ဘဒိုတို့ကပြတ်သားတယ် စွပုငိုစမ်း

ဘဒိုတို့ကပြတ်သားတယ် စွပုငိုစမ်း

လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်တပ်ထံ ပြန်ပို့ရန် အကြောင်း မရှိ၊ ထိုင်းအစိုးရက တိုက်ရိုက်စကားပြောလာခြင်း မရှိသည့်အပြင် စစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲ မည်သည့် ဖိအားပေးမှုကိုမှ KNU က လက်မခံ

■ စစ်ရှုံးနေသော စစ်ကောင်စီက ရှက်ရကောင်းမှန်းမသိဖြစ်နေပြီး သူ့လူများ ပြန်ပေးရန် နိုင်ငံတကာကို အောက် ကျို့

ရန်ကုန်၊ ဧပြီ ၈

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်တပ်ထံသို့ ပြန်ပို့ရန်အကြောင်း မရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် အထူးသီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် KNU နှင့် တိုက်ရိုက်စကားပြောဆိုခြင်းမရှိသကဲ့သို့ KNU အနေဖြင့်လည်း မိမိကာကွယ်ရမည့် သူများကို ၎င်းတို့၏ ဆန္ဒမပါဘဲ ပြန်လည်ပို့ဆောင်မည်မဟုတ်ကြောင်း ပဒိုစောတောနီးက ပြောဆိုသည်။

“ဒီလူတွေက အစိုးရ ဂုဏ်သိက္ခာနဲ့ အဲဒီလို စကားလုံးကို အများကြီးသုံးတယ်။ အဲဒါကြောင့် ကျနော်တို့နဲ့ တော်ရုံ တန်ရုံ စကားမပြောဘူးဗျ။ ကျနော်တို့နဲ့ တိုက်ရိုက်စကားမပြောပေမယ့် သူတို့ပြောနေတဲ့စကားတွေ ကျနော်တို့ ကြားကြားနေရတယ်။ အဲဒါလေးတော့ရှိတာပေါ့။ သီအိုရီအရ G to G ဆိုတာ သူတို့ အမြဲပြောတယ်။ G to G ဆိုတာ ကျနော်တို့ ဘယ်ပါမလဲ။ လက်ရှိကာလမှာ” ဟု KNU ပဒိုစောတောနီးက ပြောဆိုသည်။

“သူတို့တကယ်ပြန်ချင်တယ်ဆိုရင် သူတို့ဆန္ဒအလျောက်ပေါ့။ အဲဒါကတော့ ကျွန်တော်တို့ တကယ်မတားဘူး သူတို့ ပြန်နိုင်တယ်။ ဒုတိယအချက် အဲဒီလူတွေကို ဆန္ဒမပါဘဲနဲ့ ဒီလူတွေကို အတင်းကာရော ပြန်ပြီးတော့ အတင်း အကျပ်နဲ့ ပြန်ပို့တဲ့ဟာကိုတော့ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး။ အဲဒါကို ကျွန်တော်တို့ကို လာပြီးတော့ ဖိအားပေးလို့မရဘူး။ အဲဒါ ကျွန်တော်တို့တာဝန်ရှိတယ်။ အဲဒါကြောင့်မို့ တစ်ချိန်တည်းမှာ တခြား နိုင်ငံတကာအဖွဲ့အစည်း တွေ၊ နိုင်ငံတကာအစိုးရတွေကို ပန်ကြားချင်တာကတော့ ဒီလိုမျိုး လာပြီးတော့ ဖိအားပေးတာတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအဖွဲ့တိုင်း အဖွဲ့တိုင်းမှာ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်း၊ အစိုးရမဟုတ်သည့်တိုင်အောင် လူထုအပေါ်မှာ ရပ်တည်တဲ့ အဖွဲ့အစည်းမှန်သမျှဟာ ဒီလူထုတွေ အသက်ရှင် ရပ်တည်ရေး ကျွန်တော်တို့ တာဝန်ခံရတယ်။ အဲဒီအပေါ်မှာတော့ သူတို့ ဆန္ဒမပါဘဲနဲ့ ဒီလူတွေ ပြန်ပို့မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ အဲဒါတစ်ချက်ပဲ သေချာရှင်းလင်းချင်တယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိတွင် စစ်ရှုံးနေသော်လည်း ရှက်ရကောင်းမှန်း မသိဖြစ်နေကြောင်း၊ နိုင်ငံတကာကို အောက်ကျို့ပြီး KNU ကို ဖိအားပေးရန် ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“စစ်ရေးအရရော ကြည့်ရင် ရှုံးပွဲတွေနဲ့ ဆက်နေတာကို ဒါလည်း ရှက်ရကောင်းမှန်းမသိဘူး။ နိုင်ငံတကာကို သူတို့ အောက်ကျို့ပြီးတော့ သူ့လူတွေ ပြန်ခေါ်ပါရစေနဲ့။ ဒီလို စစ်ရှုံးနေတဲ့ လူတွေကို ဒီကနေ ပြီးတော့ သူ့ရဲ့ဟာတွေ၊ သူ့ဝန်ထမ်းတွေ၊ ပစ္စည်းပစ္စယတွေကို ကြွယ်၀ချမ်းသာမှုတွေကို အကုန်လုံး လေကြောင်းကနေ ပြန်ထုတ်မယ်ဆိုတာကြီးက ဒါက တစ်ကမ္ဘာလုံးကို ငါစစ်ရှုံးပြီဆိုတာ ကြေညာလိုက်တာပဲလေ။ အဲဒါ သူတို့က ရှက်ရကောင်းမှန်းလည်းမသိဘူး။ ဒီအခြေအနေက ရှိနေပါတယ်။ ဒါကတော့ မဆန်းပါဘူး။ ကျနော်တို့ကတော့ သူတို့နဲ့ သွားတုလို့လည်းမရဘူးလေ။ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုသွားသည်။

လက္နက္ခ် အညံ့ခံေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆၁၇ ဦးကို ၎တို႔၏ ဆႏၵမပါဘဲ စစ္တပ္ထံ ျပန္ပို႔ရန္ အေၾကာင္း မရွိ၊ ထိုင္းအစိုးရက တိုက္႐ိုက္စကားေျပာလာျခင္း မရွိသည့္အျပင္ စစ္သုံ႔ပန္းမ်ား၏ ဆႏၵမပါဘဲ မည္သည့္ ဖိအားေပးမႈကိုမွ KNU က လက္မခံ
■ စစ္ရႈံးေနေသာ စစ္ေကာင္စီက ရွက္ရေကာင္းမွန္းမသိျဖစ္ေနၿပီး သူ႔လူမ်ား ျပန္ေပးရန္ ႏိုင္ငံတကာကို ေအာက္ က်ိဳ႕
ရန္ကုန္၊ ဧၿပီ ၈
ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU အေနျဖင့္ လက္နက္ခ် အညံ့ခံေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆၁၇ ဦးကို ၎တို႔၏ ဆႏၵမပါဘဲ စစ္တပ္ထံသို႔ ျပန္ပို႔ရန္အေၾကာင္း မရွိေၾကာင္း KNU ဗဟိုအလုပ္အမႈေဆာင္ႏွင့္ ေျပာခြင့္ရပုဂၢိဳလ္ ပဒိုေစာေတာနီးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုလိုက္သည္။
ရန္ကုန္ေခတ္သစ္သတင္းဌာနႏွင့္ အထူးသီးသန႔္ေတြ႕ဆုံေမးျမန္းခန္းတြင္ ၎က အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္းျဖစ္သည္။
ထိုင္းအစိုးရအေနျဖင့္ KNU ႏွင့္ တိုက္႐ိုက္စကားေျပာဆိုျခင္းမရွိသကဲ့သို႔ KNU အေနျဖင့္လည္း မိမိကာကြယ္ရမည့္ သူမ်ားကို ၎တို႔၏ ဆႏၵမပါဘဲ ျပန္လည္ပို႔ေဆာင္မည္မဟုတ္ေၾကာင္း ပဒိုေစာေတာနီးက ေျပာဆိုသည္။
“ဒီလူေတြက အစိုးရ ဂုဏ္သိကၡာနဲ႔ အဲဒီလို စကားလုံးကို အမ်ားႀကီးသုံးတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔နဲ႔ ေတာ္႐ုံ တန္႐ုံ စကားမေျပာဘူးဗ်။ က်ေနာ္တို႔နဲ႔ တိုက္႐ိုက္စကားမေျပာေပမယ့္ သူတို႔ေျပာေနတဲ့စကားေတြ က်ေနာ္တို႔ ၾကားၾကားေနရတယ္။ အဲဒါေလးေတာ့ရွိတာေပါ့။ သီအိုရီအရ G to G ဆိုတာ သူတို႔ အၿမဲေျပာတယ္။ G to G ဆိုတာ က်ေနာ္တို႔ ဘယ္ပါမလဲ။ လက္ရွိကာလမွာ” ဟု KNU ပဒိုေစာေတာနီးက ေျပာဆိုသည္။
“သူတို႔တကယ္ျပန္ခ်င္တယ္ဆိုရင္ သူတို႔ဆႏၵအေလ်ာက္ေပါ့။ အဲဒါကေတာ့ ကြၽန္ေတာ္တို႔ တကယ္မတားဘူး သူတို႔ ျပန္ႏိုင္တယ္။ ဒုတိယအခ်က္ အဲဒီလူေတြကို ဆႏၵမပါဘဲနဲ႔ ဒီလူေတြကို အတင္းကာေရာ ျပန္ၿပီးေတာ့ အတင္း အက်ပ္နဲ႔ ျပန္ပို႔တဲ့ဟာကိုေတာ့ ကြၽန္ေတာ္တို႔ လုံးဝလက္မခံႏိုင္ဘူး။ အဲဒါကို ကြၽန္ေတာ္တို႔ကို လာၿပီးေတာ့ ဖိအားေပးလို႔မရဘူး။ အဲဒါ ကြၽန္ေတာ္တို႔တာဝန္ရွိတယ္။ အဲဒါေၾကာင့္မို႔ တစ္ခ်ိန္တည္းမွာ တျခား ႏိုင္ငံတကာအဖြဲ႕အစည္း ေတြ၊ ႏိုင္ငံတကာအစိုးရေတြကို ပန္ၾကားခ်င္တာကေတာ့ ဒီလိုမ်ိဳး လာၿပီးေတာ့ ဖိအားေပးတာေတာ့ ကြၽန္ေတာ္တို႔ လက္မခံႏိုင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အစိုးရအဖြဲ႕တိုင္း အဖြဲ႕တိုင္းမွာ ကြၽန္ေတာ္တို႔ ဘယ္အဖြဲ႕အစည္း၊ အစိုးရမဟုတ္သည့္တိုင္ေအာင္ လူထုအေပၚမွာ ရပ္တည္တဲ့ အဖြဲ႕အစည္းမွန္သမွ်ဟာ ဒီလူထုေတြ အသက္ရွင္ ရပ္တည္ေရး ကြၽန္ေတာ္တို႔ တာဝန္ခံရတယ္။ အဲဒီအေပၚမွာေတာ့ သူတို႔ ဆႏၵမပါဘဲနဲ႔ ဒီလူေတြ ျပန္ပို႔မွာ မဟုတ္ဘူး။ အဲဒါေၾကာင့္မို႔လို႔ အဲဒါတစ္ခ်က္ပဲ ေသခ်ာရွင္းလင္းခ်င္တယ္” ဟု ပဒိုေစာေတာနီးက ေျပာဆိုသည္။
အၾကမ္းဖက္စစ္ေကာင္စီသည္ လက္ရွိတြင္ စစ္ရႈံးေနေသာ္လည္း ရွက္ရေကာင္းမွန္း မသိျဖစ္ေနေၾကာင္း၊ ႏိုင္ငံတကာကို ေအာက္က်ိဳ႕ၿပီး KNU ကို ဖိအားေပးရန္ ႀကိဳးစားေနေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။
“စစ္ေရးအရေရာ ၾကည့္ရင္ ရႈံးပြဲေတြနဲ႔ ဆက္ေနတာကို ဒါလည္း ရွက္ရေကာင္းမွန္းမသိဘူး။ ႏိုင္ငံတကာကို သူတို႔ ေအာက္က်ိဳ႕ၿပီးေတာ့ သူ႔လူေတြ ျပန္ေခၚပါရေစနဲ႔။ ဒီလို စစ္ရႈံးေနတဲ့ လူေတြကို ဒီကေန ၿပီးေတာ့ သူ႔ရဲ႕ဟာေတြ၊ သူ႔ဝန္ထမ္းေတြ၊ ပစၥည္းပစၥယေတြကို ႂကြယ္၀ခ်မ္းသာမႈေတြကို အကုန္လုံး ေလေၾကာင္းကေန ျပန္ထုတ္မယ္ဆိုတာႀကီးက ဒါက တစ္ကမာၻလုံးကို ငါစစ္ရႈံးၿပီဆိုတာ ေၾကညာလိုက္တာပဲေလ။ အဲဒါ သူတို႔က ရွက္ရေကာင္းမွန္းလည္းမသိဘူး။ ဒီအေျခအေနက ရွိေနပါတယ္။ ဒါကေတာ့ မဆန္းပါဘူး။ က်ေနာ္တို႔ကေတာ့ သူတို႔နဲ႔ သြားတုလို႔လည္းမရဘူးေလ။ က်ေနာ္တို႔က လုပ္စရာရွိတာ ဆက္လုပ္ရမွာပဲ” ဟု ပဒိုေစာေတာနီးက ရန္ကုန္ေခတ္သစ္သတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ ေျပာဆိုသြားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *