အပြောနဲ့အလုပ်ညီပါစေ ကိုရွှေထိုင်း

အပြောနဲ့အလုပ်ညီပါစေ ကိုရွှေထိုင်း

မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခများကို ထိုင်းမြေပေါ်အထိ ရောက်ရှိခွင့်ပြုမည်မဟုတ်ဘဲ စစ်ကောင်စီ၏ တိုက်လေယာဉ်များကို ထိုင်းလေပိုင်နက်တွင် ပျံသန်းခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်က ပြောဆို

ရန်ကုန်၊ ဧပြီ ၁၁

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ထိုင်းမြေပေါ်အထိ ရောက်ရှိ ခွင့်ပြုမည်မဟုတ်ဘဲ စစ်ကောင်စီ၏ တိုက်လေယာဉ်များကိုလည်း ထိုင်းလေပိုင်နက်တွင် ပျံသန်းခွင့် ပေးမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုင်း-မြန်မာနယ်စပ် အရေး မေးမြန်းမှုများအပေါ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံ၏ လေပိုင်နက်ကို စစ်ကောင်စီ၏ တိုက်လေယာဉ်များက အသုံးပြုမည်ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထိုင်းစစ်တပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရှင်းလင်းသော ပြတ်သားသောညွှန်ကြားမှုနှင့် သတင်း စကား ပေးပို့ထားကြောင်း၊ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေမှုများသည် ပြည်တွင်းရေး ပြဿနာဖြစ် ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။

ထိုင်းလေပိုက်နက်တွင် ကင်းလှည့်မှုများ လုပ်ဆောင်နေပြီး အိမ်နီးချင်း မြန်မာ နိုင်ငံနှင့် တင်းမာမှုများ မဖြစ်ပွားလိုကြောင်း၊ မြန်မာဒုက္ခသည် ၁ သိန်းကို လက်ခံမည်ဖြစ်ပြီး လက်ရှိ အခြေအနေကိုလည်း ပြန်လည် သုံးသပ်နေကြောင်း ပြောဆိုသွားသည်။

ျမန္မာႏိုင္ငံအတြင္းမွ ပဋိပကၡမ်ားကို ထိုင္းေျမေပၚအထိ ေရာက္ရွိခြင့္ျပဳမည္မဟုတ္ဘဲ စစ္ေကာင္စီ၏ တိုက္ေလယာဥ္မ်ားကို ထိုင္းေလပိုင္နက္တြင္ ပ်ံသန္းခြင့္မျပဳဟု ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာဆို
ရန္ကုန္၊ ဧၿပီ ၁၁
ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနေသာ ပဋိပကၡမ်ားကို ထိုင္းေျမေပၚအထိ ေရာက္ရွိ ခြင့္ျပဳမည္မဟုတ္ဘဲ စစ္ေကာင္စီ၏ တိုက္ေလယာဥ္မ်ားကိုလည္း ထိုင္းေလပိုင္နက္တြင္ ပ်ံသန္းခြင့္ ေပးမည္မဟုတ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ Srettha Thavisin က ယေန႔ ထုတ္ေဖာ္ေျပာဆိုသည္။
ယေန႔ နံနက္ပိုင္း သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံစဥ္ ထိုင္း-ျမန္မာနယ္စပ္ အေရး ေမးျမန္းမႈမ်ားအေပၚ ၎က အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံမွ ပဋိပကၡႏွင့္ တိုက္ခိုက္မႈမ်ားကို ထိုင္းႏိုင္ငံဘက္သို႔ ေရာက္ရွိမႈမ်ိဳးကို လက္ခံမည္မဟုတ္ေၾကာင္း၊ ထိုင္းႏိုင္ငံ၏ ေလပိုင္နက္ကို စစ္ေကာင္စီ၏ တိုက္ေလယာဥ္မ်ားက အသုံးျပဳမည္ကိုလည္း ခြင့္ျပဳမည္မဟုတ္ေၾကာင္း၊ ထိုင္းစစ္တပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ရွင္းလင္းေသာ ျပတ္သားေသာၫႊန္ၾကားမႈႏွင့္ သတင္း စကား ေပးပို႔ထားေၾကာင္း၊ ျမန္မာႏိုင္ငံတြင္း ျဖစ္ပ်က္ေနမႈမ်ားသည္ ျပည္တြင္းေရး ျပႆနာျဖစ္ ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာဆိုသည္။
ထိုင္းေလပိုက္နက္တြင္ ကင္းလွည့္မႈမ်ား လုပ္ေဆာင္ေနၿပီး အိမ္နီးခ်င္း ျမန္မာ ႏိုင္ငံႏွင့္ တင္းမာမႈမ်ား မျဖစ္ပြားလိုေၾကာင္း၊ ျမန္မာဒုကၡသည္ ၁ သိန္းကို လက္ခံမည္ျဖစ္ၿပီး လက္ရွိ အေျခအေနကိုလည္း ျပန္လည္ သုံးသပ္ေနေၾကာင္း ေျပာဆိုသြားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *