ဘူးသီးတောင်မှာ ဘူးသီးကြော် ဖြစ်သွားသော ဒုတပ်ရင်းမှု

ဘူးသီးတောင်မှာ ဘူးသီးကြော် ဖြစ်သွားသော ဒုတပ်ရင်းမှု

ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းမှ ထွက်ပြေးသွားသည့် စစ်သားများကို လိုက်လံ တိုက် ခိုက်ချေမှုန်းမှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ဒုတပ် ရင်းမှူး ဇော်ဇော်အောင်ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စကခ ၁၅ လက်အောက်ခံ ခမရ ၅၆၄ တပ်ရင်းမှ ထွက်ပြေး သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ဒုတပ်ရင်းမှူး ဇော်ဇော်အောင်ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

ဧပြီလ ၅ ရက် ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဘဒနာကျေးရွာအနီး၌ အကြမ်းဖက် ဖက် ဆစ် စစ်ကောင်စီတပ်၏ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ခမရ ၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ရခိုင့်တပ်တော် ဆေးတပ်ဖွဲ့မှ လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရရှိသူ ဇော်ဇော်အောင်သည် ခမရ ၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူးဖြစ်ပြီးDSA အပတ်စဉ် ၄၇ ကျောင်းဆင်းဖြစ်ကာ အသက် ၄၀ အရွယ်ခန့်ရှိပြီဖြစ်ကြောင်း၊ ဘူးသီးတောင်အခြေစိုက် အကြမ်း ဖက်စစ် ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်သည့် စခန်း သိမ်းတိုက်ပွဲမှ လက်နက် ချအညံ့မခံဘဲ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တစ်ဦး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခမရ ၅၆၄ စခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိရာ ယနေ့ ဧပြီလ ၇ ရက်နေ့ အထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ကြောင်း၊ အခြားလွတ် မြောက်နေ သူများကိုလည်း ဆက်လက် လိုက်လံ တိုက်ခိုက် ချေမှုန်းလျက်ရှိကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

ဘူးသီးေတာင္အေျခစိုက္ ခမရ ၅၆၄ တပ္ရင္းမွ ထြက္ေျပးသြားသည့္ စစ္သားမ်ားကို လိုက္လံ တိုက္ ခိုက္ေခ်မႈန္းမႈ စစ္သား ၁၀ ဦးေက်ာ္ေသဆုံးၿပီး ဒုတပ္ ရင္းမႉး ေဇာ္ေဇာ္ေအာင္ကို ဒဏ္ရာမ်ားျဖင့္ အရွင္ဖမ္းမိ
ရန္ကုန္၊ ဧၿပီ ၇
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စကခ ၁၅ လက္ေအာက္ခံ ခမရ ၅၆၄ တပ္ရင္းမွ ထြက္ေျပး သည့္ အၾကမ္းဖက္စစ္သားမ်ားကို လိုက္လံတိုက္ခိုက္ေခ်မႈန္းခဲ့ရာ စစ္သား ၁၀ ဦးေက်ာ္ေသဆုံးၿပီး ဒုတပ္ရင္းမႉး ေဇာ္ေဇာ္ေအာင္ကို ဒဏ္ရာမ်ားျဖင့္ အရွင္ဖမ္းမိခဲ့ေၾကာင္း ရခိုင့္တပ္ေတာ္ – AA က ထုတ္ျပန္သည္။
ဧၿပီလ ၅ ရက္ ညေန ၄ နာရီခန႔္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဘဒနာေက်း႐ြာအနီး၌ အၾကမ္းဖက္ ဖက္ ဆစ္ စစ္ေကာင္စီတပ္၏ ဘူးသီးေတာင္ အေျခစိုက္ စကခ ၁၅ လက္ေအာက္ခံ၊ခမရ ၅၆၅ တပ္ရင္းမွ ဒုတပ္ရင္းမႉး ဗိုလ္မႉး ေဇာ္ေဇာ္ေအာင္ကို ဒဏ္ရာမ်ားျဖင့္ အရွင္ဖမ္းမိခဲ့ျခင္းျဖစ္ၿပီး ရခိုင့္တပ္ေတာ္ ေဆးတပ္ဖြဲ႕မွ လူသားခ်င္းစာနာစြာျဖင့္ ေဆးကုသေပးလ်က္ရွိေၾကာင္း သိရသည္။
ဖမ္းဆီးရရွိသူ ေဇာ္ေဇာ္ေအာင္သည္ ခမရ ၅၆၅ တပ္ရင္းမွ ဒုတပ္ရင္းမႉးျဖစ္ၿပီးDSA အပတ္စဥ္ ၄၇ ေက်ာင္းဆင္းျဖစ္ကာ အသက္ ၄၀ အ႐ြယ္ခန႔္ရွိၿပီျဖစ္ေၾကာင္း၊ ဘူးသီးေတာင္အေျခစိုက္ အၾကမ္း ဖက္စစ္ ေကာင္စီ၏ ခမရ ၅၆၄ တပ္ရင္းဌာနခ်ဳပ္အား ရကၡိဳင့္တပ္ေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္သည့္ စခန္း သိမ္းတိုက္ပြဲမွ လက္နက္ ခ်အညံ့မခံဘဲ ထြက္ေျပးေနၾကေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားထဲမွ တစ္ဦး ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ခမရ ၅၆၄ စခန္းမွ လက္နက္ခ်အညံ့မခံဘဲ ထြက္ေျပးေနေသာ အၾကမ္း ဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားကို ရကၡိဳင့္တပ္ေတာ္မွ လိုက္လံ တိုက္ခိုက္ ေခ်မႈန္းလ်က္ရွိရာ ယေန႔ ဧၿပီလ ၇ ရက္ေန႔ အထိ အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးေက်ာ္ကို ထပ္မံေခ်မႈန္းႏိုင္ခဲ့ေၾကာင္း၊ အျခားလြတ္ ေျမာက္ေန သူမ်ားကိုလည္း ဆက္လက္ လိုက္လံ တိုက္ခိုက္ ေခ်မႈန္းလ်က္ရွိေၾကာင္း ရခိုင့္တပ္ေတာ္ – AA က ထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *