ငပုက ဒါတွေမြင်ပြီး သွက်သွက်ခါနေလောက်ပြီး

ငပုက ဒါတွေမြင်ပြီး သွက်သွက်ခါနေလောက်ပြီး

စစ်ကောင်စီ၏ မဟာ အရှုံးကို ပိုမို ပေါ်လွင်လာစေသည့် အရေးကြီးသည့် အလှည့်အပြောင်းအချိန်

By Igor Blazevic

အခုတလော အတော်အားရစရာကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လို့နေပါတယ်။ KIA ဟာ စစ်တပ်ရဲ့ ရှေ့တန်း စခန်းတွေနဲ့ အခြေစိုက်တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းယူနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် နယ်မြေတွေကို လွတ်မြောက်စေခဲ့ပြီး အရေးကြီးတဲ့ လမ်းမကြီးတွေနဲ့ တပ်ထောက်ပို့လမ်းကြောင်းတွေကို ထိန်းချုပ်လာနိုင်ပါပြီး ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ကြီးတွေဆီကို တဖြည်းဖြည်း နီးကပ်အောင်တိုးလာနေပါတယ်။

အလားတူ ကရင်ပြည်နယ်မှာလည်း ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ပြီး နောက်ဆုံးခံတပ်ဖြစ်တဲ့ မြ၀တီ ခလရ ၂၇၅ ကို တိုက်ခိုက်နေပါတယ်။ KNU တပ်မဟာတစ်ချင်းစီ အလိုက် အောင်ပွဲတွေ ရရှိနေရာမှာ KNU တပ်မဟာ ၅ နဲ့ KNU တပ်မဟာ ၆ အောင်ပွဲတွေက လူထုကို ခွန်အားတွေ တိုးစေပါတယ်။

KNU တပ်မဟာ ၆ မှာ သင်္ဃန်းညီနောင်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦး လက်နက်ချသလို KNU တပ်မဟာ ၅ မှာလည်း စစ်တပ်ရဲ့ ဗျူဟာစခန်းနဲ့ တပ်စခန်းတွေကို တောက်လျှောက် သိမ်းပိုက်နေပါတယ်။

အရေးကြီးတဲ့ အပြောင်းအလဲနောက်ကတော့ စစ်တပ်ဆီကနေ သိမ်းထားတဲ့ ရှေ့တန်းစခန်းတွေနဲ့ အခြေစိုက်စခန်းတွေကို ရလိုက်တဲ့အခါ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကိုပါ KIA ရော KNU ပါ က ရရှိနေပါတယ်။ တပ်အင်အားသေကြေကျဆုံးရတာတွေ သိပ်မများဘူးဆိုရင် ကိုယ့်တပ်ကိုယ် ပြန်ပြီး အားအင်ဖြည့်နိုင်တဲ့ စစ်ဆင်ရေးမျိုးတွေ ဖြစ်ပါတယ်။

နောက်ထပ်စစ်မျက်နှာ နှစ်ခု ( အာရကန်နဲ့ ကရင်မှာလည်း ) အလားတူအပြောင်းအလဲမျိုးတွေ လောလောဆယ်မှာတွေ့နေရတာကို သတိထားမိရင် ဒါတွေဟာ လွတ်မြောက်ရေးတပ်တွေရဲ့ အောင်ပွဲသေချာတဲ့ဆီကိုရောက်ခဲ့ပြီဆိုတာ ထင်ရှားလို့နေပါတယ်။ မြန်မာ စစ်တပ်ဟာ အမြဲတမ်း ကျဆင်းနေတဲ့ အနေအထားမှာ ရှိပါတယ်။

ဒီလိုစစ်မြေပြင်မှာ သိသိသာသာအောင်ပွဲတွေရလာတာဟာ NUG နဲ့ EROs တွေ ပိုပြီး စုစည်းမိလာတဲ့ ရလဒ်တွေဖြစ်ဖို့ ပြည်သူတွေဟာ ဆန္ဒရှိနေကြမှာပါ။ စစ်တပ်ဟာ ဗမာပြည်မနဲ့ မြေပြန့်ကမ်းရိုးတန်းလွင်ပြင်တွေမှာသူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ မြန်မာ့အိမ်နီးချင်းတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ (အာဆီယံ)ဟာ မြန်မာပြည်မှာ စစ်တပ်ကို ဗိုလ်ကျလွှမ်းမိုးနိုင်တဲ့အနေအထားကနေ ဖယ်ပြီးကြည့်ဖို့ မမြင်နိုင်ကြသေးပါဘူး။ အိမ်နီးချင်းတွေနဲ့ တခြားသူတွေဟာ စစ်တပ်ကို ဖယ်ရှားလို့ ရလိမ့်မယ်လို့ မယုံကြည်ကြသေးပါဘူး။ မဖယ်ရှားစေချင်ကြသေးပါဘူး။

တချိန်တည်းမှာပဲလက်ရှိ လူမုန်းများတဲ့ လူသတ်အာဏာရှင်၊ ခပ်ညံ့ညံ့ခပ်တုံးတုံး၊ နာမည်ပျက်ပြီး ရစရာလုံးဝမရျိတဲ့ စစ်တပ်ကိုလည်း မနိုင်စေချင်ကြပါဘူး။ စစ်တပ်က နိုင်လည်း နိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အိမ်နီးချင်းတွေနဲ့ အာဆီယံဟာ စစ်တပ်ကို လုံးဝ ကျဆုံးသွားမှာကိုလည်း မလိုလားကြပါဘူး။ မြန်မာပြည်ရဲ့ သမိုင်းကို ညစ်ပတ်တဲ့ နိုင်ငံရေးအီလစ်တွေကြားက ညှိနှိုင်းထားတဲ့ သဘောတူညီချက်တွေနဲ့ ပြန်တည်ဖို့ လမ်းပေါ်ကို မောင်းသွင်းနေကြပါတယ်။

ဒီလိုအိမ်နီးချင်းတွေနဲ့ တခြားလူတွေကို ဆွဲဆောင်ဖို့ဆိုတာ အင်မတန်ခက်ခဲပြီး ရှုပ်ထွေးတဲ့ တာဝန်တစ်ခုပါ။ မြန်မာပြည်ကို တည်ငြိမ်ပြီးအေးချမ်းတဲ့နိုင်ငံတစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့ဆိုရင် လက်ရှိ စစ်တပ်ပြိုကျသွားမှ ဖြစ်မယ်-ဒီတစ်နည်းပဲ ရှိတယ်ဆိုတာကို လက်ခံလာကြဖို့၊ စစ်တပ်ကို နိုင်ငံရေးထဲကနေ ဖယ်ရှားနိုင်မှဖြစ်မယ်ဆိုတာကိုသူတို့သိဖို့ ဆွဲဆောင်ရတာ ကြီးလေးလှတဲ့ တာဝန်ပါ။ လက်ရှိအခြေအနေမှာ အကယ်၍ မြန်မာ့အိမ်နီးချင်းတွေနဲ့ တခြား ဒေသတွင်းနဲ့ နိုင်ငံတကာက လူတွေသာ စစ်တပ်ကို အားပေးကူညီနေတာတွေရပ်လိုက်မယ်၊ လုပ်သင့်တာတွေ လုပ်ပြီး မလုပ်သင့်တာတွေ မလုပ်ဘဲနေပေးကြမယ်ဆိုရင် ခုချိန် စစ်တပ်ကို အနိုင်ရဖို့ ဖြစ်လည်းဖြစ်နိုင်သလို အရင်တုန်းကထက်လည်း လွယ်ကူပါလိမ့်မယ်။

ဒီလိုစာမျိုးကို ကျွန်တော်နှစ်စကတည်းက ရေးနေခဲ့ပါတယ်။ ထပ်ပြီးတော့လည်း ရေးနေပါဦးမယ်။လွတ်မြောက် ရေးတိုက်ပွဲအောင်မြင်ဖို့ ဆိုရင်လာမယ့်လာတွေမှာ အရှိန်အဟုန်နဲ့ တစ်လှိုင်းပြီးတစ်လှိုင်း ဆက်တိုက်လာနိုင်ရပါမယ်။ ဒါပေမယ့်စစ်အာဏာရှင်တွေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးစည်းတွေကိုတိုက်ဖျက်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့သူတို့ကို အသက်ဆက်ပေးနေတဲ့ အရင်းအမြစ်တွေကို ဖြတ်ထုတ်နိုင်ဖို့ အတွက်ဆိုရင် မြန်မာ့အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအနေနဲ့ အခုသွားနေတဲ့ ချဉ်းကပ်ပုံတွေကို ပြောင်းဖို့ ကြဖို့ လိုပါတယ်။

ဒီခက်ခဲပြီး ရှုပ်ထွေးလှတဲ့ အလုပ်မျိုးကို ပြီးမြောက်ဖို့ရာမှာ NUG ရော EROs တွေရဲ့ နိုင်ငံခြားရေး တာဝန်ရှိသူတွေကရော စနစ်ကျနတဲ့ သံခင်းတမန်ခင်းနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းပြောဆိုရာမှာ ဒီအလုပ်ကို အတွေ့အကြုံများတဲ့သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေသုံးပေးဖို့၊ ဆိုင်ရာအသီးသီးက ကမ်ပိန်းတွေနဲ့ ကူညီကြဖို့လိုပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ လူမျိုးစု လွတ်မြောက်ရေးတိုက်ပွဲတွေအောင်နိုင်ဖို့ နိုင်ငံတကာရေးရာ မဟာဗျူဟာတွေလိုအပ်ပြီး စုပေါင်းဆောင်ရွက်မှုအားကို သုံးကြရပါမယ်။ တကယ်လို့ နိုင်ငံခြားက သက်ဆိုင်ရာနဲ့ ဆက်ဆံရေးတွေ တည်ဆောက်ရမယ့် အပိုင်းကို အားလုံးဝိုင်းဝန်းကြရင် နိုင်ငံတကာဆက်ဆံရေးအပိုင်းမှာသာ အောင် မြင်မှာမဟုတ်ဘဲ စစ်ရေးမျက်နှာစာမှာပါ အောင်မြင်လာမှာဖြစ်ပါတယ်။

ဓာတ်ပုံ- သင်္ဃန်းညီနောင် စစ်ကောင်စီဗျူဟာစခန်းမှ သိမ်းဆည်းရရှိသည့်လက်နက်များ။

စစ္ေကာင္စီ၏ မဟာ အရႈံးကို ပိုမို ေပၚလြင္လာေစသည့္ အေရးႀကီးသည့္ အလွည့္အေျပာင္းအခ်ိန္
By Igor Blazevic
အခုတေလာ အေတာ္အားရစရာေကာင္းတဲ့ အေျပာင္းအလဲေတြ ျဖစ္လို႔ေနပါတယ္။ KIA ဟာ စစ္တပ္ရဲ႕ ေရွ႕တန္း စခန္းေတြနဲ႔ အေျခစိုက္တပ္စခန္းေတြကို တစ္ခုၿပီးတစ္ခု သိမ္းယူေနပါတယ္။ တစ္ဆင့္ၿပီးတစ္ဆင့္ နယ္ေျမေတြကို လြတ္ေျမာက္ေစခဲ့ၿပီး အေရးႀကီးတဲ့ လမ္းမႀကီးေတြနဲ႔ တပ္ေထာက္ပို႔လမ္းေၾကာင္းေတြကို ထိန္းခ်ဳပ္လာႏိုင္ပါၿပီး ကခ်င္ျပည္နယ္အတြင္းမွာရွိတဲ့ ၿမိဳ႕ႀကီးေတြဆီကို တျဖည္းျဖည္း နီးကပ္ေအာင္တိုးလာေနပါတယ္။
အလားတူ ကရင္ျပည္နယ္မွာလည္း ထိုင္း-ျမန္မာနယ္စပ္ တစ္ေလွ်ာက္ကို ေတာ္လွန္ေရး တပ္ဖြဲ႕ေတြက ထိန္းခ်ဳပ္ၿပီး ေနာက္ဆုံးခံတပ္ျဖစ္တဲ့ ျမ၀တီ ခလရ ၂၇၅ ကို တိုက္ခိုက္ေနပါတယ္။ KNU တပ္မဟာတစ္ခ်င္းစီ အလိုက္ ေအာင္ပြဲေတြ ရရွိေနရာမွာ KNU တပ္မဟာ ၅ နဲ႔ KNU တပ္မဟာ ၆ ေအာင္ပြဲေတြက လူထုကို ခြန္အားေတြ တိုးေစပါတယ္။
KNU တပ္မဟာ ၆ မွာ သဃၤန္းညီေနာင္ဗ်ဴဟာက စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆၁၇ ဦး လက္နက္ခ်သလို KNU တပ္မဟာ ၅ မွာလည္း စစ္တပ္ရဲ႕ ဗ်ဴဟာစခန္းနဲ႔ တပ္စခန္းေတြကို ေတာက္ေလွ်ာက္ သိမ္းပိုက္ေနပါတယ္။


အေရးႀကီးတဲ့ အေျပာင္းအလဲေနာက္ကေတာ့ စစ္တပ္ဆီကေန သိမ္းထားတဲ့ ေရွ႕တန္းစခန္းေတြနဲ႔ အေျခစိုက္စခန္းေတြကို ရလိုက္တဲ့အခါ လက္နက္နဲ႔ ခဲယမ္းမီးေက်ာက္ေတြကိုပါ KIA ေရာ KNU ပါ က ရရွိေနပါတယ္။ တပ္အင္အားေသေၾကက်ဆုံးရတာေတြ သိပ္မမ်ားဘူးဆိုရင္ ကိုယ့္တပ္ကိုယ္ ျပန္ၿပီး အားအင္ျဖည့္ႏိုင္တဲ့ စစ္ဆင္ေရးမ်ိဳးေတြ ျဖစ္ပါတယ္။
ေနာက္ထပ္စစ္မ်က္ႏွာ ႏွစ္ခု ( အာရကန္နဲ႔ ကရင္မွာလည္း ) အလားတူအေျပာင္းအလဲမ်ိဳးေတြ ေလာေလာဆယ္မွာေတြ႕ေနရတာကို သတိထားမိရင္ ဒါေတြဟာ လြတ္ေျမာက္ေရးတပ္ေတြရဲ႕ ေအာင္ပြဲေသခ်ာတဲ့ဆီကိုေရာက္ခဲ့ၿပီဆိုတာ ထင္ရွားလို႔ေနပါတယ္။ ျမန္မာ စစ္တပ္ဟာ အၿမဲတမ္း က်ဆင္းေနတဲ့ အေနအထားမွာ ရွိပါတယ္။
ဒီလိုစစ္ေျမျပင္မွာ သိသိသာသာေအာင္ပြဲေတြရလာတာဟာ NUG နဲ႔ EROs ေတြ ပိုၿပီး စုစည္းမိလာတဲ့ ရလဒ္ေတြျဖစ္ဖို႔ ျပည္သူေတြဟာ ဆႏၵရွိေနၾကမွာပါ။ စစ္တပ္ဟာ ဗမာျပည္မနဲ႔ ေျမျပန႔္ကမ္း႐ိုးတန္းလြင္ျပင္ေတြမွာသူတို႔ကိုယ္သူတို႔ ခုခံကာကြယ္ႏိုင္တဲ့ အေနအထားမွာ ရွိေနပါေသးတယ္။ ျမန္မာ့အိမ္နီးခ်င္းေတြနဲ႔ ေဒသတြင္းအဖြဲ႕အစည္းက ပုဂၢိဳလ္ေတြ (အာဆီယံ)ဟာ ျမန္မာျပည္မွာ စစ္တပ္ကို ဗိုလ္က်လႊမ္းမိုးႏိုင္တဲ့အေနအထားကေန ဖယ္ၿပီးၾကည့္ဖို႔ မျမင္ႏိုင္ၾကေသးပါဘူး။ အိမ္နီးခ်င္းေတြနဲ႔ တျခားသူေတြဟာ စစ္တပ္ကို ဖယ္ရွားလို႔ ရလိမ့္မယ္လို႔ မယုံၾကည္ၾကေသးပါဘူး။ မဖယ္ရွားေစခ်င္ၾကေသးပါဘူး။


တခ်ိန္တည္းမွာပဲလက္ရွိ လူမုန္းမ်ားတဲ့ လူသတ္အာဏာရွင္၊ ခပ္ညံ့ညံ့ခပ္တုံးတုံး၊ နာမည္ပ်က္ၿပီး ရစရာလုံးဝမရ်ိတဲ့ စစ္တပ္ကိုလည္း မႏိုင္ေစခ်င္ၾကပါဘူး။ စစ္တပ္က ႏိုင္လည္း ႏိုင္စရာအေၾကာင္းမရွိပါဘူး။ ဒါေပမယ့္ အိမ္နီးခ်င္းေတြနဲ႔ အာဆီယံဟာ စစ္တပ္ကို လုံးဝ က်ဆုံးသြားမွာကိုလည္း မလိုလားၾကပါဘူး။ ျမန္မာျပည္ရဲ႕ သမိုင္းကို ညစ္ပတ္တဲ့ ႏိုင္ငံေရးအီလစ္ေတြၾကားက ညႇိႏႈိင္းထားတဲ့ သေဘာတူညီခ်က္ေတြနဲ႔ ျပန္တည္ဖို႔ လမ္းေပၚကို ေမာင္းသြင္းေနၾကပါတယ္။
ဒီလိုအိမ္နီးခ်င္းေတြနဲ႔ တျခားလူေတြကို ဆြဲေဆာင္ဖို႔ဆိုတာ အင္မတန္ခက္ခဲၿပီး ရႈပ္ေထြးတဲ့ တာဝန္တစ္ခုပါ။ ျမန္မာျပည္ကို တည္ၿငိမ္ၿပီးေအးခ်မ္းတဲ့ႏိုင္ငံတစ္ခုအျဖစ္ တည္ေဆာက္ႏိုင္ဖို႔ဆိုရင္ လက္ရွိ စစ္တပ္ၿပိဳက်သြားမွ ျဖစ္မယ္-ဒီတစ္နည္းပဲ ရွိတယ္ဆိုတာကို လက္ခံလာၾကဖို႔၊ စစ္တပ္ကို ႏိုင္ငံေရးထဲကေန ဖယ္ရွားႏိုင္မွျဖစ္မယ္ဆိုတာကိုသူတို႔သိဖို႔ ဆြဲေဆာင္ရတာ ႀကီးေလးလွတဲ့ တာဝန္ပါ။ လက္ရွိအေျခအေနမွာ အကယ္၍ ျမန္မာ့အိမ္နီးခ်င္းေတြနဲ႔ တျခား ေဒသတြင္းနဲ႔ ႏိုင္ငံတကာက လူေတြသာ စစ္တပ္ကို အားေပးကူညီေနတာေတြရပ္လိုက္မယ္၊ လုပ္သင့္တာေတြ လုပ္ၿပီး မလုပ္သင့္တာေတြ မလုပ္ဘဲေနေပးၾကမယ္ဆိုရင္ ခုခ်ိန္ စစ္တပ္ကို အႏိုင္ရဖို႔ ျဖစ္လည္းျဖစ္ႏိုင္သလို အရင္တုန္းကထက္လည္း လြယ္ကူပါလိမ့္မယ္။
ဒီလိုစာမ်ိဳးကို ကြၽန္ေတာ္ႏွစ္စကတည္းက ေရးေနခဲ့ပါတယ္။ ထပ္ၿပီးေတာ့လည္း ေရးေနပါဦးမယ္။လြတ္ေျမာက္ ေရးတိုက္ပြဲေအာင္ျမင္ဖို႔ ဆိုရင္လာမယ့္လာေတြမွာ အရွိန္အဟုန္နဲ႔ တစ္လႈိင္းၿပီးတစ္လႈိင္း ဆက္တိုက္လာႏိုင္ရပါမယ္။ ဒါေပမယ့္စစ္အာဏာရွင္ေတြနဲ႔ စစ္တပ္ရဲ႕ လုံၿခဳံေရးစည္းေတြကိုတိုက္ဖ်က္ၿပီး ျမန္မာႏိုင္ငံအလယ္ပိုင္းနဲ႔ ကမ္း႐ိုးတန္းေဒသေတြမွာရွိတဲ့သူတို႔ကို အသက္ဆက္ေပးေနတဲ့ အရင္းအျမစ္ေတြကို ျဖတ္ထုတ္ႏိုင္ဖို႔ အတြက္ဆိုရင္ ျမန္မာ့အိမ္နီးခ်င္းေတြနဲ႔ ႏိုင္ငံတကာအေနနဲ႔ အခုသြားေနတဲ့ ခ်ဥ္းကပ္ပုံေတြကို ေျပာင္းဖို႔ ၾကဖို႔ လိုပါတယ္။
ဒီခက္ခဲၿပီး ရႈပ္ေထြးလွတဲ့ အလုပ္မ်ိဳးကို ၿပီးေျမာက္ဖို႔ရာမွာ NUG ေရာ EROs ေတြရဲ႕ ႏိုင္ငံျခားေရး တာဝန္ရွိသူေတြကေရာ စနစ္က်နတဲ့ သံခင္းတမန္ခင္းနဲ႔ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ လိုပါတယ္။ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို တိုက္တြန္းေျပာဆိုရာမွာ ဒီအလုပ္ကို အေတြ႕အႀကဳံမ်ားတဲ့သူေတြရဲ႕ ကူညီပံ့ပိုးမႈနဲ႔ အရပ္ဘက္လူ႔အဖြဲ႕အစည္းရဲ႕ အရင္းအျမစ္ေတြသုံးေပးဖို႔၊ ဆိုင္ရာအသီးသီးက ကမ္ပိန္းေတြနဲ႔ ကူညီၾကဖို႔လိုပါတယ္။
ျမန္မာ့ေႏြဦးေတာ္လွန္ေရးနဲ႔ လူမ်ိဳးစု လြတ္ေျမာက္ေရးတိုက္ပြဲေတြေအာင္ႏိုင္ဖို႔ ႏိုင္ငံတကာေရးရာ မဟာဗ်ဴဟာေတြလိုအပ္ၿပီး စုေပါင္းေဆာင္႐ြက္မႈအားကို သုံးၾကရပါမယ္။ တကယ္လို႔ ႏိုင္ငံျခားက သက္ဆိုင္ရာနဲ႔ ဆက္ဆံေရးေတြ တည္ေဆာက္ရမယ့္ အပိုင္းကို အားလုံးဝိုင္းဝန္းၾကရင္ ႏိုင္ငံတကာဆက္ဆံေရးအပိုင္းမွာသာ ေအာင္ ျမင္မွာမဟုတ္ဘဲ စစ္ေရးမ်က္ႏွာစာမွာပါ ေအာင္ျမင္လာမွာျဖစ္ပါတယ္။
ဓာတ္ပုံ- သဃၤန္းညီေနာင္ စစ္ေကာင္စီဗ်ဴဟာစခန္းမွ သိမ္းဆည္းရရွိသည့္လက္နက္မ်ား။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *