မျက်နှာပေါ်မှာရှိတဲ့ အရေပြားက တစ်ခါတစ်လေ မညီညာပါဘူး။နဖူးပေါ်မှာ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကြောင့် အမဲစက်တွေဖြစ်နေတာတွေ , နှာခေါင်းမှာ နေလောင်ဒါဏ်ကြောင့် မဲနေတာတွေလည်းရှိကြပါတယ်။ဒါပေမယ့် အဲ့လိုမညီမညာဖြစ်နေတဲ့ မျက်နှာက အရေပြားတွေကို မျက်နှာပုံမှန်သစ်ပေးတာနဲ့ ညီညာပျောက်ကင်းစေမယ့် နည်းလေးကိုဖော်ပြပေးပါမယ်။
ပါဝင်မယ့် ပစ္စည်းနှစ်ခုကတော့ ခရမ်းချဉ်သီးရယ် နွားနို့ရယ်ပါ။ခရမ်းချဉ်သီးနဲ့ နွားနို့ကို ရောပြီး အပါတ်တိုင်းမျက်နှာကို ဆေးကြောပေးခြင်းက မျက်နှာမှာရှိတဲ့ ဝက်ခြံတွေကိုလျော့ပါးစေပြီးတော့ ညီညာတဲ့ အသားအရေကို ရရှိစေနိုင်မှာပါ။
ပထမဦးဆုံးအနေတဲ့ လတ်ဆတ်ပြီး မကြိုချက်ရသေးတဲ့ နွားနို့လိုအပ်ပါတယ်။ပြီးရင် ခရမ်းချဉ်သီး အမှည့်လိုအပ်ပါတယ်။ခရမ်းချဉ်သီးအမှည့်ကို အလယ်ကလှီးပြီး အထဲက အနှစ်ကိုယူရမှာပါ။ အစေ့တွေကို စစ်ပြီးယူဖို့တော့လိုပါတယ်။ အစေ့တွေကိုဇကာစ သေးသေးလေး ဒါမှမဟုတ် ပိတ်စပါးပါးလေးနဲ့ စစ်ပြီးတော့ ညှစ်ချရမှာပါ။
ပြီးရင် နွားနို့နဲ့ ဆတူရောပြီး ပုလင်းတစ်ခုထဲကိုထည့်ထားပါ။မျက်နှာပေါ်ကို ဝါဂွမ်းစကိုသုံးပြီး နွားနို့နဲ့ ခရမ်းချဉ်သီးအရည်ကို ဖြေးဖြေးချင်းလိမ်းလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးရင် မျက်နှာလိမ်း Cream တစ်ခုခုလိမ်းပေးပါ။တစ်နေ့ကို နှစ်ခါလောက်လုပ်ပေးခြင်းဖြင့် ညီညာတဲ့ အသားအရေကို ပိုင်ဆိုင်လာစေမှာပါ။