စ-စ်ကြောင်းမှူး ၃ပွင့်ဗိုလ်ကို လက်ရဖ-မ်းဆီးနိုင်ခဲ့

ကန့်ဒေါင့်စခန်းက စစ်ကြောင်းမှူး ၃ပွင့်ဗိုလ်ကို Pale Jokers PDF ကလက်ရဖမ်းဆီးနိုင်ခဲ့

မတ်လ ၂၈၊၂၀၂၄

သောင်ရင်းသတင်းလွှာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းရဲ့ စစ်ကြောင်းမှူး ၃ပွင့်ဗိုလ်ကြီးဆိုသူကို လက်ရဖမ်းမိထားတယ်လို့ Pale Jokers PDF – ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၁၉တာဝန်ရှိသူက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။

မနေ့က ကန့်ဒေါင့်စခန်း စစ်ကြောင်းမှူးဆိုသူ ၃ပွင့်ဗိုလ်ကြီးကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

“ဒီကောင်ကို ချောင်းနေတာ ကြာပြီ၊ ဒီကောင်က ဒီဘက်ကို ခဏခဏ လာတယ်၊ အရက် ထွက်ထွက်သောက် တာအခုတော့ လက်ရဖမ်းမိထားပြီ”လို့Pale Jokers PDF တာဝန်ရှိသူကပြောပါတယ်။

ဒီစစ်ဗိုလ်ကို Pale Jokers PDF ဘက်က နိုင်ငံတကာစစ်သုံ့ပန်းဥပ ဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မတ်လ ၂၈၊၂၀၂၄
သောင်ရင်းသတင်းလွှာ

Be the first to comment

Leave a Reply

Your email address will not be published.


*