ခါတော်မှီ သင်္ကြန်အလှူကြီးအားရစရာပဲ

ခါတော်မှီ သင်္ကြန်အလှူကြီးအားရစရာပဲ

ဟုမ္မလင်းရှိ စစ်တပ်၊ ပျူစောထီး ပူးပေါင်း စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု လက်နက် ၁၀၀ ကျော် သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးတို့ ပူးပေါင်းတပ်စွဲထား သော စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက် နက် ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့မှ စတင်၍ ဧပြီလ ၇ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ်၊ အင် ကြင်းမှော်ရွာ၊ မနော်သာရွာနှင့် ကျွန်းကုန်းရွာရှိ ခမရ ၃၆၉၊ ၃၇၀ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ကျော် ဖြင့် အခြေပြုနေသော အကြမ်းဖက်စစ်တပ် စ ခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း ၄၊ တပ်ရင်း ၈၊ မော်လိုက်ခရိုင် တပ်ရင်း – ၁၊ ခန္တီးခရိုင် တပ်ရင်း – ၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ ၉ ရက်အကြာ တိုက်ခိုက်ခဲ့ရပြီး သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစခန်သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော လက် လုပ် သေနတ် အလက် ၂၀ အပါအဝင် လက်နက်ငယ်မျိုးစုံ ၁၃၁ လက်၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ Drone Gun ၁ လက်၊ Station Jammer ၁ ခု၊ ဓားမျိုးစုံ ၃၀ ချောင်းနှင့် တရုတ် စကားပြောစက် – TSSD ၁၆ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဟုမၼလင္းရွိ စစ္တပ္၊ ပ်ဴေစာထီး ပူးေပါင္း စခန္း ၄ ခုကို တိုက္ခိုက္သိမ္းပိုက္မႈ လက္နက္ ၁၀၀ ေက်ာ္ သိမ္း ဆည္းရရွိ
ရန္ကုန္၊ ဧၿပီ ၈
စစ္ကိုင္းတိုင္း၊ ခႏၲီးခ႐ိုင္၊ ဟုမၼလင္းၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ ပ်ဴေစာထီးတို႔ ပူးေပါင္းတပ္စြဲထား ေသာ စခန္း ၄ ခုကို တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ လက္ နက္ ၁၀၀ ေက်ာ္ သိမ္းဆည္းရရွိခဲ့ေၾကာင္း အမွတ္ ၁ စစ္ေဒသက ထုတ္ျပန္သည္။
မတ္လ ၃၀ ရက္ေန႔မွ စတင္၍ ဧၿပီလ ၇ ရက္ေန႔အထိ ဟုမၼလင္းၿမိဳ႕နယ္၊ အင္ ၾကင္းေမွာ္႐ြာ၊ မေနာ္သာ႐ြာႏွင့္ ကြၽန္းကုန္း႐ြာရွိ ခမရ ၃၆၉၊ ၃၇၀ ႏွင့္ ပ်ဴေစာထီး ပူးေပါင္းအင္အား ၃၀၀ ေက်ာ္ ျဖင့္ အေျချပဳေနေသာ အၾကမ္းဖက္စစ္တပ္ စ ခန္း ၄ ခုကို သိမ္းပိုက္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈကို အထူးလႈပ္ရွား တပ္ရင္း ၄၊ တပ္ရင္း ၈၊ ေမာ္လိုက္ခ႐ိုင္ တပ္ရင္း – ၁၊ ခႏၲီးခ႐ိုင္ တပ္ရင္း – ၁၊ ေဖာင္းျပင္ၿမိဳ႕နယ္ ပကဖ ႏွင့္ ဟုမၼလင္းၿမိဳ႕နယ္ ပကဖ တို႔ ပူးေပါင္းကာ ၉ ရက္အၾကာ တိုက္ခိုက္ခဲ့ရၿပီး သိမ္းပိုက္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယင္းစခန္သိမ္းတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္သားမ်ား အသုံးျပဳေသာ လက္ လုပ္ ေသနတ္ အလက္ ၂၀ အပါအဝင္ လက္နက္ငယ္မ်ိဳးစုံ ၁၃၁ လက္၊ က်ည္မ်ိဳးစုံ ၁၃၀၀၀ ေက်ာ္၊ ေရွ႕ထြက္မိုင္း ၂ လုံး၊ ဗုံးသီးမ်ိဳးစုံ ၄ လုံး၊ Drone Gun ၁ လက္၊ Station Jammer ၁ ခု၊ ဓားမ်ိဳးစုံ ၃၀ ေခ်ာင္းႏွင့္ တ႐ုတ္ စကားေျပာစက္ – TSSD ၁၆ လုံးတို႔ကို သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *