ကော့ဘိန်းကို ဘယ်လိုသိ-မ်းခဲ့လဲရှိုးလိုက်(ရုပ်သံ)

ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၃ ဦး လက်နက်ချအညံ့ခံ၊ ၅ ဦးသေဆုံးပြီး သေနတ် ၂၇ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မတ်လ ၂၆ ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ ၂၅ ရက်က သိမ်းပိုက်ရရှိခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၃ ဦးလက်နက်ချအညံ့ခံပြီး ၅ ဦးသေဆုံးကာ သေနတ် ၂၇ လက်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးနဲ့ မိသားစုဝင် ၁၈ ဦးကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လွှဲပြောင်းပေးသွားမယ်လို့ သိ ရပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း စစ်ကောင်စီအတွက် စစ်သားစုဆောင်း ပေးနေတဲ့ အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ Lion Battalion Commandoအဖွဲ့မှ အသိပေးထုတ်ပြန်ထားပါတယ်။

မတ်လ ၂၆ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *