အသစ်စက်စက် လေးတွေ လနပါအပါယူခဲ့တာ😄😄😄😄

အသစ်စက်စက် လေးတွေ လနပါအပါယူခဲ့တာ😄😄😄😄

ပခုက္ကူမြို့နယ်တွင် စစ်သားစုဆောင်းခံရသည့် စစ်ကောင်စီတပ်သားနှစ်ဦး သင်တန်းဆင်းပြီးနောက် လက်နက်ခဲယမ်းများယူ၍ PDFထံ အလင်းဝင်

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် ခလရ (၂၅၂)တပ်မှ တပ်သားနှစ်ဦး သင်တန်းဆင်းပြီးနောက် လက်နက်ခဲယမ်းများယူဆောင်၍ အလင်းဝင်လာကြောင်း Southern YSO PDFအဖွဲ့၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၅ရက်က ပခုက္ကူမြို့နယ် အခြေစိုက် ခလရ (၂၅၂)တပ်မှ တပ်သား နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ရေစကြိုမြို့နယ် Southern YSO PDF အဖွဲ့ထံသို့အလင်း၀င်ရောက်လာခဲ့သည်။အဆိုပါ စစ်သားနှစ်ဦးမှာ အသက် (၂၀)အရွယ် တပ်သား အောင်ဆန်းလင်းနှင့် (၁၈)အရွယ် အောင်သက်ပိုင်တို့ ဖြစ်ပြီး MA 1 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ 5.56ကျည် ၂၅ တောင့်တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့၍ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း Southern YSO PDF အဖွဲ့က ပြောသည်။

“သူတို့က အတင်းအကျပ်ဖိအားပေးခံရပြီး စစ်တပ်ထဲရောက်လာတဲ့ သူတွေ။ သင်တန်း ၅လခွဲဆင်းတယ်။ ၅ လခွဲဆင်းပြီး ပခုက္ကူ၂၅၂ကိုရောက်တယ်။ ပခုက္ကူမြို့ဘက်ကိုရောက်တာတစ်လခွဲနီးပါးလောက်ပဲရှိသေးတယ်။ အဲဒီမှာကျွန်တော်နဲ့အဆက်အသွယ်ရတယ်။ ကျွန်တော်သွားရောက်ခေါ်ဆောင်လိုက်တယ်။”ဟု ကိုအောင်မောင်းက ပြောသည်။ထို့နောက် ၎င်းတို့နှစ်အား လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။

လက်ရှိတွင် Southern YSO PDF အဖွဲ့ထံသို့ စစ်ကောင်စီတပ်သား နှစ်ဦး၊ ရဲ နှစ်ဦး စုစုပေါင်း လေးဦး အလင်းဝင်ရောက်ထားကြောင်း သတင်းရရှိသည်။(အလင်းဝင်လာသော စစ်ကောင်စီတပ်သားနှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *