ဘယ်မှပြေးမလွတ်ပါဘူး

ဘယ်မှပြေးမလွတ်ပါဘူး

ဖားကန့်မြို့နယ်၊ နန့်ယားစစ်ကောင်စီတပ်စခန်းမှ စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရရှိ

ရန်ကုန်၊ ဧပြီ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရရှိပြီး တချို့မှာ ထွက်ပြေးသွားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစတင်ပြီး KIA ဦးဆောင်သော မဟာမိတ်တပ်များက မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နန့်ယားစစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းဖြင့် အသည်းအသန် ခုခံခဲ့သော်လည်း ဧပြီလ ၁၀ ရက်နေ့ ညပိုင်းနှင့် ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အပြီး သတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“အမျိုးသမီးစစ်သည် ၅ ဦးနဲ့ အမျိုးသားစစ်သည် ၂၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပါတယ်။ လက်နက်မချဘဲ ထွက်ပြေးကြတာကို ပြန်လည် ဖမ်းဆီးရရှိတာပါ။ တချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်။ သူတို့ဘက်က စစ်တပ်အရာရှိတချို့နဲ့ ပြည်သူ့စစ်တွေက ဖမ်းဆီးထားတဲ့ ယမ်းကားထဲ ဗုံးကျ ပေါက်ကွဲပြီး ဒဏ်ရာ အပြင်းအထန်ရသွားကြတယ်။ စခန်းကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ လမ်းကိုလည်းထိန်းချုပ်ထားပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း နယ်မြေရှင်းလင်းရေးဖြင့် ရှင်းလင်းမည်ဖြစ်ကြောင်း KIA သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

ဖားကန႔္ၿမိဳ႕နယ္၊ နန႔္ယားစစ္ေကာင္စီတပ္စခန္းမွ စစ္သုံ႔ပန္း ၃၀ ဦး ဖမ္းဆီးရရွိ
ရန္ကုန္၊ ဧၿပီ ၁၁
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ နန႔္ယားစစ္ေကာင္စီတပ္စခန္းကို KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္ရာတြင္ စစ္ေကာင္စီတပ္ဘက္မွ စစ္သုံ႔ပန္း ၃၀ ဦး ဖမ္းဆီးရရွိၿပီး တခ်ိဳ႕မွာ ထြက္ေျပးသြားေၾကာင္း KIA သတင္းရင္းျမစ္က ေျပာဆိုသည္။
ဧၿပီလ ၉ ရက္ေန႔ နံနက္ ၆ နာရီ အခ်ိန္မွစတင္ၿပီး KIA ဦးေဆာင္ေသာ မဟာမိတ္တပ္မ်ားက ျမစ္ႀကီးနား-ဖားကန႔္လမ္းေပၚရွိ အၾကမ္းဖက္စစ္ေကာင္စီ၏ နန႔္ယားစစ္တပ္ ဂိတ္စခန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း၊ တိုက္ပြဲ ျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး စစ္တပ္က ေလေၾကာင္းတိုက္ခိုက္ျခင္း၊ လက္နက္ႀကီးမ်ား ပစ္ခတ္ျခင္းျဖင့္ အသည္းအသန္ ခုခံခဲ့ေသာ္လည္း ဧၿပီလ ၁၀ ရက္ေန႔ ညပိုင္းႏွင့္ ဧၿပီလ ၁၁ ရက္ေန႔ နံနက္ပိုင္းတြင္ အၿပီး သတ္ တိုက္ခိုက္ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရွိရသည္။
“အမ်ိဳးသမီးစစ္သည္ ၅ ဦးနဲ႔ အမ်ိဳးသားစစ္သည္ ၂၅ ဦးကို စစ္သုံ႔ပန္းအျဖစ္ ဖမ္းဆီးရရွိပါတယ္။ လက္နက္မခ်ဘဲ ထြက္ေျပးၾကတာကို ျပန္လည္ ဖမ္းဆီးရရွိတာပါ။ တခ်ိဳ႕လည္း ထြက္ေျပးလြတ္ေျမာက္သြားတယ္။ သူတို႔ဘက္က စစ္တပ္အရာရွိတခ်ိဳ႕နဲ႔ ျပည္သူ႔စစ္ေတြက ဖမ္းဆီးထားတဲ့ ယမ္းကားထဲ ဗုံးက် ေပါက္ကြဲၿပီး ဒဏ္ရာ အျပင္းအထန္ရသြားၾကတယ္။ စခန္းကိုလည္း ရွင္းလင္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လမ္းကိုလည္းထိန္းခ်ဳပ္ထားပါတယ္” ဟု KIA သတင္းရင္းျမစ္က ေျပာဆိုသည္။
ဖမ္းဆီးရရွိထားေသာ စစ္သုံ႔ပန္းမ်ားကို ေကာင္းမြန္စြာ ထိန္းသိမ္းထားၿပီး ထြက္ေျပးလြတ္ေျမာက္သြားေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကိုလည္း နယ္ေျမရွင္းလင္းေရးျဖင့္ ရွင္းလင္းမည္ျဖစ္ေၾကာင္း KIA သတင္းရင္းျမစ္၏ အဆိုအရ သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *