ချောင်းဆိူးတာကို လုံးဝ ရပ်သွားစေမဲ့ ဆေးနည်းလေးပါ…

ချောင်းဆိူးတာကို လုံးဝ ရပ်သွားစေမဲ့ ဆေးနည်းလေးပါ

နေ့စဉ်ရက်ဆက် ချောင်းဆိုးရင်ကျပ် ဖြစ်နေတာရက် ၂၀ ကျော်နေပြီ။ ဖြစ်ခါစ တပါတ်လောက်အထိ နေ့တိုင်း ဆေးခန်းသွားပြတယ်။ မသက်သာဘူး။

လေပြွန်ရောင်တာနဲ့. ချောင်းဆိုးရင်ကျပ်တွဲဖြစ်တော့ နေရဆိုး ဆေးမျိုးစုံ ဝယ်သောက် ဒါလဲ မပျောက်ဘူး။

ရက် ၂၀ ကျော်လာတော့ လူကြီးတွေက စိုးရိမ်လာလို့ အထူးကုနဲ့ ပြတော့ ဒီတိုင်းမဖြစ်ဘူး ဆိုပြီး ဆေးရုံသွားဖို့ စီစဉ်နေတုန်း အိမ်ကို ရွာက ဦးလေး အလည်ရောက်တာနဲ့ ကြုံရော။

ဦးလေးက နေဦး ဆေးရုံမသွားသေးနဲ့ဦး သင်္ဘောရွက် ရေနွေးစိမ်သောက်ကြည့်စမ်း ဆိုတာနဲ့ အဲ့ဒီနေ့ တစ်နေ့လုံး ဝင်သလောက် သင်္ဘောရွက်ကို ရေနွေးစိမ် သောက်တာ။ ညကျ အိပ်နိုင်တယ်။

ဒါနဲ့ရောဂါ သက်သာတာပဲ ဆိုပြီး နောက်ရက်တွေ ဆ က်တိုက်သောက်ပေးတာ၊ ၅ရက်လောက်နေတော့ ချေ ာင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်းပျောက်သွားတယ်။သင်္ဘောရွက်ကို အသုံးပြုပုံက အရွက်စိုကိုပဲဖြစ်ဖြစ် အ ရွက်ခြောက်ကိုပဲ ဖြစ်ဖြစ်၊ ခွက်ထဲထည့် အပေါ်ကနေ ရေနွေးပူပူကို လောင်းထည့်၊ မပူမအေးလေးမှာ သော က်လို့ရပြီ။

သောက်ခါစမှာ အရွက်စိမ်းစော် နံနေပေမဲ့ သုံးခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေသောက်နိုင်သွားပြီး ငွေမကုန်ပဲ ရောဂါ သက်သာစေတဲ့ ဆေးနည်းမို့ ကျမနဲ့ ရောဂါတူသူများရှိရင် စမ်းသောက်ကြည့်စေချင်ပါတယ်။ ကျန်းမာ ဝဖြိုး အလှတိုးကျပါစေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *