ဖာပွန်က ခဝေးကင်းစင်နယ်မြေဖြစ်ဘီ

ဖားပွန်မြို့ပေါ်က စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ အားလုံးစွန့်ခွာသွားပြီး ဖားပွန်မြို့ကို KNU ထိန်းချုပ်…

++++++++++++++++

မတ်လ ၂၈ – ၂၀၂၄

ကရင်ပြည်နယ်၊ ဖားပွန်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့များအားလုံး မြို့အနီးက စစ်တပ်ဗျူဟာကုန်းကို မြို့ကို စွန့်ခွာကာ သွားရောက်ပူးပေါင်းပြီးနောက် ဖားပွန်မြို့ကို ကရင်အမျိုးသားအစည်းအရုံး – KNU က ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဖာပွန်မြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီတပ်ရင်းတပ်စခန်းများကို မတ်လ ၁၉ ရက်က စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) နဲ့ ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းရံပိတ်ဆို့ထားခဲ့ရာ ဒီနေ့အချိန်မှာတော့ စစ်ကောင်စီတပ်များက ဖာပွန်မြို့နဲ့ ၃ မိုင်ခန့်သာ ကွာဝေးတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းစခန်းကို ဆုတ်ခွာသွားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဖားပွန်မြို့ပေါ်ကနေ ဆုတ်ခွာသွားပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်များက ဖားပွန်မြို့ကို စိုးမိုးထိန်းချုပ်ထားပြီလို့ သိရပါတယ်။

ပုံစာ – KNU တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

++++++++++++++++
မတ်လ ၂၈ – ၂၀၂၄

Be the first to comment

Leave a Reply

Your email address will not be published.


*