မလွှတ်ပေးတာမဟုတ်ဘူး…မပြန်ရဲကြတာနေမှာ…

မလွှတ်ပေးတာမဟုတ်ဘူး…မပြန်ရဲကြတာနေမှာ…

သင်္ဃန်းညီနောင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU က လွှတ်ပေးခြင်းမရှိသဖြင့် ရန်ကုန်-မဲဆောက် ပျံသန်း လူလာခေါ်သော စစ်ကောင်စီလေယာဉ်တွင် လူမပါဘဲ လှည့်ပြန်ရဟု ထိုင်းမီဒီယာများ ဖော်ပြ

■ ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ခေါ်ယူရေး အစီအစဉ် ဖျက်သိမ်းရ ဖွယ်ရှိဟုဆို

ရန်ကုန်၊ ဧပြီ ၈

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU က ပြန် လည် လွှတ်ပေးခြင်းမရှိသဖြင့် ရန်ကုန်-မဲဆောက် ပျံသန်းခဲ့သော စစ်ကောင်စီလေယာဉ်များတွင် လူအလွတ်များဖြင့် သာ လှည့်ပျံသန်းသွားရဟု ထိုင်းမီဒီယာများက ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြကြသည်။

ယမန်နေ့ ညပိုင်း စစ်ကောင်စီစေလွှတ်လိုက်သော ATR 72-600 လေယာဉ်သည် မဲဆောက်သို့ ရောက်ရှိလာခဲ့ပြီး ၁ နာရီအထိ KNU ဘက်က ပြန်လွှတ်ပေးမည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စောင့်ဆိုင်းခဲ့ကြောင်း ၊ သို့ရာတွင် မည်သူမှ လာရောက်ခြင်းမရှိသဖြင့် MNA မြန်မာအမျိုးသားလေကြောင်းလိုင်း ATR 72-600 လေယာဉ်သည် လူမပါဘဲ ရန်ကုန်သို့ ပြန်လည် ပျံသန်းသွားကြောင်း Mae Sot Media က သတင်းဖော်ပြသည်။

ထိုင်း ThaiPBS North သတင်းဌာနကလည်း ယမန်နေ့ညပိုင်း ATR 72-600 လေယာဉ်ဖြင့် မည်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုမှ ခေါ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဧပြီလ ၈ ရက်နေ့နှင့် ဧပြီလ ၉ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရေး အရေးပေါ် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းရဖွယ်ရှိနေကြောင်း ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ရန်ကုန်မှ မဲဆောက်မြို့သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ATR 72-600 ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူရန် အကြမ်းဖက် စစ်ကောင်စီက ထိုင်းအစိုးရထံ ပန်ကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင် စစ်တပ်ဗျူဟာစခန်းကြီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုဝင် ၆၁၇ ဦးသည် KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များထံတွင် ယခုရက်ပိုင်းအတွင်း လက်နက်ချ အညံ့ခံခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း မြန်မာစစ်တပ်၏ MNA လေယာဉ် ဆိုက်ရောက်စဉ် မဲဆောက်လေဆိပ်တွင် လူသူမရှိဘဲ တိတ်ဆိတ်နေစဉ်။

သဃၤန္းညီေနာင္တြင္ လက္နက္ခ် အညံ့ခံေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို KNU က လႊတ္ေပးျခင္းမရွိသျဖင့္ ရန္ကုန္-မဲေဆာက္ ပ်ံသန္း လူလာေခၚေသာ စစ္ေကာင္စီေလယာဥ္တြင္ လူမပါဘဲ လွည့္ျပန္ရဟု ထိုင္းမီဒီယာမ်ား ေဖာ္ျပ
■ ဧၿပီလ ၈ ရက္ေန႔ႏွင့္ ၉ ရက္ေန႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ျပန္လည္ ေခၚယူေရး အစီအစဥ္ ဖ်က္သိမ္းရ ဖြယ္ရွိဟုဆို
ရန္ကုန္၊ ဧၿပီ ၈
ကရင္ျပည္နယ္၊ သဃၤန္းညီေနာင္တြင္ လက္နက္ခ် အညံ့ခံေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို KNU က ျပန္ လည္ လႊတ္ေပးျခင္းမရွိသျဖင့္ ရန္ကုန္-မဲေဆာက္ ပ်ံသန္းခဲ့ေသာ စစ္ေကာင္စီေလယာဥ္မ်ားတြင္ လူအလြတ္မ်ားျဖင့္ သာ လွည့္ပ်ံသန္းသြားရဟု ထိုင္းမီဒီယာမ်ားက ယေန႔ နံနက္ပိုင္းတြင္ သတင္းေဖာ္ျပၾကသည္။
ယမန္ေန႔ ညပိုင္း စစ္ေကာင္စီေစလႊတ္လိုက္ေသာ ATR 72-600 ေလယာဥ္သည္ မဲေဆာက္သို႔ ေရာက္ရွိလာခဲ့ၿပီး ၁ နာရီအထိ KNU ဘက္က ျပန္လႊတ္ေပးမည့္ စစ္သုံ႔ပန္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ေစာင့္ဆိုင္းခဲ့ေၾကာင္း ၊ သို႔ရာတြင္ မည္သူမွ လာေရာက္ျခင္းမရွိသျဖင့္ MNA ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း ATR 72-600 ေလယာဥ္သည္ လူမပါဘဲ ရန္ကုန္သို႔ ျပန္လည္ ပ်ံသန္းသြားေၾကာင္း Mae Sot Media က သတင္းေဖာ္ျပသည္။
ထိုင္း ThaiPBS North သတင္းဌာနကလည္း ယမန္ေန႔ညပိုင္း ATR 72-600 ေလယာဥ္ျဖင့္ မည္သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ကိုမွ ေခၚေဆာင္ႏိုင္ခဲ့ျခင္းမရွိေၾကာင္း၊ ထို႔ေၾကာင့္ ဧၿပီလ ၈ ရက္ေန႔ႏွင့္ ဧၿပီလ ၉ ရက္ေန႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ကယ္ထုတ္ေရး အေရးေပၚ ေလေၾကာင္းခရီးစဥ္မ်ားကို ဖ်က္သိမ္းရဖြယ္ရွိေနေၾကာင္း ယေန႔ နံနက္ပိုင္းတြင္ သတင္းေဖာ္ျပထားသည္။
အၾကမ္းဖက္စစ္ေကာင္စီက ဧၿပီလ ၇ ရက္ေန႔မွ ဧၿပီလ ၉ ရက္ေန႔အထိ ရန္ကုန္မွ မဲေဆာက္ၿမိဳ႕သို႔ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း MNA ATR 72-600 ျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို သယ္ယူရန္ အၾကမ္းဖက္ စစ္ေကာင္စီက ထိုင္းအစိုးရထံ ပန္ၾကားခဲ့ျခင္းျဖစ္သည္။
ကရင္ျပည္နယ္၊ သဃၤန္းညီေနာင္ စစ္တပ္ဗ်ဴဟာစခန္းႀကီးမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ႏွင့္မိသားစုဝင္ ၆၁၇ ဦးသည္ KNU ႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕မ်ားထံတြင္ ယခုရက္ပိုင္းအတြင္း လက္နက္ခ် အညံ့ခံခဲ့ၾကျခင္းျဖစ္သည္။
ဓာတ္ပုံ- ယမန္ေန႔ညပိုင္း ျမန္မာစစ္တပ္၏ MNA ေလယာဥ္ ဆိုက္ေရာက္စဥ္ မဲေဆာက္ေလဆိပ္တြင္ လူသူမရွိဘဲ တိတ္ဆိတ္ေနစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *