ရန်ကုန် မန်းလေးညီချက်ပဲ အုန်းအုန်းအုန်း 😄😄😄

ရန်ကုန် မန်းလေးညီချက်ပဲ အုန်းအုန်းအုန်း 😄😄😄

ရန်ကုန်တိုင်း မင်္ဂလာဒုံရဲစခန်း၊ မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကား နှင့် မေမြို့ရှိ အုပ်ချုပ်ရေးမှူး နေအိမ်တို့တွင် ဗုံးများပေါက်ကွဲပြီး ရဲ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတွင် မိုင်းပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၃ဦးဒဏ်ရာရရှိကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ဧပြီလ ၉ ရက်နေ့ ညပိုင်းတွင် Dark Shadow အဖွဲ့က “Urban Freedom” စစ်ဆင်ရေး အဖြစ် မင်္ဂလာဒုံမြို့မရဲစခန်း ကို ဖောက်ခွဲတိုက်ခိုက်မှု ဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် သတ်မှတ်ထားသည့်အချိန်အတွင်း မြေပြင်လုံခြုံရေးအခြေအနေကြောင့် ပြင်းအားမြင့် မိုင်းများကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် တပ်ဆင်ထားခဲ့ပြီး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယနေ့ ဧပြီလ ၁၀ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက ရဲစခန်းမှ မိုင်းများကိုရှင်းလင်းရာ ၃ ဦးပြင်းထန်စွာ ထိခိုက်ပြီး အသက်အန္တရာယ်) စိုးရိမ်ရ ကြောင်း မြေပြင်သတင်းများက ဆိုသည်။

အလားတူ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ရပ်တန့်ထားသော အုပ်ချုပ်ရေးမှူး၏ အိမ်စီးကားကို ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ ကား ပျက်စီးသွားကြောင်း၊ ထို့ပြင် ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်ရှိ ရပ်ကွက်ရုံးတွင်လည်း ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

ထို့အတူ မန္တလေးတိုင်း၊ မေမြို့ ၊ အနီးစခန်းရှိ အုပ်ချုပ်ရေးမှူး တင်မောင်ဆွေ၏နေအိမ်ကို မိုင်းဖောက်ခွဲမှု အုတ်တံတိုင်းနံရံများပြိုကျပြီး အုပ်ချုပ်ရေးမှူး ထွက်ပြေး လွတ်မြောက်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ ဧပြီလ ၈ ရက်နေ့ ည ၇ နာရီအချိန် အနီးစခန်းအုပ်ချုပ်ရေးမှူး တင်မောင်ဆွေ၏နေအိမ်အနီးတွင် မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ နေအိမ်ကို ကာရန်ထားသော အုတ်တံတိုင်းများ ပြိုကျသွားပြီး အုပ်ချုပ်ရေးမှူးမှာ အိမ်တွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။

“ပြင်ဦးလွင်အနီးစခန်းမှာ ဧပြီ ၈ ရက်နေ့ ည ၇ နာရီ ဗုံးကွဲတယ်။ မေမြို့ကနေ စစ်ကား ၂စီးဆင်းလာတယ်။ အုပ်ချုပ်ရေးမှူးအိမ်ဗုံးခွဲခံရတာ။ အုပ်ကြီးကတော့ အပြင်တောင်မထွက်တော့ဘူးဆိုတော့ ပြေးပြီလို့ ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း စစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *