လှေ နံ ၂ ဖက်နင်းမိသော ချစ်သူ

BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ယုံကြည်စိတ်ချရမှု မရှိသော အန္တရာယ်ရှိသူအဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး ၎င်း၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများ၊ ဆွေစဉ်မျိုးဆက်ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို စာရင်းပြုစု

■ ကရင်အခြေအနေကို ထိန်းချုပ်ကိုင်တွယ်ရေး ထိုင်းစစ်တပ်နှင့် စစ်ကောင်စီတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ ဧပြီ ၂၅

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဖြစ်ခဲ့သော ကရင်နယ်ခြားစောင့် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို စစ်ကောင်စီက ယုံကြည်စိတ်ချရမှုမရှိသော အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ထားပြီး ၎င်း၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများနှင့်ဆွေစဉ် မျိုးဆက်ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို နေပြည်တော်စစ်ရုံးချုပ် အသေးစိတ် စာရင်းပြုစုနေကြောင်း နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF တပ်များသည် စစ်တပ်နှင့် ပူးတွဲ လုံခြုံရေးယူထားသော နေရာများမှ ထွက်ခွာ ပြီး သက်ဆိုင်ရာ ဌာနချုပ်သို့ ပြန်လည် ပေါင်းစည်းခဲ့ကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကောင်စီထံမှ လစာအပါအဝင် ခံစားခွင့်များ မယူတော့ဟုငြင်းပယ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း၊ ကရင်ပြည် နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးတို့က ဗိုလ်မှူးကြီး စောချစ်သူကို လာရောက် တွေ့ဆုံခဲ့ရာတွင် စောချစ်သူက BGF အနေဖြင့် မြန်မာစစ်တပ်ထံမှ ခွဲထွက်၍ သီးခြားရပ်တည်မည်ဖြစ်ကြောင်း၊ မည်သည့် ဘက်မှ မလိုက်ဘဲ ကရင်ပြည်နယ်ငြိမ်းချမ်းရေး ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလမှစတင်၍ BGF နယ်ခြားစောင့် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ယုံကြည်စိတ်ချရမှုမရှိသည့် အန္တရာယ်ရှိသောသူအဖြစ် စစ်ကောင်စီက သတ်မှတ်ခဲ့ပြီး ၎င်းနှင့်ပတ်သက်သော နောက်ကြောင်းရာဇဝင် နောက်ဆုံး အချက်အလက်များ၊ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများ၊ နေထိုင်သည့်နေရာများ၊ ဘဏ်အကောင့်နှင့်ငွေကြေးများ၊ စောချစ်သူနှင့်ပတ်သက်သည့် ဆွေစဉ်မျိုးဆက် ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို စာရင်းပြုစုရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

“​စောချစ်သူကိစ္စ​ကတော့ အတော်ရှုပ်ထွေးမှုတွေရှိတယ်။ သူရဲ့ လုပ်ငန်းတွေက တရားဝင်၊ မဝင်၊ နောက်တစ်ခါ သူရဲ့ ပိုင်ဆိုင်မှုတွေက တရားဝင်၊ မဝင်။ သူရဲ့ ဘဏ်အကောင့်တွေနဲ့ ငွေကြေးဆိုင်ရာ စီးဆင်းမှုတွေ ဘယ်ကလာသလဲ။ သူရဲ့ ဆွေစဉ် မျိုးဆက် တွေက ဘယ်လိုနေထိုင်သလဲ။ ထိုင်းဘက်မှာဆိုရင် ဘယ်လို အထောက်အထားနဲ့နေကြသလဲ။ အဲဒါအသေးစိတ်စုံစမ်းဖို့၊ အစီရင်ခံစာတင်ဖို့ နိုင်ငံခြားရေး၊ စရဖနဲ့ ပြည်ထဲရေး ပူးပေါင်းလုပ်နေတာရှိတယ်။ ဒီနှစ်ဇန်နဝါရီလကတည်းက အဲဒါလုပ်နေတာပါ” ဟု နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်မှူးကြီး စောချစ်သူ ခေါင်းဆောင်သော ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) တပ်ဖွဲ့ကို ၂၀၁၀ ခုနှစ် ဩဂုတ်လမှာ တိုးတက်သော ကရင့် အမျိုးသား တပ်မ တော် DKBA မှခွဲထွက်ပြီး တပ်ရင်း ၁၂ ရင်းနှင့် ကရင့် ငြိမ်းချမ်း ရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းနောက်၂၀၁၀ ခုနှစ်တွင် စစ်တပ် လက် အော က်ခံ ကရင်ပြည်နယ် နယ် ခြားစောင့်တပ်အဖြစ် တပ်ရင်း ၁၁ ရင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြ၀တီဒေသ သိမ်းပိုက်ခံရမှုမှ ပြန်လည် ရရှိရေး၊ နယ်စပ်ကုန်သွယ်ရေးပုံမှန် ပြန်လည် လည်ပတ်ရေး ကရင်ဒေသမှ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ အပါအဝင် သတင်းအချက်အလက်များရရှိရေး၊ ထိုင်း-မြန်မာ နယ်စပ်ဒေသ အခြေအနေများကို ထိန်းချုပ် တည်ငြိမ်ရေးအတွက် စစ်ကောင်စီက ထိုင်းစစ်တပ်နှင့် အစဉ်အမြဲ အချိန်တိုင်း အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

BGF ေခါင္းေဆာင္ ဗိုလ္မႉးႀကီးေစာခ်စ္သူကို ယုံၾကည္စိတ္ခ်ရမႈ မရွိေသာ အႏၲရာယ္ရွိသူအျဖစ္ စစ္ေကာင္စီက သတ္မွတ္ၿပီး ၎၏ ပိုင္ဆိုင္မႈမ်ား၊ လုပ္ငန္းမ်ား၊ ေဆြစဥ္မ်ိဳးဆက္ဆိုင္ရာ ေနာက္ဆုံးအခ်က္အလက္မ်ားကို စာရင္းျပဳစု
■ ကရင္အေျခအေနကို ထိန္းခ်ဳပ္ကိုင္တြယ္ေရး ထိုင္းစစ္တပ္ႏွင့္ စစ္ေကာင္စီတို႔ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္
ရန္ကုန္၊ ဧၿပီ ၂၅
အၾကမ္းဖက္စစ္ေကာင္စီ၏ လက္ေအာက္ခံျဖစ္ခဲ့ေသာ ကရင္နယ္ျခားေစာင့္ တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူကို စစ္ေကာင္စီက ယုံၾကည္စိတ္ခ်ရမႈမရွိေသာ အႏၲရာယ္ရွိသူအျဖစ္ သတ္မွတ္ထားၿပီး ၎၏ ပိုင္ဆိုင္မႈမ်ား၊ လုပ္ငန္းမ်ားႏွင့္ေဆြစဥ္ မ်ိဳးဆက္ဆိုင္ရာ ေနာက္ဆုံးအခ်က္အလက္မ်ားကို ေနျပည္ေတာ္စစ္႐ုံးခ်ဳပ္ အေသးစိတ္ စာရင္းျပဳစုေနေၾကာင္း ေနျပည္ေတာ္ျပည္ထဲေရး သတင္းရင္းျမစ္က ေျပာဆိုသည္။
၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၂၁ ရက္ေန႔တြင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူ ဦးေဆာင္ေသာ BGF တပ္မ်ားသည္ စစ္တပ္ႏွင့္ ပူးတြဲ လုံၿခဳံေရးယူထားေသာ ေနရာမ်ားမွ ထြက္ခြာ ၿပီး သက္ဆိုင္ရာ ဌာနခ်ဳပ္သို႔ ျပန္လည္ ေပါင္းစည္းခဲ့ေၾကာင္း၊ ဗိုလ္မႉးႀကီး ေစာခ်စ္သူ ဦးေဆာင္ေသာ ကရင္နယ္ျခားေစာင့္တပ္ BGF က စစ္ေကာင္စီထံမွ လစာအပါအဝင္ ခံစားခြင့္မ်ား မယူေတာ့ဟုျငင္းပယ္ခဲ့ေၾကာင္း၊ ဇန္နဝါရီလ ၁၁ ရက္ေန႔တြင္ ျပန္ၾကားေရးဝန္ႀကီး ေမာင္ေမာင္အုန္း၊ ကရင္ျပည္ နယ္ စစ္ေကာင္စီ ဥကၠ႒ ေစာျမင့္ဦးတို႔က ဗိုလ္မႉးႀကီး ေစာခ်စ္သူကို လာေရာက္ ေတြ႕ဆုံခဲ့ရာတြင္ ေစာခ်စ္သူက BGF အေနျဖင့္ ျမန္မာစစ္တပ္ထံမွ ခြဲထြက္၍ သီးျခားရပ္တည္မည္ျဖစ္ေၾကာင္း၊ မည္သည့္ ဘက္မွ မလိုက္ဘဲ ကရင္ျပည္နယ္ၿငိမ္းခ်မ္းေရး ေဆာင္႐ြက္မည္ဟု ေျပာဆိုခဲ့ေၾကာင္း သိရွိရသည္။
ဇန္နဝါရီလမွစတင္၍ BGF နယ္ျခားေစာင့္ တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူကို ယုံၾကည္စိတ္ခ်ရမႈမရွိသည့္ အႏၲရာယ္ရွိေသာသူအျဖစ္ စစ္ေကာင္စီက သတ္မွတ္ခဲ့ၿပီး ၎ႏွင့္ပတ္သက္ေသာ ေနာက္ေၾကာင္းရာဇဝင္ ေနာက္ဆုံး အခ်က္အလက္မ်ား၊ ပိုင္ဆိုင္မႈမ်ား၊ လုပ္ငန္းမ်ား၊ ေနထိုင္သည့္ေနရာမ်ား၊ ဘဏ္အေကာင့္ႏွင့္ေငြေၾကးမ်ား၊ ေစာခ်စ္သူႏွင့္ပတ္သက္သည့္ ေဆြစဥ္မ်ိဳးဆက္ ဆိုင္ရာ ေနာက္ဆုံးအခ်က္အလက္မ်ားကို စာရင္းျပဳစုရန္ စစ္ေကာင္စီက ၫႊန္ၾကားခဲ့ေၾကာင္း သိရွိရသည္။
“​ေစာခ်စ္သူကိစၥ​ကေတာ့ အေတာ္ရႈပ္ေထြးမႈေတြရွိတယ္။ သူရဲ႕ လုပ္ငန္းေတြက တရားဝင္၊ မဝင္၊ ေနာက္တစ္ခါ သူရဲ႕ ပိုင္ဆိုင္မႈေတြက တရားဝင္၊ မဝင္။ သူရဲ႕ ဘဏ္အေကာင့္ေတြနဲ႔ ေငြေၾကးဆိုင္ရာ စီးဆင္းမႈေတြ ဘယ္ကလာသလဲ။ သူရဲ႕ ေဆြစဥ္ မ်ိဳးဆက္ ေတြက ဘယ္လိုေနထိုင္သလဲ။ ထိုင္းဘက္မွာဆိုရင္ ဘယ္လို အေထာက္အထားနဲ႔ေနၾကသလဲ။ အဲဒါအေသးစိတ္စုံစမ္းဖို႔၊ အစီရင္ခံစာတင္ဖို႔ ႏိုင္ငံျခားေရး၊ စရဖနဲ႔ ျပည္ထဲေရး ပူးေပါင္းလုပ္ေနတာရွိတယ္။ ဒီႏွစ္ဇန္နဝါရီလကတည္းက အဲဒါလုပ္ေနတာပါ” ဟု ေနျပည္ေတာ္ ျပည္ထဲေရး သတင္းရင္းျမစ္က ေျပာဆိုသည္။
ဗိုလ္မႉးႀကီး ေစာခ်စ္သူ ေခါင္းေဆာင္ေသာ ကရင္ျပည္နယ္ နယ္ျခား ေစာင့္တပ္ (BGF) တပ္ဖြဲ႕ကို ၂၀၁၀ ခုႏွစ္ ဩဂုတ္လမွာ တိုးတက္ေသာ ကရင့္ အမ်ိဳးသား တပ္မ ေတာ္ DKBA မွခြဲထြက္ၿပီး တပ္ရင္း ၁၂ ရင္းႏွင့္ ကရင့္ ၿငိမ္းခ်မ္း ေရးတပ္ဖြဲ႕ KPF မွ တပ္ရင္း ၁ ရင္း စုစုေပါင္း တပ္ရင္း ၁၃ ရင္းျဖင့္ စတင္ဖြဲ႕စည္းခဲ့ေၾကာင္း၊ ယင္းေနာက္၂၀၁၀ ခုႏွစ္တြင္ စစ္တပ္ လက္ ေအာ က္ခံ ကရင္ျပည္နယ္ နယ္ ျခားေစာင့္တပ္အျဖစ္ တပ္ရင္း ၁၁ ရင္းျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ထို႔ျပင္ ျမ၀တီေဒသ သိမ္းပိုက္ခံရမႈမွ ျပန္လည္ ရရွိေရး၊ နယ္စပ္ကုန္သြယ္ေရးပုံမွန္ ျပန္လည္ လည္ပတ္ေရး ကရင္ေဒသမွ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ လႈပ္ရွားမႈမ်ား အပါအဝင္ သတင္းအခ်က္အလက္မ်ားရရွိေရး၊ ထိုင္း-ျမန္မာ နယ္စပ္ေဒသ အေျခအေနမ်ားကို ထိန္းခ်ဳပ္ တည္ၿငိမ္ေရးအတြက္ စစ္ေကာင္စီက ထိုင္းစစ္တပ္ႏွင့္ အစဥ္အၿမဲ အခ်ိန္တိုင္း အနီးကပ္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*