ဘေးကင်းကြပါစေ 🚁🚁နှင်သံဂျက်ကာတွေတတ်လာဘီ(ရုပ်သံ)

ဘေးကင်းကြပါစေ 🚁🚁နှင်သံဂျက်ကာတွေတတ်လာဘီ(ရုပ်သံ)

မော်လမြိုင်ဘက်မှ သံချပ်ကာ ကားနှင့်စစ်ယာဉ်တန်းများ ဘားအံဘက်သို့ ဦးတည်လာနေပြီး မြ၀တီမြို့ပြင် နေရာတချို့တွင် မီးလောင်နေ၊ ခလရ ၂၇၅ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာဟုဆို

ရန်ကုန်၊ ဧပြီ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ သံချပ်ကာကားနှင့် စစ်ယာဉ်တန်းများ ကရင်ပြည်နယ် ဘားအံဘက်သို့ ဦးတည် လာနေမှုများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် သံလွင်တံတား (ဘားအံ့ )ပေါ်တွင် စစ်ကား ၂၀ စီးနှင့် သံချပ်ကာ

ကား ၁၀ စီး စုစုပေါင်း စစ်ကား ၃၀ စီးပါ ယာဉ်တန်း ဖြတ်သန်းသွားကြောင်း၊ဘားအံဘက်သို့ ဦးတည်နေကြောင်း သိရှိရသည်။

“မနက်၆နာရီဝန်းကျင်လောက်မှာ သံလွင်တံတား(ဘားအံ) ပေါ်ကနေ စစ်ယာဉ်တန်းသွားတာမြင်လိုက်ရတယ်။ စစ်ကားပေါ်မှာ တစ်စီးကို စစ်သား ၁၀ ဦးလောက်ပါတယ်။ စစ်ကားက၂၀စီးလောက်လူအပြည့်ပဲ။ အင်အား ၂၅၀ ဝန်းကျင်တော့ရှိမယ်ထင်တယ်။ သံချပ်ကာကားတွေလည်းပါတယ်” ဟု မျက်မြင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“သထုံကနေ ဘားအံဘက်ကို ခွေးကားအစီး ၄၀ လောက် သွားပါတယ်။ ရိက္ခာအပြည့်အစုံ ကားထဲမှာလည်း လူအပြည့်နဲ့ သံချပ်ကာကား ၃ စီးပါတယ်။ မြ၀တီ ဘက်ကိုသွမလို့လားမသိဘူး ။ အခုမနက် ၉ နာရီ ၃၅ မိနစ်ပါ” ဟု သထုံဒေသပြည်သူတစ်ဦးကလည်း ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်လည်း လုံခြုံရေး တင်းကျပ်မှုများရှိနေပြီး ဘားအံအဝင်အထွက်တွင် စစ်ကားတချို့ ကင်းလှည့်သွားလာမှုများရှိကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ဘက်တွင်မူ ယနေ့ နံနက်ပိုင်းအထိ ပစ်ခတ်သံနှင့်ပေါက်ကွဲသံတချို့ ကြားရပြီး မြ၀တီ၊ မြေနီကုန်းအနီးမှ မြ၀တီမြို့ပြင်ဘက်တွင် မီးလောင်ကျွမ်းမှုကို မြင်တွေ့ရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

ယမန်နေ့ နေ့လယ်ပိုင်းမှ ဖြစ်ပွားခဲ့သော ခလရ ၂၇၅ကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး (၄ + ၂၁ ) သေဆုံးကြောင်း၊ ၁၅ ဦးဒဏ်ရာရရှိထားဖြင့် လေကြောင်း ပစ်ကူပေးရန် စစ်ကူတောင်းခံမှုများရှိနေသည်ဟု ကြေးနန်းသတင်းအရ သိရှိရကြောင်း ကြားဖြတ်ဖမ်းယူခဲ့သော သတင်းအချက်အလက်ကို ကိုးကား၍ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- မြ၀တီမြို့၊ မြေနီကုန်းမီးပွိုင့်အနီး ယနေ့ နံနက်ပိုင်း မီးလောင်နေစဉ်။

ေမာ္လၿမိဳင္ဘက္မွ သံခ်ပ္ကာ ကားႏွင့္စစ္ယာဥ္တန္းမ်ား ဘားအံဘက္သို႔ ဦးတည္လာေနၿပီး ျမ၀တီၿမိဳ႕ျပင္ ေနရာတခ်ိဳ႕တြင္ မီးေလာင္ေန၊ ခလရ ၂၇၅ တိုက္ပြဲတြင္ စစ္တပ္ဘက္မွ အထိနာဟုဆို
ရန္ကုန္၊ ဧၿပီ ၁၀
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွ သံခ်ပ္ကာကားႏွင့္ စစ္ယာဥ္တန္းမ်ား ကရင္ျပည္နယ္ ဘားအံဘက္သို႔ ဦးတည္ လာေနမႈမ်ားရွိေနေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။
ဧၿပီလ ၁၀ ရက္ေန႔ နံနက္ ၆ နာရီဝန္းက်င္အခ်ိန္ သံလြင္တံတား (ဘားအံ့ )ေပၚတြင္ စစ္ကား ၂၀ စီးႏွင့္ သံခ်ပ္ကာ
ကား ၁၀ စီး စုစုေပါင္း စစ္ကား ၃၀ စီးပါ ယာဥ္တန္း ျဖတ္သန္းသြားေၾကာင္း၊ဘားအံဘက္သို႔ ဦးတည္ေနေၾကာင္း သိရွိရသည္။
“မနက္၆နာရီဝန္းက်င္ေလာက္မွာ သံလြင္တံတား(ဘားအံ) ေပၚကေန စစ္ယာဥ္တန္းသြားတာျမင္လိုက္ရတယ္။ စစ္ကားေပၚမွာ တစ္စီးကို စစ္သား ၁၀ ဦးေလာက္ပါတယ္။ စစ္ကားက၂၀စီးေလာက္လူအျပည့္ပဲ။ အင္အား ၂၅၀ ဝန္းက်င္ေတာ့ရွိမယ္ထင္တယ္။ သံခ်ပ္ကာကားေတြလည္းပါတယ္” ဟု မ်က္ျမင္ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
“သထုံကေန ဘားအံဘက္ကို ေခြးကားအစီး ၄၀ ေလာက္ သြားပါတယ္။ ရိကၡာအျပည့္အစုံ ကားထဲမွာလည္း လူအျပည့္နဲ႔ သံခ်ပ္ကာကား ၃ စီးပါတယ္။ ျမ၀တီ ဘက္ကိုသြမလို႔လားမသိဘူး ။ အခုမနက္ ၉ နာရီ ၃၅ မိနစ္ပါ” ဟု သထုံေဒသျပည္သူတစ္ဦးကလည္း ေျပာဆိုသည္။
ထို႔ျပင္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္တြင္လည္း လုံၿခဳံေရး တင္းက်ပ္မႈမ်ားရွိေနၿပီး ဘားအံအဝင္အထြက္တြင္ စစ္ကားတခ်ိဳ႕ ကင္းလွည့္သြားလာမႈမ်ားရွိေၾကာင္း ေဒသျပည္သူတခ်ိဳ႕က ဆိုၾကသည္။
ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္ဘက္တြင္မူ ယေန႔ နံနက္ပိုင္းအထိ ပစ္ခတ္သံႏွင့္ေပါက္ကြဲသံတခ်ိဳ႕ ၾကားရၿပီး ျမ၀တီ၊ ေျမနီကုန္းအနီးမွ ျမ၀တီၿမိဳ႕ျပင္ဘက္တြင္ မီးေလာင္ကြၽမ္းမႈကို ျမင္ေတြ႕ရေၾကာင္း ေဒသျပည္သူမ်ားက ဆိုၾကသည္။
ယမန္ေန႔ ေန႔လယ္ပိုင္းမွ ျဖစ္ပြားခဲ့ေသာ ခလရ ၂၇၅ကို ေတာ္လွန္ေရးတပ္မ်ားက တိုက္ခိုက္ေနသည့္ တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ ၂၅ ဦး (၄ + ၂၁ ) ေသဆုံးေၾကာင္း၊ ၁၅ ဦးဒဏ္ရာရရွိထားျဖင့္ ေလေၾကာင္း ပစ္ကူေပးရန္ စစ္ကူေတာင္းခံမႈမ်ားရွိေနသည္ဟု ေၾကးနန္းသတင္းအရ သိရွိရေၾကာင္း ၾကားျဖတ္ဖမ္းယူခဲ့ေသာ သတင္းအခ်က္အလက္ကို ကိုးကား၍ ေတာ္လွန္ေရး သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဓာတ္ပုံ- ျမ၀တီၿမိဳ႕၊ ေျမနီကုန္းမီးပြိဳင့္အနီး ယေန႔ နံနက္ပိုင္း မီးေလာင္ေနစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *