သင်္ဃန်းညီနောင် အောတိုက်အလှူကြီး(ရုပ်သံ)

သင်္ဃန်းညီနောင် အောတိုက်အလှူကြီး(ရုပ်သံ)

သင်္ဃန်းညီနောင် စစ်ကောင်စီတပ်များဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများစွာကို ကော်ဘရာစစ်ကြောင်း ၁ ရဲ့ စစ်ကြောင်းမှုး ထုတ်ဖော်ပြသ…

++++++++++++++++

ဧပြီ ၁၁ – ၂၀၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် ဗျူ​ဟာကုန်းနဲ့ စစ်ကောင်စီတပ်ရင်းများဆီက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများစွာနဲ့ စစ်အသုံးအဆောင်ပစ္စည်းများကို ကော်ဘရာစစ်ကြောင်း (၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က မနေ့ ညပိုင်းမှာ လူမှုကွန်ရက်ကနေ ရုပ်သံမှတ်တမ်းနဲ့တကွ အသိပေးဖော်ပြထားပါတယ်။

“တာဝန်သိ ပြည်သူများနှင့် တာဝန်သိ ပူးပေါင်း တော်လှန်ရေး တပ်သားများရဲ့ ပူးပေါင်းပါဝင်မှု ကြောင့်ရလာသော အသီးအပွင့်များပါ” ဆိုတဲ့ စာသားနဲ့အတူ ဗိုလ်စောကော်က သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများပါဝင်တဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ဖော်ပြသခဲ့တာပါ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်များက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို မတ်လ ၇ ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ခမရ(၃၅၅) တပ်ရင်းကို နေ့မကူးဘဲ သိမ်းပိုက်နိုင်ခဲ့ပြီး မတ်လလယ်ခန့်မှာ ခမရ (၃၅၆)၊ ဧပြီလဆန်းမှာတော့ ခမရ ၃၅၇ အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဧပြီလဆန်းက သင်္ဃန်းညီနောင်ဗျူဟာကုန်း ထိုးစစ်ဆင်သိမ်းပိုက်မှုမှာ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်နဲ့ တပ်မိသားစုဝင်များ စုစုပေါင်း ၆၁၇ ဦး လက်နက်ချ အညံ့ခံခဲ့ရာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြဝတီမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ မြို့စောင့်တပ် ခမရ (၂၇၅) တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြဝတီမြို့နယ်တခုလုံးက စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်လာပြီဖြစ်ပါတယ်။

ပုံစာ – သင်္ဃန်းညီနောင် ဗျူ​ဟာနဲ့ စစ်ကောင်စီတပ်များဆီက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

ဓာတ်ပုံ – Saw Kaw

သဃၤန္းညီေနာင္ စစ္ေကာင္စီတပ္မ်ားဆီက သိမ္းဆည္းရမိတဲ့ လက္နက္ခဲယမ္းမ်ားစြာကို ေကာ္ဘရာစစ္ေၾကာင္း ၁ ရဲ႕ စစ္ေၾကာင္းမႈး ထုတ္ေဖာ္ျပသ…
++++++++++++++++
ဧၿပီ ၁၁ – ၂၀၂၄
ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္က သဃၤန္းညီေနာင္ ဗ်ဴ​ဟာကုန္းနဲ႔ စစ္ေကာင္စီတပ္ရင္းမ်ားဆီက သိမ္းဆည္းရရွိခဲ့တဲ့ လက္နက္ခဲယမ္းမ်ားစြာနဲ႔ စစ္အသုံးအေဆာင္ပစၥည္းမ်ားကို ေကာ္ဘရာစစ္ေၾကာင္း (၁) စစ္ေၾကာင္းမႉး ဗိုလ္ေစာေကာ္က မေန႔ ညပိုင္းမွာ လူမႈကြန္ရက္ကေန ႐ုပ္သံမွတ္တမ္းနဲ႔တကြ အသိေပးေဖာ္ျပထားပါတယ္။
“တာဝန္သိ ျပည္သူမ်ားႏွင့္ တာဝန္သိ ပူးေပါင္း ေတာ္လွန္ေရး တပ္သားမ်ားရဲ႕ ပူးေပါင္းပါဝင္မႈ ေၾကာင့္ရလာေသာ အသီးအပြင့္မ်ားပါ” ဆိုတဲ့ စာသားနဲ႔အတူ ဗိုလ္ေစာေကာ္က သိမ္းဆည္းရမိခဲ့တဲ့ လက္နက္ခဲယမ္းမ်ားပါဝင္တဲ့ ႐ုပ္သံမွတ္တမ္းကို ထုတ္ေဖာ္ျပသခဲ့တာပါ
ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA ဦးေဆာင္တဲ့ ေတာ္လွန္ေရးပူးေပါင္းတပ္မ်ားက သဃၤန္းညီေနာင္အေျခစိုက္ စစ္ေကာင္စီတပ္ရင္းမ်ားကို မတ္လ ၇ ရက္က စတင္ထိုးစစ္ဆင္ခဲ့ရာ ခမရ(၃၅၅) တပ္ရင္းကို ေန႔မကူးဘဲ သိမ္းပိုက္ႏိုင္ခဲ့ၿပီး မတ္လလယ္ခန္႔မွာ ခမရ (၃၅၆)၊ ဧၿပီလဆန္းမွာေတာ့ ခမရ ၃၅၇ အပါအဝင္ သဃၤန္းညီေနာင္ဗ်ဴဟာတစ္ခုလုံးကို သိမ္းပိုက္ႏိုင္ခဲ့တာပါ။


ဧၿပီလဆန္းက သဃၤန္းညီေနာင္ဗ်ဴဟာကုန္း ထိုးစစ္ဆင္သိမ္းပိုက္မႈမွာ ဗ်ဴဟာမႉးအပါအဝင္ စစ္ေကာင္စီတပ္နဲ႔ တပ္မိသားစုဝင္မ်ား စုစုေပါင္း ၆၁၇ ဦး လက္နက္ခ် အညံ့ခံခဲ့ရာ လက္နက္ခဲယမ္းမ်ားစြာကို သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိမွာေတာ့ ျမဝတီၿမိဳ႕မွာ ေနာက္ဆုံးက်န္ေနတဲ့ စစ္ေကာင္စီရဲ႕ ၿမိဳ႕ေစာင့္တပ္ ခမရ (၂၇၅) တပ္ရင္းကို သိမ္းပိုက္ႏိုင္ခဲ့ၿပီးေနာက္ ျမဝတီၿမိဳ႕နယ္တခုလုံးက စစ္ေကာင္စီကင္းစင္နယ္ေျမ ျဖစ္လာၿပီျဖစ္ပါတယ္။
ပုံစာ – သဃၤန္းညီေနာင္ ဗ်ဴ​ဟာနဲ႔ စစ္ေကာင္စီတပ္မ်ားဆီက သိမ္းဆည္းရရွိခဲ့တဲ့ လက္နက္ခဲယမ္းမ်ား
ဓာတ္ပုံ – Saw Kaw

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *