ Y-12 လေယာဉ်တက်သွားတယ်လို့ကြားတယ်။ ခနနေတော့ ခလရ-၄၆မှာရှိတဲ့ စကစတွေကို ရိက္ခာချပေးမှန်းသိရတယ်။ ဒါပေမဲ့ အဲ့တာတွေကို ကျွန်တော်တို့ဘက်ကလူတွေ ရသွားတာပါ။”ဟု ပြောသည်။

ရိက္ခာအိတ်ထဲတွင် ခေါက်ဆွဲခြောက်၊ ရှူးရှဲ၊ ဆေးပေါ့လိပ်များ၊ဆန်နှင့် အခြားအသင့်စား အစာခြောက်များလည်း ပါဝင်ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နှင့် ရဲစခန်းတို့အား KIAနှင့် ပူးပေါင်းတပ်တို့မှ ထိန်းချုပ်ထားပြီး ခလရ (၄၆)ဗျူဟာတပ်စခန်းကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

ဆြမ္ပရာဘြမ္တြင္ စကစတပ္သားမ်ားအတြက္ ေလယာဥ္ျဖင့္ ခ်ေပးေသာ ရိကၡာအိတ္မ်ားကို KIAတပ္ဖြဲ႕ဝင္မ်ားရရွိ (႐ုပ္သံ)
မတ္လ ၂၅ ရက္
ကခ်င္ျပည္နယ္၊ ဆြမ္ပရာဘြမ္ရွိ ခလရ (၄၆)ဗ်ဴဟာတပ္စခန္းအား KIAတပ္ဖြဲ႕မ်ားမွ ပိတ္ဆို႔တိုက္ခိုက္မႈမ်ားေၾကာင့္ ရိကၡာျပတ္လပ္သြားသျဖင့္ Y-12 ေလယာဥ္မွ ရိကၡာမ်ား ခ်ေပးခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ Y-12 ေလယာဥ္ျဖင့္ ခ်ေပးေသာ ရိကၡာမ်ားကို KIAႏွင့္ ပူးေပါင္းတပ္တို႔မွ ရရွိခဲ့ၾကေၾကာင္း သိရသည္။ ထိုကိစၥႏွင့္ပတ္သက္၍ KIAသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
“မနက္ပိုင္းမွာ ျမစ္ႀကီးနားကေန Y-12 ေလယာဥ္တက္သြားတယ္လို႔ၾကားတယ္။ ခနေနေတာ့ ခလရ-၄၆မွာရွိတဲ့ စကစေတြကို ရိကၡာခ်ေပးမွန္းသိရတယ္။ ဒါေပမဲ့ အဲ့တာေတြကို ကြၽန္ေတာ္တို႔ဘက္ကလူေတြ ရသြားတာပါ။”ဟု ေျပာသည္။
ရိကၡာအိတ္ထဲတြင္ ေခါက္ဆြဲေျခာက္၊ ရႉးရွဲ၊ ေဆးေပါ့လိပ္မ်ား၊ဆန္ႏွင့္ အျခားအသင့္စား အစာေျခာက္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
ဆြမ္ပရာဘြမ္ၿမိဳ႕ႏွင့္ ရဲစခန္းတို႔အား KIAႏွင့္ ပူးေပါင္းတပ္တို႔မွ ထိန္းခ်ဳပ္ထားၿပီး ခလရ (၄၆)ဗ်ဴဟာတပ္စခန္းကို ဝန္းရံပိတ္ဆို႔ တိုက္ခိုက္ေနလ်က္ရွိေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *