အောင်မြင်ဖို့အတွက်…သင့်ဆီမှာ ရှိသင့်တဲ့ အချက်”၅”ချက်

အောင်မြင်ဖို့အတွက်…သင့်ဆီမှာ ရှိသင့်တဲ့ အချက်”၅”ချက်

၁။ ပထမအချက် အိပ်မက် ရှိရမယ်။ ရည်မှန်းချက် အိပ်မက်ကြီးကြီးမက်ပါ။ရဲရဲ မက်ပါ။ ဘဝတစ်ခုလုံး ပြောင်းလဲနိုင်အောင် မက်ပါ။အရင်က သင်မမက်ရဲတဲ့ မမက်ဖူးတဲ့ အိပ်မက်ကို ဒီနေ့ မက်လိုက်ပါ။ ရည်မှန်းချက် အိပ်မက် မက်တဲ့နေရာမှာ လက်ရှိဘဝကို ခဏမေ့ထားပါ။ သင် အမှန်တကယ် ဖြစ်ချင်တဲ့ဘဝမျိုး သင်အမှန်တကယ် လိုချင်တဲ့ ဘဝမျိုး သင်အမှန်တကယ် ရောက်ချင်တဲ့ဘဝမျိုး ဖြစ်ဖို့လိုတယ်။

၂။ ဒုတိယအချက် ယုံကြည်မှု ရှိရမယ်။ သင်တကယ် လိုချင်တဲ့ ဖြစ်ချင်တဲ့အိပ်မက်ကို သင်တကယ် သိပြီဆိုရင် သိရုံနဲ့ မရသေးဘူး။ ငါ အဲ့ဒီအိပ်မက်ကို ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်ရမယ်။ သင့်ကိုသင်မှ မယုံကြည်ရင် မယုံကြည်ရဲရင် အခြားသူက သင့်ကို ဘယ်လိုယုံကြည်မလဲ…..?အခြားသူယုံယုံ မယုံယုံ သင့်ကိုသင် ယုံကြည်ဖို့ လိုတယ်။သင် ဖြစ်ကိုဖြစ်ရမယ်လို့ အပြည့်အဝ ယုံကြည်လိုက်ပါ။

၃။ တတိယအချက် သင်ယူရမယ်။သင့်ကိုသင် ယုံကြည်ရုံနဲ့ မရသေးဘူး။သိသင့်သိထိုက်တာ၊လေ့လာသင့်၊လေ့လာထိုက်တာတွေသင်ယူရမယ်။ “Little knowledge is very dangerous” ဆိုသလိုပဲ မသင်ယူပဲ လုပ်ရင်တော့ ချောက်ထဲကျမှာ သေချာတယ်။ဒါကြောင့် တတိယအချက်ဖြစ်တဲ့ သင်ယူမှုအပိုင်းကို အပြည့်အဝ သင်ယူပါ။

၄။ စတုတ္ထအချက် လုပ်ဆောင်ပါ။ သင်ယူတတ်မြှောက်ရုံနဲ့မရသေးဘူး။ သိတဲ့အတိုင်း မနားမနေ လုပ်ဆောင်ရမယ်။ ဘယ်လိုလုပ်ဆောင်ရမလဲဆိုရင် မအောင်မြင်မချင်း တစ်ရက်မှ ငါ မနားဘူးဆိုတဲ့ စိတ်နဲ့ လုပ်ပါ။ နာရီတစ်သောင်း(တစ်ရက်၁၀နာရီ၃နှစ်)တစိုက်မတ်မတ်လုပ်ရမယ်။ လောကမှာ အလုပ်လုပ်ပြီး သေသွားတဲ့သူ မရှိဘူး။အလုပ်မလုပ်ပဲ ဆင်းဆင်းရဲရဲ ဘဝဖြတ်သန်းရမှသာ အဲဒီ ဆင်းရဲခြင်း ကသာ သင့်ကို သတ်လိမ့်မယ်ဆိုတာ မှတ်ပြီးလုပ်ပါ။

၅။ ပဉ္စမအချက် ပြန်လည် သုံးသပ်ပါ။ လုပ်ဆောင်နေရုံနဲ့ မအောင်မြင်သေးဘူးဆိုရင် ပြန်လည်သုံးသပ်ပါ။ ကိုယ့်ရဲ့လုပ်ဆောင်ချက် ဘာတွေချွတ်ယွင်းနေလဲ….? ဘာမှားနေလဲ ပြန်သုံးသပ်ပါ။ အားနည်းနေတဲ့အပိုင်း ချွတ်ယွင်းနေတဲ့ အပိုင်းကို ပြန်လည်ပြုပြင်ပါ။ အောင်မြင်တဲ့သူတွေကို မေးပါ။ နည်းလမ်းတွေကို ပြန်သုံးသပ်ပါ။ အားနည်းနေရင်ပြောင်းလဲဖို့ လုံးဝ မတွန့်ဆုတ်ပါနဲ့။

Credit – လေးစားစွာဖြင့် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*