ခမရ ၃၈၇ ဒုန်းဒုန်းဒုန်း

မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောကျေးရွာရှိ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ မတ် ၂၆ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောကျေးရွာရှိ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို KIA က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရှိ စစ်ကောင်စီ၏ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းနှင့် ခမရ ၃၂၀ တပ်ရင်းတို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

” မိုးမောက်မြို့နယ်၊ မြို့သစ် ကုန်းလော အခြေစိုက် ခမရ-၃၈၇ တပ်ရင်းဌာန စခန်းကို KIAက ဒီနေ့ မနက် ၇ နာရီ ၄၀ မိနစ်မှာ သိမ်းပိုက်ပါတယ်။ အခုထပ်ပြီး ခမရ ၃၂၀ တပ်စခန်းကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လေခမကြောင်းပစ်ကူများဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း၊ တိုက်ပွဲအသေးစိတ် အခြေအနေများ ဖြစ်သော စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနှင့် လက်နက်သိမ်းဆည်းရရှိမှု အခြေအနေများကို လတ်တလော တိုက်ပွဲ ပြင်းထန်နေ၍ မသိရှိရသေး ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။ ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *